Skip to main content

Budget Android Tablet

 တကယ်လို့ မိတ်ဆွေက ဈေးနှုန်းသက်သာတဲ့ tablet တစ်လုံးကို ရှာနေတာဆိုရင် ဒီပိုစ့်က မိတ်ဆွေအတွက်ပါပဲ။ (ဟီး ဟို ရီဗျူးသမား အသံနဲ့ ရေးကြည့်တာ) Redmipad SE ပါ။ On Paper ပေါ်က Spec တွေ ရွတ်မပြတော့ပါဘူး။ သိချင်ရင် ဒီမှာ ဝင်ကြည့်ပါ။ redmi pad se specification on GSMArena

Title က budget ဖြစ်နေပေမယ့် ၈ သိန်းတန်ကို budget လို့ ဘာလို့ပြောရသလဲ ဆိုပြီး မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ သူ့ထက် ဈေးနည်းတဲ့ tablet တွေလည်း ရှိပါတယ်။ သူနဲ့ ဈေးတူပြီး သူ့ထက် specification ပိုကောင်းတဲ့ tablet တွေလည်း ရှိပါတယ်။ Performance အကောင်းဆုံးနဲ့ ကျွန်တော့် စိတ်တိုင်းအကျဆုံး ကို ဈေးအနည်းဆုံး နဲ့ ရနိုင်တာ ဒီကောင်မို့ပါ။ ဥပမာ redmi pad 8.7 inch ဆိုရင် ဒီကောင့်ထက် ဈေးနည်းပါတယ်။ sim card ထည့်လို့ရပါတယ်။ ဒါပေမယ့် SoC က စုတ်နေတော့ လေးတာ နှေးတာတွေရှိပါတယ်။ ဈေးတန်းတူတာထဲကဆို huawei 11.5 matepad ရှိပါတယ်။ ဒါပေမယ့် Google apps တွေ သုံးလို့ အဆင်မပြေပါဘူး။ အဲ့ဒါကိုလည်း မြန်မာက ရီဗျူးလုပ်တဲ့သူတွေက သူတို့ video တွေထဲမှာ ရသလိုလို မရသလိုလို မရေမရာ ပြောပါတယ်။ honestly မပြောပါဘူး။ လမ်းကြုံလို့ ပြောရရင် မြန်မာပြည်က tech review သမားတွေ မှ မဟုတ်ဘူး။ တခြားနာမည်ကြီး worldwide က နာမည်ကြီး review သမားတွေတောင် bias ဖြစ်တာ၊ ဘက်လိုက်တာတွေ ရှိနေသေးတာပဲ။ 

လိုတိုရှင်းပြောရရင် review သမားတွေ ပြောတာတွေအကုန်လုံး မယုံဖို့ပဲ။ ကျွန်တော်က ကျွန်တော်လိုချင်တဲ့ information ကိုပဲ သူတို့ဆီက ယူတယ်။ ဘာလို့လဲဆိုတော့ review သမားတွေက cons တွေကို တော်ယုံ မပြောကြဘူး။ သူတို့ပြောလိုက်လို့ တခုခုဖြစ်သွားရင် တရားစွဲခံရတာတွေ ဘာတွေ ဖြစ်မှာလည်းကြောက်ရသေးတာကိုး။ အဲ့တော့ မကောင်းတဲ့အချက်တွေကို ပြောတဲ့သူက မရှိသလောက်နည်းတယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ။ ကျွန်တော် huawei matepad 11.5 အကြောင်းသိချင်လို့ youtube က reviewer တွေ မှာ လိုက်ကြည့်တယ်။ ဘယ်သူမှ Google Play Service အကြောင်း သေချာ မပြောဘူး။ တစ်ခွန်းစ နှစ်ခွန်းစလောက်ပဲ ပြောတယ်။ ကျွန်တော် သိချင်တာက အဲ့ tablet မှာ Google services တွေ အဆင်ပြေပြေ သုံးလို့ရမလား သိချင်တာ။ ဒါပေမယ့် အဲ့တာကို သေချာ မပြောဘူး။ ရတယ် ဆိုပြီး google app တွေကို တစ်ချက်ပြလိုက်တာပဲ ရှိတာ။ နောက်ပြီး ကျွန်တော် မကြိုက်တာက reviewer တွေက အဲ့ tablet ရဲ့ marketing point တွေကိုပဲ ဆက်တိုက်ရွတ်ပြနေတာပဲ။ reviewer လား promotion ဆင်းတဲ့သူလား မသဲကွဲတော့ဘူး ဖြစ်ကုန်တယ်။ နောက်တစ်ချက်က reviewer ၃ ယောက် ကိုကြည့်တာမှာ ၃ ယောက်လုံးက ပြောတာတွေက အတူတူပဲ ဖြစ်နေတယ်။ Specification တွေကို ထိုင်ရွတ်တာကတော့ ဘယ်သူ လုပ်လုပ် လုပ်လို့ရနေတာပဲ မဟုတ်ဘူးလား။ 

