Skip to main content

Laptop buying guide

လက်ပတော့ ဝယ်ရင် ကြည့်စရာတွေကတော့ အများကြီးပဲ။ 
CPU ကြည့်ရတယ်။ CPU မှာက intel နဲ့ AMD ဆိုပြီး CPU ထုတ်တဲ့သူ ၂ ယောက်ရှိတယ်။ လူသိများ လူသုံးများတာကတော့ intel ပေါ့။ ခုနောက်ပိုင်း AMD ရဲ့ Ryzen တွေလည်း အတော်မိုက်လာပြီလို့ ပြောတယ်။ ကျွန်တော်တော့ မသုံးဖူးသေးဘူး။ ဒီ CPU တွေ အကြောင်းကို ပြောတဲ့အခါ ယေဘူယျ ပြောလို့ပဲ ရမယ်။ တအားကို detail ကျကျ ပြောမယ် ဆို ပြောလို့ ပြီးတော့မှာ မဟုတ်ဘူး။
 i3, i5, i7 တို့ဆိုတာ CPU model တွေ။ နောက်ထွက်တဲ့အထဲ i9 ပါ ထွက်တယ်။ သုံးတဲ့သူတော့ သိပ်မမြင်သေးဘူး။ i7 > i5 > i3 လို့ ပြောလို့ရတယ်။ i7 က အကောင်းဆုံးပေါ့။ အကောင်းဆုံးဆိုတာ ယေဘူယျ ပြောတာပဲရှိသေးတာ။ detail ကျ ကျွန်တော်လည်း မသိဘူး။ အဲ့တာကိုမှ CPU speed ကို ကြည့်ရသေးတယ်။ 3.2GHz ဆိုတာ CPU speed ပေါ့။ i3 CPU 3.2 GHz က i3 CPU 1.6 GHz ထက် ပိုမြန်တယ်ပေါ့။ ဒီနေရာမှာ မြန်တယ် ဆိုတာ ကွန်ပျူတာ အလုပ်လုပ်တာကိုပြောတာ ဆိုပေမယ့် CPU တခုတည်း အပေါ်မှာတင် မဟုတ်ပဲ တခြားဟာတွေအပေါ်လည်း မူတည်သေးတယ်။ CPU ကို ကြည့်တဲ့နေရာမှာ Generation ကလည်း အရေးကြီးတယ်။ Generation ပေါ့။ i3 (3rd Gen) ထက် i3 (10th Gen) က ပိုမြန်တာပေါ့။ စောနက i7 က အကောင်းဆုံး လို့ ပြောခဲ့ပေမယ့် Gen အပေါ်မူတည်ပြီး ယှဉ်ရင် i3 (10th Gen) က i7 (3rd Gen) ထက် ပိုမြန်နေပြန်ရော။ 10th Gen ကတော နောက်ဆုံးထွက်ထားတဲ့ generation ပေါ့။ ကိုယ့် CPU က ဘယ် Gen လဲ ဆိုတာ အသေးစိတ် သိချင်ရင်တော့ wiki မှာ ရှာဖတ်ကြည့်။ 
နောက်တခုက Ram ပေါ့။ ခုနောက်ပိုင်း PC တွေကျ ram က အနည်းဆုံး 4GB ပါလာပြီ။ များလေကောင်းလေပေါ့။ Ram ကျတော့ multi tasking အတွက် လိုတာ။ သီချင်းဖွင့်ရင်း အင်တာနက် browser လည်း ဖွင့်ထားမယ်၊ download လည်း လုပ်မယ်၊ excel လည်း ဖွင့်ထားမယ်။ အဲ့လိုပေါ့ တပြိုင်နက်တည်း app တွေ အများကြီးဖွင့်ဖို့ဆို ram အများကြီးလိုမယ်။ဆိုတော့ များလေကောင်းလေပဲ။ 8GB လောက်ဆိုရင်တော့ လိုတာထက် ပိုလောက်တာပေါ့။ 4GB ကတော့ ပုံမှန်သုံးဖို့ လောက်ပါတယ်။ (စောနပြောထားသလိုပေါ့။ CPU ကတော့ model မြင့်တယ် ram နည်းနေပြန်ရင်လည်း ကွန်ပျူတာက နှေးမှာပဲ။) ကျွန်တော့် laptop မှာဆို Ram က 8GB စိုက်ထားတယ်။ အဲ့မှာကိုပဲ ကြည့်။ Browser မှာ facebook ဖွင့်ထားတာ က 500 MB ကျော် ယူနေတယ်၊ Google Doc ဖွင့်ထားတာက 500 MB ကျော် ယူနေတယ်၊ စုစုပေါင်း 1GB က အဲ့မှာတင် ကုန်ရော။ အဲ့တာကြောင့် Ram ကတော့ များလေကောင်းလေပဲ လို့ ဆိုရမယ်။





