Skip to main content

Posts

ဂူးဂဲလ်ဝန်ဆောင်မှုတွေကို အပြည့်အ၀ လိုချင်ရင် ယူနီ 'ကုဒ်' ဖို့ လိုပါတယ်

""ကျွန်တော့ဖုန်းမှာ မြန်မာစာမမှန်ဘူး အစ်ကို၊ ကျွန်တော်ကို မြန်မာစာမှန်အောင် ဖောင့်ထည့်ပေး ပါလား" လို့ တော်တော်များများ မေးဖူး ကြုံဖူးပြီးဖြစ်မှာပါ။ စာရေးသူကိုယ်တိုင်လည်း ကြုံးဖူးပြီး ဖြစ်ပါတယ်။ အဲ့လိုမေးရင်တော့ စဉ်းစားမိတာက မြန်မာစာက မမှန်ဘူးဆိုတော့ ဖတ်လို့မရတာပေါ့။  ဘာလို့ကော ဖတ်လို့မရတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ပတ်ဝန်းကျင်က ဇော်ဂျီအသုံးပြုမှု  တွင်ကျယ်နေတော့ ယူနီကုဒ်စံ နဲ့ ဖန်တီးလာတဲ့ဖုန်းမှာ ဇော်ဂျီစာကို အလွဲတွေမြင်ရတာ မြန်မာစာမမှန်ဘူးပြောရင်တော့လည်း ဘယ်တရားပါ့မလဲလို့သာ ပြန်ပြောလိုက်ချင်ပါဘိ။  ကျွန်တော်ကိုယ်တိုင်လည်း ယူနီကုဒ် မြန်မာဖောင့်နဲ့ ဇော်ဂျီမြန်မာဖောင့် စသိတာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှပါ။ အဲ့တုန်းက ကျွန်တော်ကိုယ်တိုင်ကို ဘာကြောင့်လွဲနေတာလဲ သေချာမသိ။ ကိုယ်ဝယ်လာတဲ့ ဖုန်းသစ်လေးကို ပတ်ဝန်းကျင်က ဖုန်းတွေလိုပဲ မြန်မာစာမှန်မှန်လေးနဲ့  အသုံးပြုချင်တော့ ဝယ်လာတဲ့ဆိုင်ကို တစ်ခေါက် ပြန်ပြေးခဲ့ရတာပေါ့။ ဆိုင်ရောက်တော့  ဆားဗစ်သမားက အစ်ကို မြန်မာစာမှန်အောင် လုပ်ပေးပါမယ်ဆိုပြီးနောက် ၁၀ မိနစ်လောက်ကြာတော့ ဖုန်းပြန်ယူလာတော့ ဇော်ဂျီမြန်မာစာ...

