ဗေဒင်ကို ယုံတဲ့အထဲတော့ မပါဘူး။ ဒါပေမယ့် ဂြိုလ်တွေ နက္ခတွေ သွားတဲ့လာတဲ့ ပေါ်မူတည်ပြီး ဖြစ်ပျက်နေတာကိုတော့ ယုံသဗျ။ ယုံတယ်ဆိုတာကလည်း ကြုံရတာ များလာကြောင့်လည်းပါတာပေါ့။ လမ်းကြုံပြောရရင် အဖွဲ့ထဲမှာ ကျွန်တော့်ထက် ၆ ရက်စောမွေးတဲ့သူရယ် ၆ ရက််နောက်ကျပြီး မွေးတဲ့သူရယ် ရှိတယ်ဗျ။ ဘာသွားတွေ့သလဲဆို ဒီ ၂ကောင်နဲ့က တိုက်ဆိုင်တာ အတော်များတယ် လို့ ဆိုရမယ်။ ဒီကောင်တွေ အလုပ်ရပြီ ဆိုမှ ကျွန်တော်လည်း အလုပ်ရတယ်။ ဒီကောင် ၂ ကောင် အလုပ်ပြုတ်ရင် ကျွန်တော်လည်း ဘာမှ မလုပ်ပဲ အလုပ်က လူလျော့တဲ့အထဲပါပြီး ကိုယ်ပါ အလုပ်ပြုတ်တော့တာပဲ။ တခါလည်း မဟုတ်ဘူး။ အဲ့သလိုနဲ့ ယုံသွားရတာပေါ့။
Gemini ကို ဗေဒင်မေးဖို့ ကိုယ့်မွေးနေ့ မွေးတဲ့အချိန်ကို အရင်ဆုံး သိမှ ရမယ်။ အဲ့ဒီ မွေးနေ့ မွေးချိန်တွေရယ် တခြား လိုအပ်တဲ့ ဟာတွေကို ကိုစေတန် လုပ်ပေးထားတဲ့ ဆီမှာ ထည့်လိုက်။ အဲ့ကနေ မှ Gemini ဆီမှာ မေးရမယ့် prompt ကို ထုတ်ပေးလိုက်မယ်။ အဲ့ prompt ကို Gemini မှာ paste ချလိုက်ရင် ရပြီ။ မြန်မာလို ဗေဒင်ဟောစာတမ်း ထုတ်ပေးလိမ့်မယ်။
ကျွန်တော်လည်း မယုံတဝက် ယုံတဝက်နဲ့ မေးလိုက်တာပါ။ ဖြစ်ချင်တော့ ၂၀၂၅ မှာ အလုပ်မှာ ရာထူးတိုး မလား ဆိုပြီး မေးလိုက်တော့ ရာထူးတိုးမယ် ဒါပေမယ့် ရာထူးအသစ်မှာ အလုပ်ပိပြီး stress များလိမ့်မယ်ဆိုပြီး ဟောတယ်။ တကယ်တမ်း ရာထူးတိုးဖို့ အခွင့်အရေးက အတော်ကို နည်းပါတယ်။ 10 % ပဲ ရှိတာ။ အလုပ်ထဲမှာ ရာထူးတိုးဖို့ စောင့်နေတာ ကျွန်တော် အပါအဝင် ၈ ယောက်ရှိတယ်။ အဲ့ထဲက ၂ ယောက်ဆို ကျွန်တော့်ထက်ကို service က များနေတာ။ တိုးမယ်ဆို သူတို့ အရင် တိုးပြီးမှ ကျွန်တော်တို့ ကျန်တဲ့သူတွေ က တိုးမှာ။ အဲ့သလိုဗျာ။ အဲ့တာနဲ့ မေးပြီး မေ့မေ့ပျောက်ပျောက်ဖြစ်နေရင်း တရက်ကျ ကျွန်တော့် department head က မင်း ရာထူးတိုးဖို့ အင်တာဗျူး ဝင်ပြီးပြီလား မေးပြီး လာခဲ့ ငါဗျူးမယ်ဆိုပြီး မပြောမဆို အင်တာဗျူးပြီး ရာထူးချက်ချင်းကြီး တိုးပေးလိုက်ပါလေရော။ ရှေ့က လူတွေ တန်းစီနေတာမှ ၇ ယောက်တောင်ဗျာ။ အဲ့တာကို နောက်ဆုံးမှာ ရောက်နေတဲ့ ကိုယ့်ကို ရုတ်တရက်ကြီး အင်တာ ထ ဗျူးပြီး ရာထူးချက်ချင်းတိုးပေးလိုက်တော့ Gemini ရဲ့ ဗေဒင်က မှန်သွားရောပေါ့။
Comments
Post a Comment