Skip to main content

စာပိုဒ်တချို့

 အပိုဒ် ၁

ပျော်ခဲ့ရတဲ့ နေ့တွေ

မင်းမျက်လုံးတွေက အမြဲတမ်း အရည်လဲ့နေတယ်။
မင်းနှုတ်ခမ်းလေးတွေက အမြဲတမ်း ပိတ်ထားပြီး အံကြိတ်နေတတ်တယ်။ 
မင်းဆံပင်လေးတွေက အရှည်နဲ့ ပိုလိုက်တယ်။ 

အပိုဒ် ၂

ငိုခဲ့တဲ့ ညတွေ

ငါဝန်ခံရမယ်ဆိုရင်
မင်းကဗျာတွေ ခိုးဖတ်မိရင်း ငိုခဲ့တဲ့ ညတွေရှိခဲ့တယ်။
ဒီကဗျာတွေရေးရင်းလည်း
ငါငိုနေခဲ့တယ် ဆိုတာသိတော့ ငါ့ကိုယ်တိုင် အံ့ဩနေခဲ့တယ်။

အပိုဒ် ၃ 

လွမ်းရတဲ့ ညတွေ
ညတွေမှာ ခြေလှမ်းတွေက တက်ကြွနေတယ်။
နှစ်ယောက်အတူပြန်ကြတဲ့ လမ်းက ညတိုင်းမီးပျက်တယ်။
မင်းကိုယ်အလေးချိန်ထက် ငါ့ကျောပိုးအိတ်က ပိုလေးတယ်။

အပိုဒ် ၄


ဇာတ်သိမ်း

ရုပ်ရှင်ဇာတ်ဝင်ခန်း တခန်းပေါ့။
မင်းသမီးက ပြောတယ်။
ရှင် ကျမကို ရရင်ရမယ်
ကျမ နှလုံးသားကိုတော့ ရမှာ မဟုတ်ဘူး တဲ့။
ရုပ်ရှင်မဟုတ်တဲ့ ပစ္စုပ္ပန် မှာတော့
မင်းက ငါ့နှလုံးသားကို အပိုင်သိမ်းသွားခဲ့တယ်။ 

အပိုဒ် ၅

Post Credit 

ငါက မင်းအတွက်မဟုတ်ခဲ့တာလေး တခုပဲ။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________