Hpa Ann သို့

ကိုဗစ် ဖြစ်နေတော့ သွားမယ် စိတ်ကူးထားတဲ့ ခရီးတွေ အကုန်ပျက်ကုန်တယ်။ ၄ လ ပိုင်း လင်းခေး သွားဖို့ရော ဘားအံ နဲ့ ကလော သွားမယ် လုပ်ထားတာတွေရော အကုန်ပျက်တာပဲ။ အဲ့တာနဲ့ ပျင်းတယ် ဆိုပြီး facebook မှာ ပြောမိတော့ ကိုမင်းရဲလှ က သူ ဘားအံ သွားဖို့ရှိတယ် လိုက်ချင် လိုက်ခဲ့ ဆိုတာနဲ့ ဘားအံ လိုက်လာဖြစ်တယ်။ Sat သွားမယ် ဆိုပြီး ပြောထားတာဆိုတော့ friday ကျမှ ပြင်မယ် ဆင်မယ် လုပ်လိုက်တာ friday မှာ ဓါတ်ပုံရိုက်စရာ ပေါ်လာတော့ ဘာမှ မပြင်မဆင်လိုက်ရဘဲ ထွက်လာလိုက်ရတယ်။ ဘားအံ ကို ရောက်ပြီး ခဏနား ပြီးတာနဲ့  ဇွဲကပင်တောင် တက်ဖို့ သွားကြတော့တာပဲ။ တောင်ပေါ် စတက်တော့ ညနေ ၅နာရီ ခွဲနေပြီ။ ၃ နာရီလောက် တက်လိုက်ရတယ်။ လူက training မရှိတော့ ပိုဆိုးတာပေါ့။ တောင်တက်ဖို့ကို HpaAnn.com က ညီအစ်ကိုတွေနဲ့ တက်လို့သာ တော်တော့တယ်။ သူတို့ က အကုန် အဆင်သင့် လုပ်ပေးထားလို့ ရုတ်တရက် မိုးရွာတော့ မိုးကာနဲ့ ချက်ချင်း ကာလို့ ရသွားတာ။ လူက မိုးစိုလို့ ဘာမှ မဖြစ်ဘူး။ ကင်မရာ အိတ်က စိုလို့ မရဘူးလေ။ နောက်တခါ တောင်တက်ရင်တော့ မလိုတာတွေ လျော့ပြီး သယ်ရမယ်။ ဒီတခေါက်က မလိုတာတွေများနေတယ်။ အလကားနေရင်း weight အပိုတွေ သယ်ရတာ တော်တော် မသက်သာတာပဲ။ ဒီတခေါက်နဲ့ မှတ်သွားတာပဲ။ 

Hpa-Ann Hide Out  ဆိုတဲ့ နေရာလေးလည်း တော်တော်မိုက်တယ်။ ကရင်ရိုးရာ အစားအစာတွေ ရတယ်။ သွားရတာတော့ ဝေးတယ်။ လမ်းမသိရင် လမ်းလည်း ပျောက်တတ်တယ်။ 

P.S - ဒီ post အတွက် vlog လုပ်ဖြစ်ရင် post ကို update လုပ်ပေးမယ်။ ခုတော့ တရက် တရက် ရေးနိုင်သလောက် နည်းနည်းချင်း ရေးနေတယ်။ video ကို edit လုပ်ဖို့ ဆို တော်တော်ကြာမယ် ထင်တယ်။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း