ယူနီကုဒ်နဲ့ ဇော်ဂျီ ဘယ်ကစ

ယူနီကုဒ်ဆိုတာ ဖောင့် မဟုတ်ပါခင်ဗျာ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတအားလုံးကို စံသတ်မှတ်ပြီး စနစ်တကျ နေရာချထားပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတ အားလုံးကို တစ်လုံးခြင်းစီ မြေကွက်ရိုက် သတ်မှတ်ပေးတာပါ။ ကျွန်တော်တို့ မြန်မာစာတွေ၊ ရှမ်းစာတွေ၊ ကရင်စာတွေ စသည်ဖြင့် အားလုံးအတွက် နေရာတစ်ခုစီ သတ်မှတ်ထားပါတယ်။ အဲဒီလို သတ်မှတ်တဲ့ နေရာမှာလဲ ဗမာ ဘာသာစကားဆိုရင်လဲ ဗမာစာစနစ်စံအတိုင်း၊ ကရင်ဆိုရင်လဲ ကရင်စနစ် စံအတိုင်း၊ မွန်ဆိုရင်လဲ မွန်စနစ် စံအတိုင်း သတ်မှတ်ကြပါတယ်။ ပြီးရင် နေရာပေးပါတယ်။ အဲဒါတွေအားလုံးကလဲ ပြန်ပြင် ပြန်သတ်မှတ်လို့ရပါတယ်။ အဲဒီလို ပြန်ပြင်ချင်တယ် ဆိုရင်တော့ စံစနစ် ဖြစ်တာနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့ ပြန်ပြင်နိုင်ပါတယ်။ ကျွန်တော်တို့ အရင်က a, b, c, d စတာတွေမှာ တိုက်ရိုက်အစားထိုးတဲ့ Win Font တွေ သုံးခဲ့ကြပါတယ်။ အဲဒီလို သုံးလိုက်တဲ့အတွက် Web လို နေရာတွေမှာ မြန်မာ၊ အင်္ဂလိပ် နှစ်မျိုးရောပြောမယ်ဆိုရင် အခက်အခဲ အများကြီး ရှိလာပါတယ်။ a တွေက သဝေထိုးတွေ ဖြစ်ကုန်ပါလိမ့်မယ်။ အဲဒီအတွက် Unicode စနစ်တစ်ခု လိုအပ်လာပါတယ်။ ပထမဆုံး မြန်မာစာ ...

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Zawgyi Font သမိုင်းကြောင်း

အထက်ပါ Keyboard layout ဖြင့် Alpha Info-tech မှ ထုတ်လုပ်သော ဇော်ဂျီဖောင့် သည် မြန်မာ ဝက်ဘ်ဆိုက်များတွင် အသံုးအများဆံုး ဖြစ်သည်။ ဇော်ဂျီ Unicode Fontသည် မြန်မာ ဝက်ဘ်ဆိုက်များတွင် အသုံးအများဆုံးသော ယူနီကုဒ်တု (pseudounicode) ဖောင့် တစ်ခုဖြစ်ပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် Unicode 4.0 (Myanmar1) encoding model ကို အခြေခံထားပါသည်။ သို့သော် နောက်ပိုင်းဆက်လက် ထွက်လာသည့် Unicode 4.1 (Myanmar2) နှင့် Unicode 5.1 (Myanmar3) ကို လိုက်နာခြင်းမရှိဘဲ သုံးစွဲသူ အလိုကျ Alpha Info-Tech Co., Ltd. မှ ဆက်တိုက် ပြုပြင်လာခဲ့ပါသည်။ ပါဠိ စာလုံးများ၊ သုံးထပ်ဆင့်များတွင် ပါဝင်ခြင်းမှာ အခြားယူနီကုဒ်ဖောင့် များဖြင့်မတူ တစ်မူထူးခြားချက်ဖြစ်ပါသည်။ Contents [hide]     1 ဇော်ဂျီဖောင့် သမိုင်း     2 ဇော်ဂျီယူနီကုဒ် နည်းပညာ နှင့် မြန်မာ့အင်တာနက် အကျိုးသက်ရောက်မှု     3 တိုင်းရင်းသား ဘာသာစာများ     4 စံယူနီကုဒ် ၅.၁ နှင့် ဇော်ဂျီယူနီကုဒ် နှိုင်းယှဥ်ချက်     5 Zawgyi အားအခြေခံ၍         5.1 Zawgyi 2009        ...

