Skip to main content

Posts

CipherText

  အင်တာနက်ကဖြတ်တော့မယ်လို့ပဲ ပြောနေတုန်းရှိသေး နေ့လည် တနာရီမှာ ဖြတ်သွားတယ်။ အဲ့တော့ sms ကနေ သတင်းဖလှယ်ဖို့ ကျတော့ ကြားဖြတ်ပြီး ကြည့်နေမှာကို စိုးရိမ်နေရတယ်။ အဲ့တာနဲ့ ဒီ app လေး ကို ကိုဇေယျ က လုပ်ပေးတယ်။ ဒီကောင်က စာတွေ ကို encrypt လုပ်ပေးတယ် decrypt လုပ်ပေးတယ်။ decrypt လုပ်ဖို့ key ကို သိမှ ရမယ်။ key ကို ကိုယ့်လူ အချင်းချင်း ကြိုပြောထားပေါ့။ Encrypt လုပ်မယ်ဆို အရင်ဆုံး key ထည့်၊ ပြီးရင် ရေးချင်တဲ့ စာကို ရေး၊ ပြီးရင် encrypt ခလုတ်ကို နှိပ်လိုက်ရင် ရပြီ။ encrypted လုပ်ပြီးသား text တွေကို auto copy လုပ်ပေးထားတယ်။ ပို့ချင်တဲ့ဆီ ( ဥပမာ SMS ) paste တန်းလုပ်ယုံပဲ။ SMS နဲ့ ပို့မယ်ဆို unlimited sms package နဲ့ မှ အဆင်ပြေမယ်။ ဒါပေမယ့် သတင်းအတွက်ဆိုတော့ စာကို လိုတိုရှင်းပို့တာ အဆင်ပိုပြေမယ်။ ဒီအတိုင်း စာ အရှည်ကြီးနဲ့ chatting လို ပို့နေလို့တော့ အဆင်မပြေဘူး။  Ooredoo ကတော့ sms 9 စောင် အထိ အရှည်ပို့လို့ရတယ်။ ကျန်တဲ့ operator တွေတော့ မရှိတော့ မစမ်းရလို့ မသိဘူး။ Click Here to Download

ဒစ်ဂျစ်တယ် စာအုပ်စင်

 Quarantine ဝင်နေရင်း အလုပ်မရှိ ပျင်းလာတာနဲ့ လက်ထဲလည်း ငွေယားလေး ရှိနေတုန်းဆိုပြီး အရင်ကတည်းက လုပ်ချင်နေတဲ့ မြန်မာ ebook တွေ အတွက် website လေး တစ်ခု လုပ်ဖြစ်သွားတယ်။ hosting ကတော့ Digital Ocean က တစ်လကို 5$ မို့ မတတ်နိုင်တာနဲ့ ကိုယ်တတ်နိုင်တဲ့ shared hosting မှာပဲ တင်ဖြစ်တယ်။ Hositng နဲ့ domain ဖိုးက တစ်နှစ်ကို ၆ သောင်း လောက်တော့ ကျသွားတယ်။ Web Dev ကတော့ ဘော်ဒါထဲက တစ်ယောက်ကို လည်ပင်းညှစ် ဈေးလျော့ခိုင်းပြီး လုပ်ခိုင်းရတော့တာပဲ။ လုပ်သာ လုပ်တာ လုပ်ချင်စိတ်တစ်ခုပဲ ရှိတာ အဲ့ဘက်က နည်းပညာတွေ အခေါ်အဝေါ်တွေ ကိုယ်တစ်ခုမှာ မသိဘူး နားမလည်ဘူး အကျွမ်းမဝင်ဘူးရယ်။ စစချင်းမှာပဲ host က redirct ပြဿနာတက်ပြီး ဝင် ရလိုက် မရလိုက်ဖြစ်လို့ အသိ web dev အကိုတွေကို အကူအညီတောင်းလိုက်ရသေးတယ်။ သူတို့ ကူညီပေးလိုက်မှ ပြန်ရသွားတယ်။  ဒီ website launch လုပ်ပြီး မကြာခင်မှာပဲ "အမတ နှင်းဆီ စာပေ" က စပြီး ပွဲဦးထွက် digital version နဲ့ စာအုပ်ရောင်းတယ်။ နောက်ဆို မြန်မာစာအုပ်တွေကို တရားဝင် digital version နဲ့ မြင်ရတော့မယ်။ ခုလို website လုပ်ရတာတောင် တကယ်တော့ copy right နဲ့ ငြိနေတယ် ဆိုတာ သိတော့ နည်းနည်းတော့ ကျောချမ်းတယ...

