Skip to main content

Posts

Note app for Cross-Platform

 MacOS နဲ့ Android ဖုန်း တွဲ သုံးပြီး note တွေ sync လုပ်ဖို့ ဆိုတာ တော်တော် တိုင်ပတ်တာပဲ။ အရင်က Google keep သုံးနေတာ။ Window နဲ့ Android မှာကျတော့ အဆင်ပြေတယ်။ MacOS မှာလည်း အဆင်တော့ပြေပါတယ်။ Laptop မှာကျ browser ကနေ တဆင့်သွားနေရတာ ကြာတော့ အလုပ်ရှုပ်လာတယ်လို့ မြင်လာတယ်။ အဲ့တာနဲ့ ဟို app စမ်းလိုက် ဒီ app စမ်းလိုက်နဲ့ နောက်ဆုံးကျတော့ Joplin ကို သွားတွေ့တယ်။ သူက သူ့ကိုယ်ပိုင် server တင်မကဘူး။ ရှိပြီးသား cloud တွေပါ sync အတွက် သုံးလို့ရတယ်။ ကျွန်တော်ကတော့ cloud sync အတွက် dropbox ကို သုံးတယ်။ ဟိုးအရင်ကတည်းက dropbox သုံးနေကျဆိုတော့ အဆင်ပြေတယ်။ ဒီမတိုင်ခင်က Craft ကို သုံးပေမယ့် ယှဉ်သုံးကြည့်တော့ Joplin က ပိုပြီး lightweight ဖြစ်တယ်။ ပြီးတော့ စောန ကျွန်တော်ပြောသလိုပဲ cross-platform ရတာ က ကျွန်တော့် အတွက် ပိုအသုံးဝင်တယ်။ Window, Linux, MacOS, Android, iOS အကုန် ရတယ်။ အကုန် sync လုပ်လို့ရတော့ platform အကုန် သုံးတဲ့ သူတွေဆို သုံးသင့်တယ်။ Import, export လည်း ရတယ်။ ကျွန်တော် craft က notes တွေ အကုန် markdown နဲ့ ထုတ်ပြီး Joplin ထဲ import လုပ်လိုက်တာ တမိနစ်တောင်မကြာဘူး။ ခုတော့ window, MacOS နဲ့ A...

နွေဦး ဒိုင်ယာရီ (၆)

အနုပညာကို ခံစားတတ်တဲ့ နှလုံးသား ဖြစ်အောင် လုပ်ပေးခဲ့တဲ့ သူတွေရော အမှန် အမှားကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာ ကို သင်ပေးခဲ့တဲ့ မိဘ နှစ်ပါးကိုရော ကနေ့ ကျေးဇူးတင်မိတယ်။ Idiots band က vocalist ကိုရေမွန် ငှက်ဖျားနဲ့ ဆုံးသွားတယ်။ တကယ်တော့ Cerebral malaria (ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ခြင်း) ဆိုတာက သေလောက်တဲ့ ရောဂါမဟုတ်တော့တာ ကြာပါပြီ။ ကုလို့ မရနိုင်တဲ့ ရောဂါမဟုတ်တော့တာ ကြာပါပြီ။ ငှက်ဖျားဆေးရှိရင် ကုလို့ ရနိုင်တဲ့ ရောဂါပဲဟာ။ တိုက်နယ်ဆေးရုံမှာတောင် ကုလို့ ရနိုင်တဲ့ ရောဂါ။ ကိုရေမွန် က ငှက်ဖျားကြောင့် သေရတာမဟုတ်ဘူး။ မိအောင်လှိုင်တို့ အာဏာရူးပြီး အာဏာသိမ်းလို့ သေရတာရယ်။ ဂစ်တာကိုင်ပြီး သီချင်းတွေ ဖန်တီးနေတဲ့သူတစ်ယောက် က တော်လှန်ရေးအတွင်းမှာ သေသွားတာ ဒင်းတို့ကြောင့်ပဲ။ လူတွေကသာ အနုပညာရှင် တစ်ယောက် ကြွေလွင့်လို့ ဝမ်းနည်းနေကြတာ။ စစ်ခွေးတွေကတော့ ဝမ်းနည်းဖို့ နေနေသာသာ အနုပညာဆိုတာ ဘာမှန်း ညာမှန်း သိကြတာမှ မဟုတ်ပဲ။ ဒီကောင်တွေကို ခွေးနဲ့ နှိုင်းရတာ တကယ်ဆိုရင် ခွေးတောင် နစ်နာသေးတယ်။ အိမ်ကခွေးကမှ သူ့သခင် ဆုံးသွားတော့ တပါတ်ကျော် တမှိုင်မှိုင် နဲ့ လွမ်းရဆွေးရ ဝမ်းနည်းရကောင်းမှန်းသိသေးတယ်။ ဒင်းတို့တွေက လူတွေ ...