နောက်ပြီးတော့ အခုနှစ်တွေထဲမှာ ဖုန်းဆိုင်တွေကိုယ်တိုင်က youtube channel ထောင်ပြီး phone တွေ tablet တွေကို review လုပ်လာတာပဲ။ အဲ့တာကကျ ပိုဆိုးတယ်။ သူက review လုပ်တာ မဟုတ်တော့ပဲနဲ့ စောနပြောသလို promotion ဆင်းတာကြီးပဲ ဖြစ်နေတော့တာ။ 


    ကျွန်တော် ဒီ tablet ကို ၁ နှစ်ခြားပြီး ၂ လုံး ဝယ်ခဲ့ပါတယ်။ ပထမတစ်လုံးက ၂၀၂၃ မှာ အမေ့အတွက် ဝယ်ခဲ့ပြီး ၂၀၂၄ မှာ အမ အတွက် တစ်လုံး ထပ်ဝယ်ခဲ့ပါတယ်။ ပြောချင်တာကတော့ အဲ့ ၂ လုံးမှာ ဈေးက တစ်သိန်းကျော် လောက် ကွာပါတယ်။ အမေ့အတွက်ဝယ်တုန်းက ၄ သိန်း ခွဲနဲ့ global အလုံး ရပြီးတော့ အမအတွက်ဝယ်တော့ ၆ သိန်းစွန်းစွန်းနဲ့ china အလုံးပဲ ဝယ်လို့ ရတော့ပါတယ်။ ငွေကြေးဖောင်းပွမှု့ မြင့်လာတဲ့ အတွက်ပါ။ ဈေးတွေတော့ သေချာ မမှတ်မိတော့ဘူး။ မှားရေးမိရင်လည်း ပြန်ပြင်ပါ့မယ်။ ဆိုတော့ ဈေးနှုန်းအရ ဒီဈေးတန်းမှာ ဒီကောင်လေး မဆိုးဘူးလို့ ပြောလို့ရပါတယ်။ daily usage မှာ ဘာတွေသုံးသလဲဆိုရင် zoom သုံးပါတယ်။ youtube ကြည့်ပါတယ်။ telegram သုံးပါတယ်။  Facebook & Messenger သုံးပါတယ်။ တခါတလေ Google Docs, Sheet သုံးပါတယ်။performance အနေနဲ့ နှေးတာ လေးတာ မရှိပါဘူး။ ၁၁ လက်မ ဆိုတော့ Youtube ကြည့်တာ အနေတော်ပါပဲ။ ရုပ်ရှင်တွေကြည့်တာ ဖုန်းနဲ့ မကြည့်ပဲ ဒါနဲ့ ကြည့်တော့ နည်းနည်း ပိုပြီး ကြီးကြီး ကြည့်ရတာပေါ့။ အဲ့ ၂ လုံးကို ဘေးချင်းယှဉ်ချကြည့်တဲ့အခါ display တွေက color တွေ မတူကြပါဘူး။ တစ်လုံးက warm ဖြစ်ပြီး တစ်လုံးက cool ဖြစ်တဲ့ tone ဘက်ကို သွားပါတယ်။ အဲ့တာကလည်း ဘေးချင်း ယှဉ်ချထားလို့ သိတာပါ။ ဒီအတိုင်းဆို သိတောင် သိမှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီကောင်က Touch pen မရပါဘူး။ အခု အသစ်ထွက်တဲ့ redmi pad 2 မှာတော့ ရတယ်လို့ ပြောပါတယ်။ မသုံးဖူးသေးလို့ မသိပါဘူး။ 

အသံထွက်ကတော့ နည်းနည်း သဘောမကျချင်ဘူး။ နည်းနည်း လိုတယ်လို့တော့ ခံစားရတယ်။ ဒါပေမယ့်လည်း သူ့ဈေးတန်းထဲမှာဆိုရင် ကောင်းတယ်လို့ ပြောလို့ရတယ်။ သဘောမကျတာက dolby ဘာညာ နာမည်တပ်ထားပြီး မကောင်းလို့ သဘောမကျဘူး ပြောတာပါ။ 

