Skip to main content

Redmi Bud 6 pro

 လက်ရှိသုံးနေတဲ့ redmi bud 3 pro ကလည်း ဝယ်ကတည်းက review ရေးမယ် ရေးမယ်နဲ့ မရေးလိုက်ရဘူး။ အခု bud 3 pro ကနေ bud 6 pro ကို upgrade လုပ်တော့ မရေးပဲ နေရင် အကြွေးက ၂ ခု ထပ် သွားပြီ။ အဲ့တာနဲ့ပဲ အတင်းကိုယ့်ဟာကို တွန်းပြီး ရေးရတော့တာပဲ။ အရင် သုံးနေတဲ့ bud 3 pro က ၄ နှစ်ကျော် ၅ နှစ် နီးပါး အသုံးခံတယ်။ အသစ်သာလဲ လိုက်ရတာ ပျက်လို့ လဲလိုက်ရတာ မဟုတ်ဘူး။ battery က သက်တမ်းကြာလာတော့ ၁၅ မိနစ်လောက်ပဲ ခံတော့ သုံးလို့ အဆင်မပြေတော့လို့ လဲ လိုက်ရတာ။ ကျန်တဲ့ ဟာ က အကုန် ကောင်းတယ်။ Noice Cancellation လည်း အတော် ကောင်းတယ်။ အကြိုက်ဆုံးက device ၂ ခု ပြိုင်တူချိတ်ပြီး သုံးလို့ရတာပဲ။ ဝယ်တုန်းက ၈ သောင်း ကျော်ကျော်ပေးဝယ်ခဲ့ရတယ်။ မန္တလေး sweetconnect ကနေပဲ ဝယ်ဖြစ်ခဲ့တာ။ bud 3 ကို device ၂ ခု ချိတ်လို့ရတာရယ် wireless charging ရတာရယ် NC ကောင်းတာရယ်ကြောင့် ဝယ်ခဲ့တာ။ bud 3 မှာ မကောင်းတာဆိုလို့ Xiaomi ဖုန်းနဲ့မှပဲ battery ပြတာ တစ်ခုပဲ။ Bud 4 က စ ပြီး နားကြပ်တွေအတွက် သီးသန့် app တစ်ခု xiaomi က ထုတ်ပေးလိုက်ပြီ။ 


TWS ဝယ်ဖို့ လိုက်ရှာတဲ့ အခါမှာ Redmi bud 6 နဲ့ redmi bud 6 pro ကို တွေ့တယ်။ bud 6 က ကျွန်တော် ဝယ်ဖို့ လုပ်တဲ့ အချိန်မှာ  ၁ သိန်း ၆ သောင်း၊ bud 6 pro က ၂ သိန်း ၇ သောင်း ဆိုတော့ တစ်သိန်း ကွာနေတယ်။ ကျွန်တော် ဘာလို့ pro model ကို ရွေးလိုက်သလဲဆို Noise cancelation က pro က ပိုပြီး လုပ်နိုင်လို့ရယ်၊ custom EQ ပါလို့ရယ်၊ အကြိုက်ဆုံးဖြစ်တဲ့ Hi Res ရလို့ရယ်ပဲ။ ကျွန်တော်က FLAC တွေ နားထောင်တာ ဆိုတော့ Bluetooth နဲ့ Hi Res ဖြစ်တဲ့ LDAC codec ကို နားမထောင်ဖူးသေးဘူး။ DAP + IEM ကိုလည်း သွားလေရာ မသယ်နိုင်ဘူး ဖြစ်နေတဲ့ အချိန်တွေလည်း ရှိတာကိုး။ အထူးသဖြင့် တောင်တက်ခရီးတွေ ထွက်ရင် အပိုတွေ မသယ်ဖြစ်တော့ DAP + IEM ကို ထားခဲ့တာ များတယ်။ အဲ့တော့ Hi Res ရတဲ့ TWS ကို ဝယ်ချင်နေတာနဲ့ အတော်ဖြစ်သွားတာပေါ့။ နောက်ပြီး ကျွန်တော့ bud 3 pro က သက်တမ်း ၄ နှစ်ရှိပြီဆိုတော့ battery မခံတော့တဲ့ ပြဿနာကလွဲရင် ကျန်တာ အကုန် ကောင်းသေးတယ်။ ကျွန်တော် battery လဲဖို့ ကြိုးစားကြည့်ပေမယ့် bud 4 နဲ့ အထက်ပဲ battery က လဲလို့ရတယ်ဆိုတာနဲ့ ကျွန်တော် bud 6 ကို ဝယ်ဖြစ်သွားတာ။ ဒီကောင်ကျ battery ပြဿနာ တက်လည်း လဲလို့ ရသွားပြီလေ။ Bud 6 pro ရဲ့ Battery ကတော့ အရင်ထက် ပိုပြီး အားခံတယ်။ အဝေးပြေးကားပေါ်မှာ ရုပ်ရှင်ကြည့်တာ ဇာတ်ကား ၂ ခု ပြီးတယ် ဆိုတော့ ၃ နာရီလောက်တော့ ခံမယ်ထင်တယ်။ ANC ကို ပိတ်ထားရင် ပိုခံမယ်။ 




