Skip to main content

Zawgyi Font သမိုင်းကြောင်း

အထက်ပါ Keyboard layout ဖြင့် Alpha Info-tech မှ ထုတ်လုပ်သော ဇော်ဂျီဖောင့် သည် မြန်မာ ဝက်ဘ်ဆိုက်များတွင် အသံုးအများဆံုး ဖြစ်သည်။
ဇော်ဂျီ Unicode Fontသည် မြန်မာ ဝက်ဘ်ဆိုက်များတွင် အသုံးအများဆုံးသော ယူနီကုဒ်တု (pseudounicode) ဖောင့် တစ်ခုဖြစ်ပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် Unicode 4.0 (Myanmar1) encoding model ကို အခြေခံထားပါသည်။ သို့သော် နောက်ပိုင်းဆက်လက် ထွက်လာသည့် Unicode 4.1 (Myanmar2) နှင့် Unicode
5.1 (Myanmar3) ကို လိုက်နာခြင်းမရှိဘဲ သုံးစွဲသူ အလိုကျ Alpha Info-Tech Co., Ltd. မှ ဆက်တိုက် ပြုပြင်လာခဲ့ပါသည်။ ပါဠိ စာလုံးများ၊ သုံးထပ်ဆင့်များတွင် ပါဝင်ခြင်းမှာ အခြားယူနီကုဒ်ဖောင့် များဖြင့်မတူ တစ်မူထူးခြားချက်ဖြစ်ပါသည်။
Contents
[hide]

    1 ဇော်ဂျီဖောင့် သမိုင်း
    2 ဇော်ဂျီယူနီကုဒ် နည်းပညာ နှင့် မြန်မာ့အင်တာနက် အကျိုးသက်ရောက်မှု
    3 တိုင်းရင်းသား ဘာသာစာများ
    4 စံယူနီကုဒ် ၅.၁ နှင့် ဇော်ဂျီယူနီကုဒ် နှိုင်းယှဥ်ချက်
    5 Zawgyi အားအခြေခံ၍
        5.1 Zawgyi 2009
        5.2 ဇင်ယော် ဇီဝဇိုး
    6 Mobile
        6.1 iPhone
        6.2 Windows Mobiles
        6.3 Android
    7 Support
        7.1 Font download
        7.2 Keyboard layout
        7.3 Online Editor
        7.4 Zawgyi Input Method
        7.5 Zawgyi convertor
    8 References
    9 အခြား ကိုးကား

ဇော်ဂျီဖောင့် သမိုင်း
ဇော်ဂျီဖောင့် သမိုင်း
ဇော်ဂျီဖောင့် သမိုင်းမှာ ယခုအထိ ရှင်းလင်းခြင်း မရှိသေးပါ။[1] ဇော်ဂျီဖောင့် Annotation များတွင် မန္တလေးမှ ကိုဇော်၀င်းမြတ် ရေးဆွဲသည်ဟု ပါရှိပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့် အလှျင်စလို ဖြန့်ဝေရခြင်းမှာ အခမဲ့ Unicode Font ထုတ်ဝေရန် တာဝန်ရှိသော အများပိုင် Myanmar NLPမှ အချိန်ဆွဲနေခြင်းကို တွန်းအားပေး ရန် အကြောင်းတစ်ရပ် ဖြစ်ကြောင်း သိရသည်။[2]။ ညီလင်းဆက် အဆိုအရ ဇော်ဂျီဖောင့်ကို အမည်မဖော်လိုသော ပညာရှင်ငါးဦးက ၂၀၀၅-ခုနှစ်လောက်တွင် စတင်ခဲ့သည်ဟု သိရပါသည်။ [3]။ အချို့ပြောဆိုချက်များအရ ဦးငွေထွန်း၏ project မှ ကျောင်းသားတစ်ယောက်က ပုည(ခေါ်)ဖောင့်တစ်ခု စမ်းသပ်ထုတ်လုပ်ပြီး www.planet.com.mm သို့ ၎အနေဖြင့် တရားဝင် သံုးစွဲခွင့်ပြုခဲ့ရာ Planet Team မှ ယင်းတို့၏ ဝက်ဘ်ဆိုက်တစ်ခုလံုးကို ပုညဖောင့်သို့ စတင်ပြောင်းလဲ သံုးစွဲခဲ့သည်။ ထို့နောက် ဦးသောင်းစုငြိမ်းနှင့် ဦးရဲမြတ်သူတို့ ပါသည်ဟု ယူဆရသော ပညာရှင် ငါးဦးသည် စုစည်းကာ မန္တလေးမြို့အခြေစိုက် Alpha Info-Tech (Mandalay) (ဦးရဲမြတ်သူ၏ ကုမ္ပဏီ) ၏ နည်းပညာထောက်ပံ့မှုဖြင့် မန္တလေးမြို့ အခြေစိုက် ဖောင့်ဒီဇိုင်နာ ဦးဇော်ဝင်းမြတ်ထံ ဖောင့်ဒီဇိုင်းတစ်ခု အပ်ခဲ့ပြီး ဇော်ဂျီမြန်မာယူနီကုဒ်ဖောင့်ဟု ခေါ်တွင်စေကာ www.planet.com.mm မှ စတင်၍ တရားဝင် အခမဲ့ ဖြန့်ချိပေးပြီး သံုးစွဲခဲ့သည်။ နောက်ပိုင်းတွင် www.alpha.com.mm (Alpha Info-Tech ၏ ဝက်ဘ်ဆိုက်)မှလည်း နည်းပညာ အထောက်အပံ့များ ပြုလုပ်ပြီး ဖောင့်သာမက ဆက်စပ်နည်းစနစ်များပါ ဖြန့်ချိခဲ့သည်။ www.zawgyi.net အမည်ဖြင့် အဆိုပါ ဇော်ဂျီအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်ကို ၂၀၀၆ခုနှစ်တွင် လွှင့်တင်ခဲ့ပြီး တရားဝင် နောက်ဆံုးထွက် ဖောင့်များကို version number များ release date များဖြင့် စနစ်တကျ ဖြန့်ချိခဲ့သည်။ သို့သော် တရားဝင် ဝက်ဘ်ဆိုက်ကို အစဥ်အမြဲ ထိန်းသိမ်းရန် အားနည်းခဲ့သည့် အတွက် ဖောင့်အသစ်များကို www.alpha.com.mm ကဲ့သို့သော် အခြားလွယ်ကူသည့် နေရာများမှ ဖြန့်ချိဖြစ်ခဲ့သည်။ ယနေ့အချိန်ထိ ဇော်ဂျီဖောင့်သံုးစွဲသူများကြားတွင် တရားဝင်နောက်ဆံုးထွက် ဇော်ဂျီဖောင့်မဟုတ်သည့် version များလည်း များစွာ ပြန့်နှံ့လျက် ရှိသေးကြောင်း တွေ့ရသည်။ Myanmar IT Professional Zawgyi Group discussion များအရ ထိုငါးဦးအဖွဲ့တွင် ဦးသောင်းစုငြိမ်းနှင့် ကိုရဲမြတ်သူ ပါသည်ဟု မှန်းဆနိုင်သည်မှလွဲ၍ အခြားသူများကို မဖော်ထုတ်နိုင်ပေ။[4]
