မိုးတွင်းမှာ တောင်တက်ရတာလည်း မလွယ်ဘူး။ ဖိနပ်ထဲရေဝင်ပြီး လမ်းလျှောက်ရတာ အဆင်မပြေ။ ရန်ကုန်အိမ်ပြန်ရောက်တော့လည်း မိုးက နေ့တိုင်းလိုလို ရွာနေတော့ ဖိနပ်က မခြောက်နိုင်။ အနံ့တွေစွဲ နဲ့ အတော်ဒုက္ခများတာ။
အဲ့တာနဲ့ solution လိုက်ရှာရင်း ဒီကောင်လေးတွေကို သွားတွေ့တယ်။ မနက်ဆို နေပွင့်တာနဲ့ ဖိနပ်ကို အပြင်ထုတ်လှမ်းတယ်။ နေမပူတဲ့နေ့တွေ နဲ့ ညဘက်တွေဆို ဒီကောင်လေးနဲ့ ဖိနပ်ကို အခြောက်ခံတယ်။
သုံးရတာလည်း လွယ်တယ်။ Plug တပ်လိုက်ပြီးတာနဲ့ ခလုတ်ကိုနှိပ်လိုက်တာနဲ့ အချိန်ရွေးပြီး တန်းသုံးယုံပဲ။
3 hour, 6 hour, 9 hour ဆိုပြီး timer ပေးလို့ရတယ်။ တခြား shoe dryer တွေလည်း ရှိတယ်။ ဒီကောင်ကတော့ ဈေးအချိုဆုံးပဲ။ မီးလာမှ ပဲ သုံးလို့ရတယ်။ AC Plug နဲ့ ကိုး။
ဒီ Shoe Dryer တွေကို ကျွန်တော် gadget ဝယ်နေကျဆိုင်တွေဖြစ်တဲ့ C4E နဲ့ SweetConnect မှာ ဝယ်လို့ရတယ်။
P.S ကျွန်တော် ကြော်ညာခမရပါဘူးနော်။ ဒီအတိုင်း လက်တို့တာပါ။
https://www.facebook.com/share/r/1C3uc2J57V/?mibextid=wwXIfr
https://www.facebook.com/share/v/1FTCrULSR7/?mibextid=wwXIfr



Comments
Post a Comment