ဒီမှာဆိုရင် ကြည့်လိုက် Facebook တခုတည်းကိုပဲ browser မှာ ဖွင့်ထားတာ။ အဲ့ကောင်ကိုက 1.5 GB လောက်နေရာယူနေပြီ။ 



ပြီးတော့ HDD ပေါ့။ 500 GB တို့ 1TB (1000GB) တို့ ပါတယ်။ အဲ့ကောင်ကျ storage ပေါ့။ လက်ပတော့ထဲ ရုပ်ရှင်တွေ သီချင်းတွေ ထည့်ထားမယ်ဆို storage များတာ လိုမယ်။ 500 GB ဆိုရင်လည်း လောက်ပါတယ်။ ရုပ်ရှင်တွေကျ ဘယ်လောက် ထည့်ထည့် မလောက်ဘူးဆိုတော့ ခုနောက်ပိုင်း portable HDD လေးတွေပဲ သုံးလာကြတယ်။ ပြောစရာရှိတာက ခုနောက်ပိုင်း HDD တွေ နေရာမှာ SSD တွေ သုံးလာကြတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကထက်စာရင် SSD တွေက ဈေးသက်သာလာတာကြောင့်လည်းပါတယ်။ အဲ့ကောင်ကျတော့ size သေး သွားတဲ့အတွက် လက်ပတော့ တွေရဲ့ ဘော်ဒီက ပါးပါးလေးတွေ ဖြစ်သွားတယ်။ အလေးချိန်ကလည်း အတော်ပေါ့သွားတယ်။ ပါဝါစားတာလည်း လျော့သွားတော့ ဘက်ထရီ နဲ့ သုံးမယ်ဆို အချိန်ပို ခံတယ်။ HDD နဲ့ လက်ပတော့က ၅ နာရီ အားခံရင် SSD နဲ့လက်ပတော့က ၇ နာရီ အားခံတယ်။ အဲ့လိုပေါ့။ Performance ကျတော့လည်း SSD က ပိုသာတယ်။ 1GB file size ရှိတဲ့ ရုပ်ရှင်တကား ကို copy ကူးတယ် ဆိုကြပါစို့။ HDD က ၃ မိနစ် ကြာတယ်။ SSD ကျ ၃၀ စက္ကန့်လောက်ပဲ ကြာတယ်။ read write လုပ်တာ SSD က ပိုမြန်တာပေါ့။ ဒါ့ကြောင့်  ကွန်ပျူတာ ပါဝါဖွင့်တာ ကြာတယ် မြန်တယ် ဆိုတာလည်း HDD နဲ့ SSD ကြောင့်ပဲ။ ကွန်ပျူတာ ပါဝါ စဖွင့်တဲ့အချိန်မှာ system ကို read လုပ်ရတာကိုး။ အဲ့တော့ read write speed မြန်တဲ့ SSD ကို သုံးထားတဲ့ laptop က ပါဝါဖွင့်ရင် မြန်မြန်ပွင့်တယ်။ Read write speed တွေက ကျွန်တော်ပြောတာတွေက ယေဘုယျပဲ ပြောထားတာ။ Brand အပေါ်မူတည်ပြီး Generation ပေါ်မူတည်ပြီး read write speed ကွာတာတွေလည်း ရှိသေးတယ်။ ဈေးကျတော့ SSD က ဈေးကြီးတယ်။