နွေဦးတော်လှန်ရေး သတင်းစဉ်များ

 အရင်ကလို နွေဦးတော်လှန်ရေး သတင်းစဉ်တွေကို တစ်ပါတ်ကို post တခု တင်နေရင်းကနေ အလုပ်ရှုပ်လာတာကြောင့် post တစ်ခုတည်းပဲ ထားတော့မယ် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် သိမ်းထားတဲ့ MD file တွေကို ပဲ ဒီ post မှာ လာတင်မယ် update လုပ်တော့မယ်။ တစ်ပါတ်စာကို MD file တခုပေါ့။ နဂိုကတည်းက သတင်းစဉ်တွေက ဖတ်ဖို့ ဆိုတာထက် သိမ်းဖို့ ကို ဦးစားပေးခဲ့တာမို့ရယ်၊ နောက်ပြီး ဖတ်တဲ့ သူလည်း သိပ်မရှိဘူး ထင်လို့ ခုလို လုပ်လိုက်တာပါ။ ကျွန်တော် md file တွေကို Google drive ပေါ် တင်ထားပါတယ်။ အဲ့ကနေ သွားယူလို့ရပါတယ်။ Google Drive Link

နားဇိမ်ခံခြင်း

I.E.M ဝယ်ချင်နေတာ ကြာပြီ။ ဘာလို့ ဝယ်ချင်လဲ ဆို တော့ ဘာမှန်း မသိလို့ ဝယ်ချင်နေတာ။ အဲ့လိုနဲ့ မနှစ်က မွေးနေ့မှာ ကိုယ့်ဟာကိုယ် လက်ဆောင်ပြန်ဝယ် ပေးလိုက်တယ်။ ဝယ်တော့လည်း ဘာအမျိုးအစားဝယ်ရမယ်လည်း မသိဘူး။ ဘာက ဘယ်လို ရှိတယ်ဆိုတာလည်း မသိဘူး။ အဲ့တာနဲ့ ကိုယ်တတ်နိုင်တဲ့ ငွေ amount ထဲက ဈေးအနည်းဆုံးဟာ ကို ရွေးဝယ်မိလိုက်တယ်။ I.E.M ဝယ်ရင်း မထူးပါဘူးလေဆိုပြီး D.A.P ( Digital Audio Player ) ပါ ဝယ်ဖြစ်သွားတယ်။ ဟိုး ပြီးခဲ့တဲ့ နှစ်တွေကတည်းက Sony Walkman လေး လိုချင်နေတာ ပိုက်ဆံ မရှိတာနဲ့ မဝယ်ဖြစ်တာရော၊ နိုင်ငံခြားကနေ ဝယ်ပြီး သယ်လာပေးမယ့် သူ မရှိတာရော နဲ့ မဝယ် ဖြစ်ခဲ့ဘူး။ အဲ့တာနဲ့ပဲ Fiio M6 နဲ့ Fiio FD1 အတွဲ ကို ဝယ်ဖြစ်သွားတယ်ပေါ့။ သောတအာရုံကို စာနဲ့ ရေးပြရတာ အတော်တော့ မလွယ်ဘူးရယ်။ ဒီကောင်တွေနဲ့ သီချင်းနားထောင်ရင် သီချင်းတွေကို အီဆောင့်နေအောင် နားထောင်ရတာပေါ့ လို့ပဲ ပြောနိုင်တယ်။ လုံးဝ အနှစ်အရသာ အပြည့်ကို နားထောင်ရတာမျိုးပေါ့။ ဒီကောင်တွေနဲ့ နားထောင်ပြီးရင် ကျန်တဲ့ ဖုန်းနဲ့ နားထောင်တာတို့ ဘာတို့က အတော်ကို ပေါ့သွားတာ။ ပေါ့သွားတယ် ဆိုတာထက် ဘာမှ ကို မတူတော့တာ။  M6 ကို သေးတယ် ပြောတော့ ကျွန်တော် ပထမဆုံး ဝယ်ခဲ့တ...

Wireless file transfer between PC & Android

Android ဖုန်းနဲ့ Mac OS ချိတ်ပြီး ဖိုင်တွေ အရွေ့အပြောင်းလုပ်ရတာ အတော် တိုင်ပတ်တာ။ Android က ထုတ်ပေးထားတဲ့ Android file transfer က လည်း တခါတလေ ကြောင်တောင်တောင်နဲ့ battery က စားသေးတယ်။ ပြီးတော့ ကြိုးတန်းလန်းနဲ့ Thunderbolt 2    ပေါက်တည်းပါတဲ့ macbook နဲ့ တွေ့တော့ အတော်ကို အဆင်မပြေတာတွေပေါ့။ အဲ့တာနဲ့ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားရင်း ဒါလေးကို သွားတွေ့တယ်။ သုံးကြည့်တော့လည်း အတော် အဆင်ပြေတယ်။ MacOS မှ မဟုတ်ဘူး။ တကယ်တော့ ဘယ် Desktop OS နဲ့ မဆို ရတယ်။ Window, Linux လည်း ရတာပဲ။ Click Here to download for Android Android ဖုန်းမှာ app ထည့်လိုက် ပြီးရင် အလယ်က ခလုတ်ကို နှိပ်လိုက်။ ပြီးရင် သူပြထားတဲ့ address ကို safari မှာ ရိုက်လိုက်တာနဲ့ wireless file transfer လုပ်လို့ရပြီ။ ကြိုးနဲ့ ထက်တောင် ပိုမြန်သေးတယ်။ Android File Transfer မှာ ဆိုရင် ပုံတွေ ကို thumbnail တောင် မမြင်ရဘူး။ ဒီမှာ မြင်ရတယ်။ Transfer speed ကလည်း ကြိုးနဲ့ထက်ကို ပိုမြန်တယ်လို့ ခံစားရတယ်။ ကြိုးနဲ့ file transfer လုပ်ရင် တခါတလေ ရပ်ရပ်သွားတာတွေ ရှိတယ်။

မွန်ကီးဘုတ် For PC

 PC အတွက် မွန်စာ ရိုက်စရာ ရှိလို့ လိုက်ရှာရင်းတွေ့တာလေး ပြန်မျှပေးထားတာပါ။ Window နဲ့ Mac အတွက်ပါ။ Linux အတွက် တွေ့ရင် ထပ်မျှပေးပါဦးမယ်။ YouTube က video မှာ ပါတဲ့အတိုင်း install လုပ်ယုံပါပဲ။ file တွေကိုလည်း description မှာ ပေးထားပါတယ်။ Aug-31,2020 up dated ပလေဝ်လဝ်တၟိ သ္ပ install စမ်ရံၚ်ညိ။   #Mac Link #သွက်Window 10  Link  #တင်ဟွံပြေပြံင်တံဂှ် သ္ပလဝ် commend မာန်ရောင်၊ ဟွံသေင်မ္ဂး ပလံင်လိက်ကဵု gmail မာန်ရောင်။

The abandoned cities

 ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ ရန်ကုန်ဟာ မြို့ပျက်ကြီး တစ်ခုဖြစ်သွားခဲ့ပြီ။ အရာရာဟာ ခြောက်သွေ့၊ လမ်းမပေါ်မှာ ကားတွေတချို့နဲ့ မီးပွိုင့်မှာ ဈေးရောင်းတဲ့ ကလေးတချို့ပဲ ရှိတယ်။ ရုံးပိတ်ရက်ဆိုရင် စည်ကားတဲ့ မြန်မာပလာဇာ မှာကိုပဲ ဝါဆိုလပြည့်နေ့ ကြီး လူ မရှိပဲ ခြောက်ကပ်နေတယ်။ City Mart မှာလည်း လူတွေ panic buying လုပ်နေကြတာ အများကြီးပဲ။ ပိုက်ဆံရှိလူတန်းစားတွေပဲ နင်းကန်ဝယ်နေကြတာ။ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေကျတော့ ဝယ်စရာ ပိုက်ဆံကို မရှိလို့ ဘာတွေ ဝယ်စား ဘယ်လို နေကြသလဲ လို့ စိတ်ပူနေမိတယ်။ အလုပ်တွေလည်း ပိတ်ထားကြရတယ်။ ကိုဗစ်နှိပ်စက်လို့ ကိုဗစ်မကူးရင်တော်ပါပြီ ဝင်ငွေမရှိလည်း နေနိုင်ပါတယ် ဖြစ်ကုန်ကြတယ်။ နေ့စား အလုပ်သမားတွေ အများကြီး ( အများကြီး ဆိုမှ အများကြီး ) အလုပ်လက်မဲ့ဖြစ်သွားကြတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု့တွေလည်း ထွက်ခွာသွားကြတော့ အဲ့ကနေ အလုပ်လက်မဲ့ဖြစ်တဲ့ နှုန်းကလည်း မြင့်တက်လာတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးလာတယ်။ နိုင်ငံခြား company တွေကလည်း ထွက်ကုန်ကြတော့ အဲ့မှာ အလုပ်လုပ်တဲ့သူတွေကလည်း မြန်မာနိုင်ငံက ထွက်ဖို့ပြင်နေကြပြီ။ ပိုင်ဆိုင်မှု့တွေ များလာလေ စွန့်လွှတ်နိုင်ဖို့ ကြ...