User Experience အရ ပြောရမှာက china version ကို global change ပြီးသုံးတဲ့အခါ system update က တိုင်ပတ်ပါတယ်။ အဲ့တော့ ဝယ်မယ့်ဆိုင်ကို သေချာမေးမြန်းပြီး ဝယ်ကြပါ။ နောက်ပြီး ကိုယ့်မှာ xiaomi ဖုန်းရှိတယ်ဆိုရင် ဒီ tablet နဲ့ တွဲသုံးလို့ ရတဲ့ features တွေ ရှိပါတယ်။ ကျွန်တော့်မှာ ဖုန်းမရှိလို့ မစမ်းခဲ့ဖူးပါဘူး။ (Xiaomi phone လက်ဆောင်ပေးချင် cb :P )


 

ဒီကောင့်ကိုပဲ Xiami က ထုတ်တဲ့ Bluetooth keyboard & mouse နဲ့ တွဲပြီး သုံးပါတယ်။ ကီးဘုတ်က ကျွန်တော် ဝယ်တုန်းက ၇ သောင်းပါ။ အခု ၂၀၂၅ မှာ တစ်သိန်း ဖြစ်သွားပါပြီ။ ကီးဘုတ်က ကောင်းလားဆိုတော့ သူ့ဈေးတန်းမှာ တော့ သုံးပျော်ပါတယ်။ mechanical keyboard တွေနဲ့တော့ သွားမယှဉ်နဲ့ပေါ့။ Logitech နဲ့လည်း သွားမယှဉ်နဲ့။ သူ့ဈေးတန်းနဲ့ သူ ပါ ဆိုနေကိုး။ ဘာလို့ ရွေးသလဲဆို သူနဲ့ သိပ်မကွာတဲ့ keychron BP1 က အဲ့အချိန်မှာ ၂ သိန်းခွဲလောက်ရှိတယ်။ ဒီကောင်က ၇ သောင်းဆိုတော့ ဒီကောင်ကို ရွေးဖြစ်သွားတာ။ keychron BP1 က သူ့ထက် slim ဖြစ်တယ်။ compact ပိုဖြစ်တယ်။ ဈေးက ၄ဆ လောက်ကွာနေတယ်။  ကီးဘုတ်က Bluetooth device ၂ လုံးပြိုင်တူချိတ်ထားလို့ရတယ်။ 2.4GHz dongle  နဲ့လည်း ချိတ်လို့ရတယ်။ သဘောကျတာက ကီးဘုတ်ဝယ်တဲ့အခါ tablet holder လေး ပါတယ်။ အဲ့တာလေးနဲ့ tablet ကို stand လုပ်လို့ရတာလေးကို သဘောကျတာ။ 

mouse ကတော့ ၄ သောင်းဝန်းကျင်လောက်ပဲ ကျတယ်ထင်တယ်။တရုတ်ပြည်ရောက်တုန်းက xiaomi store ကနေ ဝယ်လာခဲ့တာ။ Mi wireless mouse 3 ပါ။ မြန်မာမှာတော့ ၇ သောင်းလောက်နဲ့ ရောင်းနေတာတွေ့တယ်။ Keyboard ရော mouse ရော ရန်ကုန်မှာဆို Win mobile မှာ ဝယ်လို့ရတယ်။ မန္တလေးမှာဆို sweetconnect မှာ ရနိုင်တယ်။ mouse ကလည်း Bluetooth ရော 2.4GHz နဲ့ရော ချိတ်လို့ရတယ်။ ဒီ mouse မဟုတ်ပဲ comfort ဖြစ်တဲ့ mouse ကိုလည်း အခု ကြိုက်နေတယ်။ ဒါပေမယ့် သူက size နည်းနည်း ကြီး ပြီး portable မဖြစ်လို့ ဒီ set up အတွက် မရွေးလိုက်တာပါ။ 

အခုမှ ကြည့်မိတယ်။ keyboard ရော mouse ရော ဈေးတွေက မငြိမ်ဘူး။ တစ်ဆိုင်နဲ့ တစ်ဆိုင်လည်း ဈေးမတူကြဘူး။ အဲ့တော့ ကိုယ့်ဟာကို သာ လိုက်ရှာဝယ်ကြပေတော့။ အစက တစ်ခုချင်းစီရဲ့ link တွေ ထည့်ပေးမလို့။ ဆိုင်တွေက ဈေးတွေ မတူတော့ ဆိုင်ရဲ့ link တွေ ပဲ ထည့်ပေးထားလိုက်တော့တယ်။ 

Gadget Store by Win Mobile World 

SweetConnect - Smart Living

C4E


Comments

  1. ခုလို ဗဟုသုတလေးတွေ ပြန်မျှဝေပေးလို့မရဘူး ကျေးဇူးပါဗျ။ အသိပညာတိုးပွားရပါတယ်။ 😁

    ReplyDelete
  2. "မရဘူး"မပါပါဘူးဗျ။ ကီးဘုတ်က သူ့ဖာသူအော်တို့ထည့်သွားတာပါ။ ပြန်မစစ်လိုက်မိလို့။

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter