ဒီပိုစ့်ကတော့ personal feeling ပါ။ သင်္ကြန်မှာ ရေကစားကြတဲ့သူတွေကို ဆူကြတဲ့ သူလည်း ရှိရဲ့။ မ ကစားရဘူး လို့ ပြောတဲ့ သူလည်း ရှိရဲ့။ ထုံးစံအတိုင်းပေါ့။ ဆိုတော့ ကိုယ်မြင်တာ တွေ့တာလေး ကို နည်းနည်းတော့ ပြောချင် ရေးချင်လာလို့ ရေးဖြစ်တာပါ။ တောထဲ က ရော်ဘဲတွေလည်း မြန်မာတွေပဲ မဟုတ်လား။ မြန်မာအတာသင်္ကြန်ကို ရေကစားချင်ရှာမှာပေါ့။ သူတို့ စိတ်တွေလည်း တိုက်ပွဲတွေကြောင့် ခဏတော့ အနားယူသင့်တယ် လို့ ကိုယ်တော့ ထင်တာပဲ။ (ဟို Mad A Low တွေ သင်္ကြန်တွင်းကြီး လေယာဉ်နဲ့ လိုက် လုပ်တာကတော့ ပြောမနေနဲ့တော့။) မော်လမြိုင်ရောက်တော့ သုံးဘီးဆရာက “ဒီနှစ်သင်္ကြန် အတော်စည်တယ်၊ လူတွေ မပျော်ရတာ ၅ နှစ်ရှိပြီလေ” ဆိုပြီး ပြောတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနှစ် သင်္ကြန်မှာ KNU နယ်မြေထဲ ရောက်ဖြစ်သွားတယ်။ ဂိတ် တစ်ခုကို စ ရောက်တော့ “ညီလေးတို့ ရှေ့ဆက်သွားလို့ မရတော့ဘူး” လို့ လာ ပြောတယ်။ “ဘာဖြစ်လို့လဲ အကို” လို့ မေးတော့ “စတုဒီသာ အဝ စားပြီးမှ ရှေ့ဆက်သွားလို့ ရမယ် ညီလေး” တဲ့။ KNLA စစ်ဆေးရေး ဂိတ်ပါ။ DKBA ဂိတ် တစ်ခု နှစ်ခု ကိုလည်း ဖြတ်ခဲ့ရပါသေးတယ်။
ကရင် စစ်ဆေးရေး ဂိတ်တိုင်း ရေ ပက်ပါတယ်။ စည်ပိုင်းတွေချပြီးတော့ စပါယ်ရှယ် ပက်တာပါ။ ဂိတ်တစ်ခုမှာ ရော်ဘဲ တစ်ယောက်က ညာဘက်က အရှည် လွယ်ထားပြီး ဘယ်ဘက်မှာ ရေပြွတ်သေနတ် အကြီးကြီး လွယ်ထားပါတယ်။ လာသမျှ လူ မလွတ်တမ်း ရေပြွတ်နဲ့ ပစ်ပါတယ်။ တချို့ ဂိတ်တွေ ကျတော့ စစ်ဆေးရေး လုပ်တာ တဖွဲ့၊ သူတို့ စစ်ပြီးတာနဲ့ နောက်တဖွဲ့က စစ်ပြီးတဲ့ ကားကို ရေပက်ဖို့ စောင့်နေတာ တဖွဲ့ ၊ တချို့ ဂိတ် ကျတော့လည်း လမ်း ညာဘက်ကနေ စစ်တယ်၊ ဘယ်ဘက်မှာ ရေပက်တယ်။
ပြည်မနဲ့ တောင်တန်း ဘယ်လို တသားတည်း ကျသလဲ ဆို ၆ ဂွင်မှာ ဘယ်သွားသွား ဖာစီ ရဲ့ ဒါးဒါ ဒါးဒါ ချည်း ဖွင့်ပြီး အဲ့တာချည်း အော် နေကြလို့ အဲ့အသံကြီး ငါ့နားထဲက ကို မထွက်တော့ဘူး။ လုပ်ကြဦး။ :3
ခွေးဂိတ်တွေမှာတော့ အဲ့လိုတွေ မရှိပါဘူး။
ပုံ - ကော်သူလေး ရောက် ဘဲဥလေး
Comments
Post a Comment