ဇော်ဂျီဖောင့်သည် ပုညသော်လည်းကောင်း၊ မြစေတီသော်လည်းကောင်း မည်သည့် ယူနီကုဒ်ဖောင့်၏ နောက်ဆက်တွဲ မဟုတ်ပဲ Unicode စံနှုန်းထဲမှ မြန်မာအတွက် စတင်ထုတ်စဥ်ကာလအထိ အတည်ပြုပြီးသား ယူနီကုဒ်သတ်မှတ်ချက်ကို အခြေခံပြီး ဇော်ဂျီအဖွဲ့၏ စိတ်ကူးအတိုင်း စံနှုန်းထက်ပိုလွန်၍ ရေးဆွဲသတ်မှတ်ထားခြင်း ဖြစ်သည်။ စတင်ထုတ်စဥ်မှ ယခုအထိ ဇော်ဂျီဖောင့်တွင် မြန်မာဂလစ်ဖ်များသာ ကိုယ်ပိုင်ဖြစ်ပြီး နိုင်ငံတကာဂလစ်များမှာ (Roman, Symbols, etc.) Microsoft ၏ Tahoma ကို ဆက်လက်ထည့်သွင်းထားခြင်း ဖြစ်သည်။
၂ဝဝ၅-၁၂-၁၃ နေ့တွင် မြန်မာ အင်ဖိုတက်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် Solveware Solution မှ မူပိုင်ခွင့် အလွဲသုံးစားမှုဖြင့် Alpha Computer ကို ပြစ်တင်ခဲ့သည်။ [5] ထို့နောက် ရက်ပိုင်းအတွင်း ဇော်ဂျီဖောင့်တွင် "Powerred by MyaZeDi" မူပိုင်ခွင့်မှတ်တမ်း ဖြုတ်ခဲ့သည်။ [6] ထိုအချိန်တွင် Alpha သည်လည်း ၄င်း၏ သီးသန့် ဇော်ဂျီဖောင့် ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
၂ဝဝ၇-ခုနှစ်တွင် Myanmar Computer Professional Association (MCPA) မှပေးအပ်သော Excellent Award ကို မြန်မာဇော်ဂျီ ယူနီကုတ်အဖွဲ့က ရရှိသည်။[7]
ဇော်ဂျီယူနီကုဒ်ဖောင့်ကို ၂ဝဝ၅-ခုတွင် Zawgyi အဖွဲ့ မှ စတင် ထုတ်ဝေခဲ့ပါသည်။ ၂ဝဝ၆-ခုတွင် PDF ပုံနှိပ်ထုတ်ဝေခြင်း အဆင်ပြေရန် ပြုပြင်ခဲ့ပါသည်။ ၂ဝဝ၈-ခုတွင် အသုံးပြုသူများ တောင်းဆို ချက်အရ --္ဘ နောက်တစ်ခုနှင့် bug fix နှစ်ခု ထည့်သွင်းခဲ့ပါသည်။
ယနေ့ထိတိုင် ဇော်ဂျီယူနီကုဒ်ဖောင့် ကို ဇော်ဂျီအဖွဲ့မှ ဦးဆောင်၍ Alpha Info-Tech ၏ အဓိက နည်းပညာပံ့ပိုးမှုများ၊ အခြား third-party developer များ၏ ပံ့ပိုး ဖြည့်စွက်တီထွင်မှုများဖြင့် ဇော်ဂျီသာမက ဆက်စပ်စနစ်များအားလံုးကို တိုးတက်အောင် ပြုလုပ်လှျက်ရှိပြီး ဖြန့်ချိပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် အစဥ်အမြဲ အခမဲ့ ဖြန့်ချိမည်ဟု ဆိုပါသည်။ [8]။ အိုင်တီနယ်ပယ်မှ အမည်မဖေါ်သူ ပညာရှင် ၅ဦးဖြင့် ပါဝင် ဖွဲ့စည်းထားသော www.zawgyi.net သာလှျင် Official ZawGyi Myanmar Font website ဖြစ်ပါသည် ဟုဆိုပါသည်။ [9]။

