စိတ်ကူးပေါက်ရာ စာစုများ (၂)

ဒီနှစ်က အသက်ကြီးလာတာကို သိသိသာသာ သိသွားတဲ့နှစ်ပဲ။ မသိလို့လည်း မရဘူးလေ။ ကိုယ့်ကောင်တွေက တနှစ်လုံး တလကို တယောက်နှုန်းနဲ့ မင်္ဂလာဆောင် နေကြတာကိုး။ တချို့ဆို ကလေးတွေဘာတွေတောင်ရနေကြပြီလေ။ တခါတလေ အသက်ရှည်ချင်စိတ်လေးဖြစ်မိတယ်။လူပျိုဘဝ မှာ ကြာကြာနေချင်သေးလို့ 😁 တခါတလေကျတော့လည်း အသက်ကို ရပ်ထားလို့ ရရင်ကောင်းမှာပဲလို့တွေးမိတယ်။ အသက်ကြီးလာတာနဲ့အမျှ အလုပ်တွေ ပိုလုပ်လာရတယ် တာဝန်တွေ ပိုပိလာတယ် စိတ်ဖိစီးမှု့တွေ ပိုများလာတယ် လောဘတွေ ပိုတက်လာတယ်။ ကောင်းတာဆိုလို့ အပေါင်းအသင်းများလာတာရှိမယ်။ ရင့်ကျက်လာတာရှိမယ်။ လူတွေအကြောင်းပိုသိလာတာရှိမယ်။ မိသားစုနဲ့ နေချင်လာတာ ရှိမယ်။

ဒါပေမယ့် မကောင်းတာက ပိုများနေသလိုပဲ။ 
မွေးနေ့ လက်ဆောင်လည်း လိုချင်တဲ့ သူတွေဆီက ရခဲ့ပါတယ်။ တခါမှ မရဘူးတဲ့ မွေးနေ့ လက်ဆောင် အဖြစ် ကဗျာတပုဒ်ပါ ရခဲ့တယ်။

Facebook မှာ မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ အမျိုးတွေကို ကျေးဇူးတင်ပါတယ်။ reply မပြန်နိုင်တာ ခွင့်လွတ်ကြပါ။ Noti တွေတက်ပြီး post ရှာ မတွေ့လို့ပါ။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း