ထုံးစံအတိုင်း ကျွန်တော် review ရေးတဲ့အခါ ကျွန်တော့် personal ခံစားချက်ကို ဦးစားပေးပြီး ရေးတာမို့ စာရွက်ထဲက အကြောင်းအရာတွေ ကို ရေးတာ နည်းပါ့မယ်။ ပါတဲ့အခါလည်း ပါပါ့မယ်။ 

Bud 6 pro ကို ဘာလို့ ရွေးလဲ ဆိုတော့ သူ့ ဈေးတန်းနဲ့ ပြန်ရတာနဲ့ က အများကြီး ပြန်ရတာမို့။ Case က bud 3 လို ပိန်ရှည် မဟုတ်တော့ဘူး။ bud 3 pro လိုပဲ device ၂ ခု ပြိုင်တူချိတ်လို့ရပါမယ်။ ဒါက ကျွန်တော့်အတွက် မရှိမဖြစ်မို့ပါ။ iPad နဲ့ Android phone ( Google Pixel 7a ) ၂လုံး သုံးတဲ့သူမို့ device ၂ ခု ကို တစ်ပြိုင်နက် ချိတ်ထားမှ အဆင်ပြေပါ့မယ်။ ဘယ်လို အဆင်ပြေသလဲဆို iPad နဲ့ ရုပ်ရှင်ကြည့်နေတုန်း android phone မှာ ဖုန်းလာရင် နားကြပ်က သူ့ဟာသူ android ဖုန်း ဘက်ကို ပြောင်းပေးတာမျိုးပါ။ 

Google Fast Pair နဲ့ အလုပ်လုပ်တယ် ပြောတယ်။ ဘယ်လို အလုပ် လုပ်သလဲတော့ ကျွန်တော် မစမ်းမိဘူး။ Xiaomi earbuds app နဲ့ပဲ တခါတည်း ချိတ်လိုက်တယ်။ ချိတ်လိုက်တာနဲ့ firmware update တန်းလုပ်သွားတယ်။ Case ကလည်း Airpod case နဲ ဆင်တူတယ်ဆိုတော့ case cover တွေလည်း ယူသုံးလို့ရမယ် ထင်တယ်။ စမ်းတော့ မစမ်းထည့်ကြည့်ရသေးဘူး။ စမ်းကြည့်လို့ အဆင်ပြေရင် ပိုစ့်ကို edit လုပ်ပေးမယ်။


Sound Quality မှာတော့ ကျွန်တော် Pixel 7a ကနေ FLAC တွေကို LDAC codec နဲ့ နားထောင်ပါတယ်။ IEM နဲ့ ဘာကွာလဲဆိုတော့ detail တွေမှာ အကုန်နီးပါး ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နည်းနည်း ဆိုမှ နည်းနည်းပေါ့၊ ဘယ်နားက ဘာလိုသလဲ ဆိုတာ ကျွန်တော် မပြောနိုင်ဘူး။ အတိုချုပ်ပြောရရင် IEM နဲ့ ယှဉ်ရင် ၉၀% လောက်ကို အဆင်ပြေပါတယ်။ စမ်းပြီးနားထောင်တဲ့ သီချင်းတွေက Pink Floyd နဲ့ Radiohead သီချင်း တချို့ပါ။ ဖုန်းပြောတဲ့ အခါမှာလည်း mic က ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Noise Cancellation က ၉၀% လောက် အပြင်အသံတွေကို block ပေးထားပါတယ်။ Ambient နဲ့လည်း အလုပ်လုပ်ပါတယ်။ NC လိုတဲ့ နေရာတွေရှိတယ်။ ကျွန်တော် ဘတ်စ်ကား စီးနေတုန်း ကားသံတွေ ဘေးကလူ စကားပြောနေတာတွေ ဆူညံနေတဲ့အခါ နားပိတ်ထားချင်တဲ့အခါ နားကြပ်ကလေး ကောက်တပ်လိုက်ယုံပဲ။ ဆူညံသံတွေ အကုန် ပျောက်သွားတော့တာပဲ။ Remax တို့ ဘာတို့က နားကြပ်တွေလည်း ရှိတယ်။ ဈေးက ၆ သောင်းလောက်တော့ရှိမယ်။ နားကြပ်ပုံစံတော့ တူမယ်။ အခုလို NC လို မှာ ဘာဆို ဘာမှ မဆိုင်အောင်ကို ကွာတာ။ နောက်ပြီး Yoga ဆော့တဲ့အချိန်ဆို ဘေးကနေ ဆူညံသံတွေ မကြားချင်လို့ ဆိုပြီး နားကြပ်ကလေး ကောက်တပ်လိုက်ယုံပဲ။ အဲ့တာဆို Yoga instructor ပြောတဲ့အသံကို ပဲ အေးအေးဆေးဆေး ကြားရပြီး ဆူညံသံတွေကို software က ဖယ်ပစ်တာမျိုးပေါ့။ NC ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတာကို ပြောပြတာပါ။ တခြား အသုံးဝင်တဲ့နေရာတွေလည်း အများကြီးရှိပါသေးတယ်။