အဓိက က တော့ အဲ့ ၃ ခုကိုပဲ ကြည့်ရတာပေါ့။ ကျန်တဲ့ display တို့ graphic card တို့ sound တို့ ဘက်ထရီ တို့ကျတော့ သိပ်မကြည့်ဖြစ်ကြဘူး။ 

Graphic card က ကျတော့ video editor တွေ Photoshop သုံးတဲ့သူတွေနဲ့ ဂိမ်းဆော့မယ့် သူတွေအတွက် မရှိမဖြစ် လိုတယ်။ 
ဘယ်လောက် GB လိုလဲ ဆိုတာကတော့ သုံးမယ့်သူ အပေါ်မူတည်တယ်။ အနည်းဆုံးကတော့ 2GB graphic card လိုတယ်။ 

Display ကတော့ video edit သမား Photoshopသမား က ကာလာမှန်တဲ့ LCD ကို ရွေးဝယ်ကြတယ်။ သာမာန် သုံးဖို့ကတော့ အဲ့လောက် ရွေးစရာမလိုဘူး။ တခုတော့ ရှိတယ်။ တချို့ လက်ပတော့ screen တွေက ရှေ့တည့်တည့်ကနေပဲ ကြည့်လို့ အဆင်ပြေတယ်။ ဘေး နည်းနည်း စောင်းကြည့်ရင် မမြင်ရတော့ဘူး။ အဲ့လိုဟာတော့ တတ်နိုင်သမျှ မယူတာကောင်းတယ်။ ရုပ်ရှင်ကြည့်ရင် ရှေ့တည့်တည့်က ကြည့်တဲ့သူပဲ ကောင်းကောင်းမြင်ရတယ်။ ဘေးတစောင်းကြည့်တဲ့သူတွေဆို အဆင်မပြေဘူးပေါ့။ ခုနောက်ပိုင်းထွက်တာတွေမှာတော့ ဘယ် က ကြည့်ကြည့် အဆင်ပြေနေပါပြီ။ 

ဘက်ထရီ လည်း သိပ် ခေါင်းထဲ မထည့်ဖြစ်ကြဘူး။ ပလပ်ထိုး သုံးကြတာ များတာကိုး။ အပြင်သွားရင်း သုံးမယ့်သူတွေကသာ ဘက်ထရီ capacity ကို ကြည့်ကြတာ။ အားသွင်းကြိုး အလေးကြီးတွေကို သွားလေရာ သယ်ဖို့ သိပ်တော့ အဆင်မပြေဘူး။ ဒါပေမယ့် ၂၀၁၉၊ ၂၀၂၀ model တွေဆို အားသွင်းပေါက်က Type-C ဖြစ်ကုန်ပြီ။ ဖုန်းအားသွင်းပေါက်နဲ့ အတူတူပဲ။ 65 Watt အားသွင်း charger တွေကလည်း ဖုန်းနဲ့ ဆိုဒ်အတူတူလောက်ဖြစ်ကုန်ပြီ။ 

Sound က ကျတော့ သိပ်မထူးခြားဘူး။ ကျွန်တော် ဝယ်ရင် ဝယ်မယ့် လက်ပတော့ နဲ့ ဈေးတူတဲ့ တခြား လက်ပတော့ ၃ လုံးလောက်ကို ဘေးချပြီး သီချင်းတပုဒ်တည်းကို ပြိုင်တူ ဖွင့်ကြည့်ပြီး အသံထွက် အဆင်ပြေတာ ယူလိုက်တယ်။ 

Port တွေကတော့ USB ပေါက်၊ HDMI အပေါက် နဲ့ mic အပေါက် ပဲ အကုန်နီးပါး ပါကြတယ်။ SD card reader အပေါက်တို့ VGA အပေါက်တို့လည်း ပါတယ်။ မပါလည်း adapter ဝယ်သုံးကြတယ်။ ကိုယ့်အတွက် မလိုရင် မပါလည်း ဘာမှ မဖြစ်ဘူးပေါ့။ 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...