ဝ မဟုတ်ပဲ ဝိ လုပ်ခြင်း

ဇော်ဂျီနဲ့ဆို ၀ မရှိပဲ(မဟုတ်ပဲ) ဝိ လုပ်လို့ရတယ် (သုညနဲ့) Unicode နဲ့ဆို ၀ မရှိဘဲ ဝိ လုပ်လို့မရတော့ဘူး ဘယ်ဟာ ပိုကြိုက်လည်း ----------------------------------------------------- ကျမအပါအဝင် ဇော်ဂျီအသုံးပြုသူအချို့ဟာ ဝလုံး လို့ရေးချင်ရင် ဝလုံး ကိုလိုက်မရှာဘဲ သုည ကိုပဲ ဝလုံး အဖြစ်ရိုက်ထည့်လိုက်ကြတယ် (ပွင့်ပွင့်လင်းလင်းပြောရရင် ကျမစိတ်ထဲ ကီးဘုတ်ပေါ်မှာ ဝလုံး သီးသန့်ရှိမှန်းတောင်မသိဘူး တလောကမှ ကျမအကိုက နင်တင်တဲ့ status တွေမှာ ဝလုံး အစား သုည တွေရေးနေတာတွေ့တယ်တဲ့ ဘာဖြစ်လည်း တူတူပါပဲ ဆိုတော့ မတူဘူးတဲ့ ဝလုံး သက်သက်ရှိတယ် အိုင်တီကဆရာမဆိုတော့ မမှားသင့်ဘူးပေါ့ အဲလိုပြောတယ် ဒါပေမယ့် ခုထိ ဝလုံးရှာရမှာပျင်းလို့ သုညဘဲသုံးတယ် :) ) ဆိုလိုတာက ဇော်ဂျီမှာ  ဝိ  လို့ရေးချင်ရင်  သုည လုံးကြီးတင် လည်း ဝိ ဖြစ်တာပဲ ဝလုံး လုံးကြီးတင် လည်း ဝိ ဖြစ်တာပဲ Unicode ကတော့ မရဘူး စည်းကမ်းကြီးတယ် ၀ မရှိဘဲ သုည ကို ဝိလုပ်လို့မရဘူး စည်းကမ်းတကျ သိမ်းပေးထားတော့ ပြန်စီရ ပြန်ရှာရလွယ်တာပေါ့ အဲဒါပါပဲ Credit Htar Htar Saw Lwin

Code ဆိုတာ

အချို့က မေးတယ် Unicode ဆိုတော့ code ဆိုတာဘာကြီးလည်းတဲ့ စာမေးပွဲအဖြေလွှာစစ်တဲ့အခါ စာစစ်သူလက်ထဲ အဖြေလွှာကို ခုံနံပါတ်အတိုင်းမပေးဘဲ ခုံနံပါတ်ကိုဖြဲပြစ်ပြီး အဲဒီခုံနံပါတ်ရဲ့ code ကိုဘဲပေးလိုက်တယ် ဥပမာ ဘာသာရပ်တစ်ခုအတွက် ခုံအမှတ်က B.E. IT 1  ဆိုရင် သူ့အတွက် code ကို u 1000 လို့ပေးလိုက်တာမျိုးပေါ့ B.E. IT 2 ဆိုရင် u 1001 ပေ့ါ အဲဒီကုတ်တွေဟာ unique ဖြစ်နေရတယ် ဆိုလိုတာက code မထပ်ရဘူး စာစစ်ဌာနတစ်ခုမှာ code ၂ခု မထပ်ရဘူး unique code ဖြစ်ရမယ် Unicode ဆိုတာလည်း ဒီသဘောဘဲ ISO က မြန်မာ အက္ခရာ ကကြီးအတွက် code ကို 1000 လို့သတ်မှတ်ပေးထားတယ် ခကွေး အတွက် 1001 လို့သတ်မှတ်ပေးထားတယ် ကမ္ဘာမှာ ဘယ်သူမှ code နံပါတ် 1000 ကို သူုတို့အက္ခရာအဖြစ်ယူသုံးခွင့်မရှိဘူး မြန်မာ့မူပိုင် စစ်စစ် ဒါကြောင့် ဂုဏ်ယူစွားသုံးသင့်ပါတယ်လို့ ပုံမှာ တစ်ခုချင်းစီအတွက် code တွေပြထားတယ် မှတ်ချက် ချဲကွက်များမဟုတ်ပါ :) Credit Htar Htar Saw Lwin