Self Study

ငယ်ငယ်ကတည်းက ဒါကျက် ဒါဖြေ၊ အိမ်မှာဆို Guide ဆရာ၊ ပြီးတော့ ကျောင်း၊ ပြီးတော့ ကျူရှင် လုံးချာတွေလိုက်။ ဆရာ က သင်မပေးတော့ရင် မတတ်တော့ဘူးလို့ ခံစားလာရတာတွေ၊ ခူးပြီးခပ်ပြီးသားလေးတွေ စားနေကြဆိုတော့ ကိုယ်တိုင် မလုပ်တတ်တော့တာတွေ များလာတယ်။ Self study နဲ့ကျွန်တော်တို့နဲ့က အတော်ကြီး အလှမ်းဝေးသွားတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် အင်တာနက်ခေတ်မှာတော့ self study က အတော်လေးကို အလုပ်ဖြစ်ပါတယ်။ Covid က ကျွန်တော်တို့ကို ထိုင်ရာမထပဲ meeting တွေ လုပ်လို့ ရတယ်၊ သင်တန်းတွေတက်လို့ရတယ် ဆိုတာ ပြောပြသွားတယ်။ (တကယ်က အရင်ကတည်းက ရှိတာပါ။ မြန်မာမှာ လူသုံးနည်းကြတာ) Facebook ပေါ်က သင်တန်းဂရုတွေကိုကြည့်ပါ။ Facebookပေါ်မှာ ပညာရပ်အစုံ ဂရုအစုံ ရှိပါတယ်။ မသိရင် မေးလို့ရတယ်။ မသိတဲ့သူကို သိတဲ့သူက ပြန်ရှင်းပြတယ်။ comment ပြန်ပေးကြတယ်။ ဆိုပေမယ့် Facebook က မြန်မာမှာ လူသုံးများတဲ့ social media platform ဖြစ်နေတာကိုး။ Facebook ကို ဖယ်ပြီး ကျွန်တော်တို့ ကြည့်ကြည့်ရအောင်။  စာအုပ်ဖတ်တဲ့သူတွေအတွက်ဆို pdfdrive . com ရှိတယ်။ အဲ့မှာ လေ့လာစရာ ပညာရပ်ဆိုင်ရာ အတော်များများရှိတယ်။ တကယ်ဖတ်နိုင်မယ်ဆိုရင် ဖတ်စရာတွေမှ အများကြီးပါ။ pdf အ...

ဇွန်လ စတုတ္ထအပါတ် သတင်းစဉ်

 ၂၃.၆.၂၀၂၁ မြင်းခြံ ထ၄၊ ထ၂နှင့် ချောင်းဒေါင်းလမ်းဆုံအနီး အသံဗုံးပေါက်၊ စခများ ရမ်းသန်းပစ်ခတ် ဗုံးပေါက်မှုများကြောင့် မြို့အရှေ့ပိုင်း ထကျောင်းအနီး ကင်းများချ၊ BOC အနီးရခ ၂ကောင်အပစ်ခံရဟု သတင်းများထွက်နေ၊ အတည်မပြုပေးနိုင် မနေ့ညက ငါန်းဇွန်မြို့ မင်းနေရဲကင်းစခန်းကို zeroပျောက်ကျားအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်၊ရခ ၂ယောက်ခန့်သေ ငါန်းဇွန်မြို့နယ် သရက်ချိုပင်ရွာ၌ စခများဝင်မွှေ၊ ကင်းစခန်းတိုက် ခိုက်ခံရမှုနှင့် ဆက်စပ်နိုင်ဟု သုံးသပ်ကြ NUG ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း အိမ်ထောင်စုအဆင့် သတိပေးချက် အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန် တိုက်ပွဲ သတင်း မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားအနီးတွင် တိုက်ပွဲဖြစ်နေ၊ လက်နက်ကြီးသံများ ဆူညံနေပြီး စစ်ကောင်စီရဟတ်ယာဉ်သံပါ ကြားရဟုဆို ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ဆက် တရော်ကျင်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဘက်က အယောက် ၂၀ခန့်သေ CDF မင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား အချက် ၅ ချက်ကို သဘောတူထား ပင်လယ်ဘူးမြို့နှင့် ၅မိုင်အတွင်းမှပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် ပင်လယ်ဘူးPDF သတိပေးကြေညာ အခြားသော PDF များနှင့် ပူးပေါင်းကာ စစ်အုပ်စု တိုက်ခိုက်သွားမည်ဟု ရှမ်းပြည် တောင်ပိုင်း PDF က ထု...