ဇော်ဂျီယူနီကုဒ် နည်းပညာ နှင့် မြန်မာ့အင်တာနက် အကျိုးသက်ရောက်မှု
ဇော်ဂျီယူနီကုဒ် နည်းပညာသည် မြန်မာ အင်တာနက် အသုံးပြုမှုကို အရှိန်အဟုန် မြင့်တင်စေခဲ့ပါသည်။ ဇော်ဂျီယူနီကုဒ်ဖောင့် သည် Platnet Myanmar မှစ၍ လူသုံးများလာခဲ့ပါသည်။ နောက်ပိုင်း blogger များမှာ ဇော်ဂျီယူနီကုဒ်ဖောင့် ကိုသာ သုံးစွဲကြပါသည် ။ ယခုအချိန်တွင် မြန်မာသုံးစွဲသူ၏ Operating System တွင် ဇော်ဂျီယူနီကုဒ်ဖောင့် ရှိပြီးဖြစ်သဖြင့် သော်၎၊ အလွယ်တကူ ဇော်ဂျီယူနီကုဒ်ဖောင့်ကို ရရှိနိုင်ခြင်းတို့ကြောင့် မြန်မာဝတ်ဆိုက်များ မှာ download link ပေးရန် မလိုအပ်ပေ။
ဇော်ဂျီယူနီကုဒ်ဖောင့်သည်  မြန်မာဝတ်ဆိုက်များ သာမက gtalk များတွင်လဲ အသုံးများလှျက်ရှိပါသည်[10]။ သို့သော် စာစီစာ ရိုက်လုပ်ငန်းများတွင် အသုံးပြုခြင်းနည်းပါးခဲ့သည်။
ဇော်ဂျီယူနီကုဒ်ဖောင့်သည်  ClearType Technology ကိုကောင်းစွာ အသုံးပြုထားသဖြင့် အခြား Unicode Font များထက် LCD screen တွင် သိသိသာသာ ချောမွတ်မှု ရှိပါသည်။
ဇော်ဂျီယူနီကုဒ်ဖောင့်၏ အားနည်းချက်များမှာ စံယူနီကုပ် မဟုတ်သည့်အပြင် codepoint ဖောင်းပွခြင်းနှင့် အစဥ်အတည်ကျမရှိခြင်း ဖြစ်သည်။ ဥပမာ စံယူနီကုပ်တွင် ရရစ်ကို codepoint တစ်ခုတည်း ရှိသော်လည်း ဇော်ဂျီတွင် ရှစ်ခု ရှိလေသည်။ ထိုအကြောင်းများကြောင့် ဤဝီကီ Interwiki Link များတွင် မကိုက်ညီမှု၊ ရှာရခက်ခဲ့မှု များရှိသည်။
ဇော်ဂျီဖောင့် အသုံးများရခြင်း အကြောင်းအရင်း တစ်ခုမှာ မြန်မာဘာသာနှင့် သက်ဆိုင်သော Unicode ပြုပြင်ခြင်း အပြီးမသတ် နိုင်သောကြောင့် ဖြစ်ပါသည်။ ၂ဝဝ၈-ခု၊ ဧပြီလ (၄)ရက်နေ့ပြဋ္ဌာန်း သော Unicode 5.1 မှာ မူအားဖြင့် ခိုင်မာခြင်းရှိသော်လည်း ဇော်ဂျီယူနီကုဒ်ဖောင့်သည်  လောလောဆယ်ထိ လိုက်နာခြင်းမရှိပါ။ လိုက်နာခဲ့လှျင်လည်း ယခုသုံးနေသော် ဇော်ဂျီစာများဖြင့် ကိုက်ညီမှု မရရှိနိုင်ပေ။ ဇော်ဂျီယူနီကုဒ်ဖောင့်သည် မည်သည့် Unicode version မှျ လိုက်နာခြင်းမရှိသောကြောင့် သုံးစွဲသူများ အနေဖြင့် နောင်တစ်ချိန်တွင် သုံးမရမည်လောဟု သံသယများ ရှိနေပါသည်။

