Skip to main content

Movie File Size နှင့်ပတ်သက်သည့်အချက်အလက်များ

 Movie များ Download လုပ်ရာတွင် တချို့ Website များတွင် 4GB 4K Movie များရှိပြီး တချို့တွင် 20GB, 60GB စသဖြင့်အမျိုးမျိုးရှိနေသည်။ အဘယ်ကြောင့် Size ကွာရသနည်း အမေးများသဖြင့်  Movie File Size များနှင့်ပတ်သက်၍ သီးခြား Post တင်လိုက်ပါသည်။ "Movie File ဆိုင်ရာ အချက်အလက်များ" Post ၏ နောက်ဆက်တွဲဖြစ်ပါသည်။ 


ကျနော်တို့ Movie များ Download လုပ်ရာတွင် Movie File ၏ Size သည် အရေးကြီးသည့်အချက်ဖြစ်သည်။ File Size ကြည့်ပြီး Download လုပ်မလုပ် ကို ဆုံးဖြတ်ရတတ်သည်။ Internet Speed 10 Mbps တွင် Full Download ကျသည့် ပမာဏက တနာရီ 4.5 GB ခန့်ဖြစ်သည်။ Torrent မှ Download လုပ်ပါက Upload ပါ လုပ်ပေးနေသောကြောင့် တနာရီ 4GB လောက်သာရတတ်သည်။ ထို့ကြောင့် 10Mbps Internet Speed တွင် 10GB Movie Size အတွက် ၂ နာရီခွဲလောက်ကြာတတ်ပါသည်။ { အကြမ်းတွက်နည်းက [(File Size x 2.5) ÷ Speed] ဖြစ်သည်။ ဥပမာ 60 GB Movie ကို 24 Mbps Speed တွက်လျှင် [(60 x 2.5) ÷ 24 ] = 6.25 (၆ နာရီ ၁၅ မိနစ်) ခန့် ကြာမည် }။ Torrent တွင် Seeder နည်းပါက ပိုကြာမည်။ 


Movie File ကို Movie ၏ ရုပ်/အသံ အရည်အသွေး၊ File Size, Download လုပ်ရန်ကြာမည့်အချိန်နှင့် ရွေးချယ်ရသည်။ Movie File Size က ရုပ်/အသံ တို့၏ Resolution <-> Bitrate, Audio, Encoder, FPS တို့အရ ကွာခြားကြသည်။ 




◾Video - Resolution <-> Bitrate

Movie File Size တွင် Resolution နှင့် Bitrate တို့သည့် File Size အတွက် အဓိကအချက်ဖြစ်သည်။ တခုနှင့်တခု အညမည ဆက်သွယ်နေ၍ တွဲ၍စဥ်းစားရပါသည်။ Resolution အမျိုးမျိုး - 720p, 1080p, 4K နှင့် Bitrate အနိမ့်/အမြင့် စသဖြင့် ရှိနိုင်သည်။ Low Resolution 720p, 1080p တို့တွင် High Bitrate က ပိုကြည်သော်လည်း Bitrate မြင့်လေကောင်းလေတော့မဟုတ်ပါ။ အတိုင်းအတာတခုထက်ကျော်လွန်သွားပါက မသိသာတော့ပါ။ 4K Resolution တွင် Low Bitrate က ရုပ်ထွက်ဝါးမည်ဖြစ်သော်လည်း Bitrate မြင့်လာပါက ရုပ်ပိုကြည်လာမည်။ 







◾Audio 

Movie File ၏ အသံစနစ်အရလည်း File Size ကွာနိုင်ပါသည်။ Dolby Digital AC3 5.1 အသံသည် 384 Kbps မှ 768 Kbps အထိရှိသည်။ Dolby True HD (Dolby Atmos လည်းထိုနည်းတူ) က 6000 Kbps အထိရှိတတ်သည်။ DTS က 1536 Kbps အထိ၊ DTS HD Master Audio (DTS-X အပါ) က 4000 Kbps မှ 6000 Kbps အထိရှိနိုင်၏။

၂ နာရီကြာသော Movie တွင် Dolby Atmos Sound Track က 4 GB ခန့် ရှိပါသည်။ DTS-X Sound Track ကလည်း4GB  ရှိမည်။ Dolby Digital 5.1 Sound Track က 329 MB, DTS Sound Track က 700 MB ရှိသည်။ 



◾Compression Codec

Movie အတွက် Video Size က Comoression Codec ပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။ Video Quality တူလျှင် Xvid/Divx တို့ထက် X264 က Size တဝက်နီးပါးပိုနည်းပါသည်။ X265 က X264 ထက် Size တဝက်ခန့် ပိုနည်းပြန်သည်။ ထို့ကြောင့် Download လုပ်မည်ဆိုပါက X265 သည် Size အသေးဆုံး နှင့်  Quality ပိုကောင်းသည်ကို ရမည်။ 