Software ကတော့ သူ့ app နဲ့ ဖြစ်သွားတယ်။ အရင် Bud 3 pro မှာတုန်းက xiaomi ဖုန်းနဲ့ပဲ setting တွေကို ကြည့်လို့ရတယ်။ ပြင်လို့ ပြောင်းလိို့ ရတယ်။ တခြားဖုန်းတွေနဲ့ဆို ဘာမှ လုပ်မရဘူး။ အခုကျ iOS ရော android ရော အတွက် Xiaomi buds app နဲ့ ချိတ်ပြီး Left earbud က battery % ဘယ်လောက် Right earbud က battery % ဘယ်လောက် Case က battery % ဘယ်လောက်ဆိုတာတွေပါ ကြည့်လို့ ရသွားပြီး  ANC setting တွေ၊ Equilizer တွေ ပါ ချိန်လို့ရသွားတယ်။ EQ မှာ Custom EQ ပါတာကလည်း ကောင်းတဲ့ အချက်တွေထဲက တစ်ချက်ပဲ။


 Immersive sound နဲ့ Track Head Movement ဆိုပြီး Dimensional audio setting ထဲမှာပါလာတယ်။ 



အဲ တချို့ setting တွေကတော့ Xiaomi ရဲ့ HyperOS နဲ့မှပဲ အလုပ်လုပ်တယ်လို့ပြောတယ်။ ဘယ်ဟာတွေလဲဆိုတာတော့ သေချာ မသိဘူး။ 



ပြီးတော့ Gesture တွေလည်း ရတယ်။ ကိုယ့်ဟာကို customize ပြန်လုပ်ပြီးလည်း သုံးလို့ရတယ်။ Find Earbuds ဆိုတဲ့ features အသစ်ပါလာတယ်။ နားကြပ်ပျောက်ရင် လိုက်ရှာလို့ ရအောင်ပေါ့။ ဖုန်းကနေ find earbuds ကို နှိပ်လိုက်ရင် နားကြပ်က အသံမြည်လာမယ်ပေါ့။ အသံကတော့ အတော်လေးကို တိုးနေတော့ ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်ဖြစ်မယ် မထင်ဘူး။ 


Fit test ဆိုပြီး app ထဲမှာ ပါလာတယ်။ တပ်ထားတဲ့ Ear tips က ကိုယ့်နားနဲ့ fit ဖြစ် မဖြစ် စမ်းဖို့ပေါ့။ Ear tips တွေ fit ဖြစ်လေ Noise Cancelation က ကောင်းကောင်း အလုပ်လုပ်လေပဲ။ ဘူးထဲမှာလည်း S,M,L ဆိုပြီး  Ear tips ၃ စုံပါတယ်။ Apple ရဲ့ Airpod pro လောက်နီးနီး NC ရပြီး ဈေးက ၃ ပုံ ၁ ပုံလောက်ပဲ ရှိတော့ iPhone သုံးပြီး Airpod လို NC ပါတာလိုချင်တယ် ဆိုသူတွေ အတွက် ဝယ်သင့်တယ်လို့ ကျွန်တော် recommand ပေးပါတယ်။ 


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...