တိုင်းရင်းသား ဘာသာစာများ
စံယူနီကုဒ်ဖောင့်များတွင် မြန်မာ တိုင်းရင်းသား ဘာသာစာ ၆ မျိုးပါဝင်သောလဲ ဇော်ဂျီဖောင့်တွင် တိုင်းရင်းသား ဘာသာစာများ မပါရှိပေ။ သို့သော် ဇော်ဂျီဖောင့် ကိုချဲထွန်၍ ပြုလုပ်ထားသော ကရင်ဘာသာအတွက် ဇွဲကပင်ဖောင့် [11]၊ မွန်ဘာသာအတွက် ကော်မလိတ်မန်ညိဖောင့် [12] တို့ ရှိကြသည်။ ဇောဂျီအဖွဲ့သည် အခြား ဘာသာများကို ထပ်မံထည့်သွင်းပေးသွားမည်ဟုလည်း ပြောကြားထားသည်။

စံယူနီကုဒ် ၅.၁ နှင့် ဇော်ဂျီယူနီကုဒ် နှိုင်းယှဥ်ချက်
[hide] Unicode versus Zawgyi-One
Unicode  Zawgyi-One
Bigger version here. Uncolored version here.
     Myanmar      Shan      Mon      Sanskrit and Pali
      S'gaw Karen      Western Pwo Karen      Eastern Pwo Karen      Geba Karen
      Kayah      Rumai Palaung      No character
 Bigger version here. Uncolored version here.
     Myanmar      No character for pseudo-Unicode      No character

Zawgyi အားအခြေခံ၍

Zawgyi 2009
ဇော်ဂျီ ၂၀၀၉ ကို ကိုစိုးမင်းက ပြုလုပ်ခဲ့ပြီး rendering system ကို ထည့်သွင်းခဲ့သည်။ ထို့ကြောင့် မြန်မာ unicode တွင် ရရှိသော feature များကဲ့သို့ ရက်ပင့် ရက်ရစ် အကြီးအသေးပြောင်းပေးခြင်း ၊ ရေးခါ အကြီးအသေး ပြောင်းပေးခြင်းတို့ ပါဝင်လာသည်။ ထို့အပြင် KeyMaster ဟုခေါ်သော program အား input method အသစ်အဖြစ် ထပ်မံပါဝင်လာသည်။ သို့သော် keymagic သည် windows တစ်ခုတည်းသွင်းတာ အသုံးပြုနိုင်လေသည်။ ၂၀၀၉ ဟာ backward comparable အဖြစ် ထွက်လာသော်လည်း ၂၀၀၉ တွင် တရားဝင်ဖြန်ချိနိုင်ခြင်းမရှိသေးပါ။ တိုင်းရင်းသား စာလံုးများ မထည့်ခင်အထိသာ backward comparable ဖြစ်နိုင်ပြီး ထည့်ပြီးချိန်တွင် 5.2 Standard နှင့် code point ၄ခုသာ storage တွင် ကွာခြားမည်ဖြစ်သည်။ ယင်းတို့မှာ ျ ြ --ွ --ှ ဖြစ်ပြီး ဇော်ဂျီမှ ဦးစွာထည့်သွင်းထားသည်နှင့် တနေရာကွဲလွဲ၍ စတန်းဒတ်တွင် ထည့်သွင်းမိသောကြောင့် ဖြစ်သည်။ ၂၀၀၉ ၏ အခြားထူးခြားချက်မှာ မှားယွင်း ရိုက်သွင်းမှု့အချို့ကို အလိုလိုရေးထံုးမှန်အောင်ပြုပြင်ပေးခြင်းဖြစ်သည်။

ဇင်ယော် ဇီဝဇိုး
ဇင်ယော် နှင့် ဇီဝဇိုး font သည် ဇော်ဂျီ font အားအခြေခံထားပြီး စာလံုး design များ ပြောင်းလဲထားခြင်းသာဖြစ်သည်။ စာလံုး design များကို slayeroflion က ရေးသားထားခြင်းဖြစ်ပြီး OFL အနေနဲ့ ပေးထားခြင်းဖြစ်သည်။

Mobile

iPhone
iPhone Zawgyi သည် saturngod ပြုလုပ်ထားခြင်းဖြစ်ပြီး jailbreak လုပ်ထားသော ဖုန်းများတွင် မြန်မာစာရိုက်လို့ရရန်နှင့် ဇော်ဂျီနှင့်ရေးသားထားသည်များကို ဖတ်လို့ရရန် ဖန်တီးထားခြင်းဖြစ်သည်။ zawgyi 2009 ဖြင့် ရေးသားထားသော စာများ ကောင်းမွန်စွာမပေါ်ပေ။ iPhone Zawgyi ကို saturngod ၏ blog တွင် iPhone/iPod Touch Zawgyi Keyboard and Font Package ဟူသော post အမည်ဖြင့် ရေးသားထားသည်။