◾FPS

Movie File တို့၏ တစက္ကန့်တွင်ပြပေးသည့် ပုံရိပ်အရေအတွက်ကို Frame per Second နှင့်ပြပေးသည်။ Mivie အများစုက  24 Fps သာရှိတတ်သည်။ တစက္ကန့်တွင် ပုံရိပ် 24 ခု သုံးပြီး ရုပ်ရှင်ကို ထုတ်ထားခြင်းဖြစ်သည်။ အနောက်နိုင်ငံတွင် High Frame Rate Movie တချို့ကို ပွဲထုတ်လာကြသည်။ ဥပမာ Hobbits Movie များ 48 Fps, Gemini Man 60 Fps တို့ဖြစ်သည်။ ရိုးရိုး 24 Fps အစား 50 Fps, 60 Fps, 120 Fps တို့နှင့် ပြသပေး၍ ရုပ်ရှင်ကြည့်ရခြင်းက ပိုချောမွေ့သည်ဟာခံစားရသည်။ အထူးသဖြင့် အမြန်လှုပ်ရှားသော Scene တွင် ပိုသိသာသည်။ 

HFR (High Frame Rate) Movie များကို စမ်းကြည့်ချင်ပါက Rarbg တွင် Gemini Man 2019 (60 Fps), Namibia The Spirit of Wilderness 2016 (50 Fps) တို့ရှိကြသည်။ High Frame Eate Movie များကို Rarbg တွင် HFR ဟု Resolution အနောက်တွင် အမည်ပေးထားသည်။  ဥပမာ - Gemini.Man.2019.1080p.HFR.BluRay.x264.DTS-HD.MA.7.1-SWTYBLZ

Movie File Size အတွက် 48 Fps Movie ဆိုပါက 24 Fps ထက် File Size ၂ ဆ ရှိသွားမည်။ 60 Fps ဆိုပါက တဆခွဲရှိမည်။ 


◾Multi Audio Track 

Movie တွင် Sound Language များလေ File Size ကြီးလေဖြစ်သည်။ ဥပမာ Movie တွင် English Language တွင် Dolby Atmos, DTS HD Master Audio, Dolby Digital 5.1 - အသံ Sound Track ၃ ခုပါပါက အသံအတွက်ပင် 8GB နီးပါးရှိမည်။ တခြား Language များပါရှိပါက အသံအတွက် 10GB အထက် ရှိသွားမည်။ REMUX Movie များတွင် Language အစုံ ပါသည့်အချက်က File Size ကြီးရခြင်း၏ အကြောင်းရင်းတခုဖြစ်သည်။ 


Movie File တခုတွင် Video, Audio, Subtitle နှင့်ပတ်သက်၍ တပိုင်းချင်း၏ Size များကို Rarbg တွင် Mediainfo တွင် ကြည့်နိုင်ပါသည်။ Movie File Size ကို Video Data က အဓိက အဆုံးအဖြတ်ပေးပါသည်။ File Size ၏ 80% လောက်ရှိတတ်သည်။ အသံက 20% ရှိတတ်သည်။ Subtitle အတွက်က 1 MB အောက်သာရှိပါသည်။ 

Movie File Size ကို ရွေးချယ်ရာတွင် File Size ကြီးလေ ရုပ်/အသံကောင်းလေ ဖြစ်တတ်ပါသည်။ Movie File Size ငယ်လွန်းပါက (4GB ဆိုပါစို့) ရုပ်ထွက်က Low Bitrate ကြောင့်ဝါးနေပြီး အသံကလည်း Dolby Digital 5.1 လောက်သာဖြစ်နေလိမ့်မည်။ ၎င်း File Size Movie များက 1080p TV ကို အရင်ခေတ် 5.1 System နှင့်သာ သင့်တော်မည်။ Atmos System ကို 4K HDR TV နှင့်ကြည့်ရန် Movie File Size ကြီးလေ Quality ကောင်းလေဖြစ်ပါသည်။ သို့သော်လည်း File Size ကြီးလွန်းပါကလည်း (ဥပမာ 60GB+) ပိုကောင်းလာသော Quality က သိပ်သိသာမည်မဟုတ်တော့ပါ။ Download လုပ်ရန် Sweet Spot ဖြစ်သည့် 20~30 GB X265, 4K HDR, Dolby True HD Atmos, Englisg Languade Only Movie များသည် အသင့်တော်ဆုံးဖြစ်ပါမည်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________