Laptop buying guide

လက်ပတော့ ဝယ်ရင် ကြည့်စရာတွေကတော့ အများကြီးပဲ။  CPU ကြည့်ရတယ်။ CPU မှာက intel နဲ့ AMD ဆိုပြီး CPU ထုတ်တဲ့သူ ၂ ယောက်ရှိတယ်။ လူသိများ လူသုံးများတာကတော့ intel ပေါ့။ ခုနောက်ပိုင်း AMD ရဲ့ Ryzen တွေလည်း အတော်မိုက်လာပြီလို့ ပြောတယ်။ ကျွန်တော်တော့ မသုံးဖူးသေးဘူး။ ဒီ CPU တွေ အကြောင်းကို ပြောတဲ့အခါ ယေဘူယျ ပြောလို့ပဲ ရမယ်။ တအားကို detail ကျကျ ပြောမယ် ဆို ပြောလို့ ပြီးတော့မှာ မဟုတ်ဘူး။  i3, i5, i7 တို့ဆိုတာ CPU model တွေ။ နောက်ထွက်တဲ့အထဲ i9 ပါ ထွက်တယ်။ သုံးတဲ့သူတော့ သိပ်မမြင်သေးဘူး။ i7 > i5 > i3 လို့ ပြောလို့ရတယ်။ i7 က အကောင်းဆုံးပေါ့။ အကောင်းဆုံးဆိုတာ ယေဘူယျ ပြောတာပဲရှိသေးတာ။ detail ကျ ကျွန်တော်လည်း မသိဘူး။ အဲ့တာကိုမှ CPU speed ကို ကြည့်ရသေးတယ်။ 3.2GHz ဆိုတာ CPU speed ပေါ့။ i3 CPU 3.2 GHz က i3 CPU 1.6 GHz ထက် ပိုမြန်တယ်ပေါ့။ ဒီနေရာမှာ မြန်တယ် ဆိုတာ ကွန်ပျူတာ အလုပ်လုပ်တာကိုပြောတာ ဆိုပေမယ့် CPU တခုတည်း အပေါ်မှာတင် မဟုတ်ပဲ တခြားဟာတွေအပေါ်လည်း မူတည်သေးတယ်။ CPU ကို ကြည့်တဲ့နေရာမှာ Generation ကလည်း အရေးကြီးတယ်။ Generation ပေါ့။ i3 (3rd Gen) ထက် i3 (10th Gen) က ပိုမြန်တာပေါ့။ စောနက i7 က အ...

ဇွန်လ တတိယပါတ် သတင်းစဉ်

 ၁၆.၆.၂၀၂၁ မြင်းခြံ အမှတ်(၇/ခ)မှ နေအိမ်တစ်အိမ်သို့ ရခများ ဝင်ရှာ။ကားဖြူတစ်စီး၊အရပ်ဝတ်ဆိုင်ကယ်အချို့နှင့်ရပ်ကွက်ထဲပတ်နေ လယ်သစ်ရွာ ငွေကြယ်ဖြူစက်သုံးဆီဆိုင် ပေါက်ကွဲမူဖြစ်ပွားခဲ့ ယမန်နေ့ညက အမှတ်၁၅ ရပ်ကွက် ၊ SP ရုံးနား ဗုံးပေါက်ကွဲခဲ့ ယမန်နေ့က ကွမ်းစိုက်ရွာမှ ဒလန်တစ်ဦး ဓားထိုးခံရ ကွမ်းစိုက်ရွာ စခများဝင်မွှေ။အယောက်(၅၀)ကျော်အဖမ်းဆီးခံရပြီး၊ကျန်ရွာသူရွာသားများထွက်ပြေးနေရ အနိမ့်ကျေးရွာတွင် စကစခန့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ပျူစောထီးအဖွဲ့အား လက်နက်များပေးအပ်ပြီးဖြစ်၍ ည(၈)နာရီနောက်ပိုင်းမထွက်ကြရန် လော်စပီကာဖြင့်အော်ပြောကြေငြာ၊ ထွက်ခဲ့သော် ပစ်သတ်မည်ဟု ယနေ့ ညနေက ခြိမ်းခြောက်ကြေငြာသွား EAO&တိုက်ပွဲ သတင်း ကွတ်ခိုင် လရှီမန်မောဝ် လွယ်ကြော့အနီး မနေ့က ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်အား MNDAA မှ တိုက်ခိုက် ကရင်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခထပ်မံမဖြစ်ပွားရေး ဆွေးနွေး မင်းကင်းမှာ ပစထက စကစကို စစ်ကူပေး၊ Facebook မှာပုံတွေပြန့်ခဲ့လို့တပ်ဆုတ်ခဲ့ရဟု PDFထုတ်ပြန် ကွတ်ခိုင် ကုန်းဆာမှာ စကစနဲ့KIA၊ လွယ်ကန်မှာ စကစနဲ့MNDAA၊TNLAတို့ တိုက်ပွဲဖြစ် လူမှုကွန်ရက်၌ ပုံများပြန့်ခဲ့သဖြင့် တပ်ပြန်ဆုတ်ရဟု မင်းကင်းP...