Windows Mobiles
Zawgyi SoftKeyboard for Windows Mobile ကို ကိုအာကာမျိုး ပြု့လုပ်ထားခြင်းဖြစ်ပြီး.. WM 5 နောက်ပိုင်း Windows Mobile Phone များတွင်အသံုးပြု့နိုင်ပါသည်။ Sms နှင့် Mobile Office များတွင် အသုံးပြု့နိုင်ပါသည်။ Zawgyi on Pocket Pc
http://arkar.info/download.zip

Android
Android တွင် Myanmar Fonts (Zawgyi နှင့် Myanmar3) ကို အသံုးပြု့၍ရနိုင်ရန် ko Sean Lin မှပြု့လုပ်ခဲ့ပြီး Android အတွက် download လုပ်ရန် Fallback Fonts များနှင့် root လုပ်ပံု အဆင့်ဆင့်ကို ၄င်း၏ Web site ဖြစ်သော http://seanlin.me/ တွင် ဖော်ပြထားပါသည်။

Support

Font download

    Zawgyi Font Official Site
    Zawgyi 2009
    ဇင်ယော် ဇီဝဇိုး Font
    Alpha Computer Download

Keyboard layout

    Keyboard လက်ကွက်
    Zawgyi 2009

Online Editor

    Burglish Test Engine
    MZ Web Text Editor

Zawgyi Input Method

    Wait Zar - Romaized Myanmar Input System
    Linux KB - Linux Keyboard
    Mac KB Mac OS X Keyboard
    Keymaster Keymaster for zawgyi 2009
    Burglish - Input System and Various Language Tools for Burmese script
    Alpha Zawgyi - a bundled solution by the Zawgyi Font publisher
    KeyMagic - Unicode Keyboard Input Customizer/Input Method Editor

Zawgyi convertor

    Prince Ka Naung - Unify Converter Engine (LGPL) - WinInnwa, CE Fonts, Wwin_Burmese, Gandamar Fonts, King Fonts, Metrix, Academy, Zawgyi, UniBurma, Myazedi, Myanmar3, PadaukOT, Parabaik, UniMM ဒီဖောင့်တွေ ကိုတစ်ခုမှတစ်ခုသို့ ပြောင်းလဲနိုင်ပါတယ်။
    Laikpyar Convertor - Online convertor for Zawgyi <> Unicode 5.1
    On-the-fly convertor (LGPL) - HTML header တွင် fly.js ထဲ့၍ webpage ကို အသံုးပြုသူ၏ browser တွင် Zawgyi <> Unicode 5.1 ပြောင်းလဲပေးသည်။
    Unicode 5.1 To Zawgyi 2009 GreaseMonkey - Unicode 5.1 မှ ဇော်ဂျီ ၂၀၀၉ ကိုပြောင်းပေးသော firefox addon greasemonkey script ဖြစ်သည်။
    Unicode 5.1 To Zawgyi GreaseMonkey - Unicode 5.1 မှ ဇော်ဂျီ ကိုပြောင်းပေးသော firefox addon greasemonkey script ဖြစ်သည်။
    Unicode 5.1 To Zawgyi 2009 Bookmark - မည်သည့် browser တွင်မဆို အသံုးပြုနိုင်သော Unicode 5.1 To Zawgyi 2009 bookmark ဖြစ်သည်။

References

    ↑ The truth about Zawgyi font
    ↑ When will Zawgyi be Unicode 5.1 compatible?
    ↑ Why Zawgyi was awarded 2007 MCPA Excellent Award?
    ↑ Zawgyi Group
    ↑ Myazedi-Zawgyi Issues1
    ↑ 2005 myazedi press release
    ↑ Award
    ↑ Zawgyi Font Official Site
    ↑ Zawgyi Font Official Site
    ↑ Alpha Zawgyi Myanmar Unicode System
    ↑ ဇွဲကပင်
    ↑ tapautabuo

အခြား ကိုးကား

    Wiki Myanmar

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________