အိုဘယ့် AI

ဟိုးတုန်းက ဖုန်းတွေပေါ် ကိုယ်တွေမြန်မာစာလေးမမြင်ရလို့ မြင်ရအောင်လုပ်ပီးဆို အထူးအဆန်း အောင်မြင်မှု တစ်ခုအနေနဲ့ပျော်ကြသည် ရွှင်ကြသည်ပေါ့ ဒီဖီလင်လေးက အခုထိရှိနေတုန်းပါဘဲ

အခုအချိန်မှာလဲ အများသုံးနေတဲ့ ဇော်ဂျီပုံစံနဲ့ စာစီထားတဲ့ မြန်မာစာကို မြင်ရပီဆို အောင်မြင်မှုတစ်ခုအနေနဲ့ပျော်ရွှင်ကြရပါတယ်၊
အားလုံးလိုလိုကလဲ ဇော်ဂျီနဲ့ရေးတာဆိုတော့ စာတွေလဲမမှား အတည့်မြင်ကြတော့ ပျော်လိုက်တာမမှားပါဘူး

ဒါပေမယ့်
ဇော်ဂျီကပေးတဲ့ခဏတာပျော်ရွှင်မှုလေးနဲ့ လဲလိုက်ရတဲ့ ဘဝတာ
နာကျင်မှုတွေဟာ မထင်မှတ်လောက်အောင် များပြားတယ်လို့ အမှန်တကယ်သိမြင်ချိန်မှာ 
​ပျော်ရွှင်မှုဆိုတာဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ခြင်းမလှ ကွယ်ပျောက်ပီး
တကယ်တမ်းတော့ ထိတ်လန့်စရာပါလား စိုးရိမ်စရာပါလားဆိုတာ သိမြင်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး၊ 
ဒါနဲ့ဘဲ အများက ရင်နာနာနဲ့ ပျော်ရွှင်မချိပြုံးလေးဘဲ ပြုံးလိုက်ကြပါလိမ့်မယ်၊ ဟုတ်တယ်လေ ကူရာကယ်ရာမဲ့ ဘဝတွေကိုး

အဲလောက်တောင်ဆိုးလား
အဲဒီဆိုးတာထက်ပိုတယ်ဆိုတာဘဲဆိုတဲ့ အဖြေဘဲရှိပါတယ်

ရရစ်တွေပို ယပင့်တွေပို 
အို ဒါလေးပိုတာများကွယ် ဒို့ကတော့ သည်းခံနိုင်တယ်
စာလဲမှန်နေတာဘဲ သူဟာသူဘယ်လောက်ပိုပို ပိုထည့်ပေးလို့ ကျေးဇူးများတောင်တင်ရပါသေးတယ် တချို့ကလဲ အဲလိုတွေးခြင်တွေးမိပါလိမ့်မယ်

တကယ်တော့ ပိုယူထားတဲ့ နေရာတွေက တိုင်းရင်းသား စာလုံးလေးတွေနေရာဖြစ်ပါတယ် တိုင်းရင်းသား ခဏထားပါ မြန်မာစာလုံးတင်ပိုယူထားလို့ 
စာစီမရဘူး ပြန်ရှာဖွေရမလွယ်ပါဘူး အဖြေမတိကျတော့ပါဘူး 
ဆိုတော့ ကျန်တဲ့ဘာသာတွေမှာ အကုန်အလုပ်လုပ်နိုင်တဲ့ စက်တွေရဲ့ တွေးဆနိုင်မှု မြန်မာလို သုံးမရနိုင်တော့ပါဘူး အဖြေပေါက်ကရဘဲ ထွက်ပါလိမ့်မယ် ရှင်းရှင်းလင်းလင်း လုပ်ငန်းဆောင်တာလေးတွေတောင် ဆောင်ရွက်နိုင်မယ် မဟုတ်ပါဘူး

ဥပမာ မန္တလေးက ရပ်ကွက်တစ်ခုက ဘကြီးဖြိုးဆီ ဒရုမ်းနဲ့ ပါဆယ်
ပို့ခိုင်းတယ်ဆိုကြပါစို့ ( ဒရုမ်းဘဲပျောက်ချင်ပျောက်သွားမယ် 
ရောက်မယ်မဟုတ်ဖူးရယ်) (အမေဇုံစတိုးက နောက်ပိုင်းပစ္စည်းဝယ်ရင်  ဒရုမ်းနဲ့ ပို့ဖို့ရာကြံဆနေပါပီ ရုပ်ရှင်တွေထဲကလိုပေါ့)
ဘာလို့ ဆို မန္တလေးတစ်ခုထဲကို ဇော်ဂျီစာရေးပုံနဲ့ဆို အမျိုးအစားပေါင်း ရာချီရှိနေလို့ပါ ဘကြီးဖြိုးလဲ ထိုနည်းလည်းကောင်းပါဘဲ
ရရစ် ၂ မျိုး လုံးကြီးတင် အရင်ရေးတဲ့ ဖြိုးလား တစ်ချောင်းငင်ပီးမှ လုံးကြီးတင်မယ့်ဖြိုးလား နဲ့ ဒါနဲ့ဘဲ ဆိုင်ကယ်ကယ်ရီတွေပေါပါတယ်
နဲ့ ဆိုင်ကယ်ကယ်ရီနဲ့ အလုပ်ဖြစ်သွားပါတယ် ထားပါရတယ် ဒါပေမယ့် ဆိုင်ကယ်မောင်းတော့ အိပ်ဇောကအငွေ့ထွက် ရှုမိသူကျန်းမာရေးထိ ဖန်လုံအိမ်အာနိသင်တိုးပါတယ် ဒါလဲ ထားပါလေ 
တို့က မာသည်ပါဘဲ၊ ကြံဖန် ရရစ် လုံးကြီးတင်ပိုတာ အစီအစဉ်မတည့်တာလေး ပြဿနာ ရှာတယ်ဘဲထားပါလေ😂

- AI 
သူက လူတစ်ယောက်လို တွေးနိုင်တဲ့ စက်လို့ဆိုရင်မမှားပါဘူး
တွေးပီဆိုကထဲက ကုန်ကြမ်းတွေလိုပါပီ
ကုန်ကြမ်းက စာပေတွေပါဘဲ ပီကာဆိုရဲ့ စာကြောင်းလေးကို ဖတ်ပီး သူအခြေပြုတွေးပါမယ် မနေ့က စတော့စျေးကွက်ကို အခြေခံမယ် သမီးလေးရဲ့ ကျန်းမာရေး ဒေတာရလာဒ်တွေကို အခြေခံမယ် စသည်ပါ ဆိုတော့ သူလဲအားကိုးစရာဆိုလို့ ဖေ့ဘုတ်ပေါ်ဘဲတက် ဖရင့်တွေဘာတွေဖွဲ့ ဖရင့်တွေရေးတာတွေ မှတ်သား သင်ယူတွေးပါလိမ့်မယ် ပီး 
ပြန်ပီး လိုအပ်တာအကြံပြုကူညီမယ်ပေါ့ ကိုယ်တွေ ဇော်ဂျီနဲ့တွေ့ပါပီ
အဖြေကတော့ ရှင်းပါတယ် ဒီAI မှ မရူး ဘယ်သူရူးမလဲပါဘဲလို့လေ😂 အဲကြတော့လဲ ဒါမှတို့ဇော်ကွတို့ ဘာတို့ လက်ခမောင်းတို့ ဘာတို့ ထခတ်ကြတာပေါ့လေ😂
Min Thike

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