Speech to Text is available on Google voice typing

Google Voice အသုံးပြုကာ မြန်မာဘာသာစကားအသံဖြင့် စာရိုက်နိုင်ပါပြီ။

ထိုသို့ ရိုက်နိုင်ရန် အောက်ပါအတိုင်း ပြုလုပ်ပေးပါ။

သင့်အန်းဒရိုက်ဖုန်း၏ Settings ရှိ Languages and inputs သို့သွားပါ။


Virtual keyboard သို့ သွားပါ။

Google Voice typing ကို နိပ်ပါ။


Voice settings ရှိ Languages ကိုနိပ်ပါ။

မြန်မာအသံရွေးချယ်ရန် အောက်ဆုံးသို့ ဆင်းကာ မြန်မာဘာသာကို ရွေးချယ်ကာ save လုပ်ပေးပါ။


Google keyboard ရှိ မိုက်ခရိုဖုန်းနိပ်ကာ မြန်မာဘာသာစကားဖြင့် စာရိုက်နိုင်ပါပြီ။
( ကီးဘုတ်တွင် မြန်မာကီးဘုတ်ပြောင်းပြီးမှ microphone ကိုနှိပ်ပါ)


အင်တာနက်ကော်နက်ရှင် လိုအပ်သလို စကားလုံးဖော်ပြမှုနှေးကာ စကားလုံးအားလုံး အမှန်မဖြစ်သေးပါဘူး။

မြန်မာအသံဖြင့် စာရိုက်ခွင့် စပြုပေးသော Google အား အထူးကျေးဇူးတင်ရှိပါတယ်။

ယူနီကုဒ်သုံးသူ မိတ်ဆွေအပေါင်း ‌မြန်မာအသံဖြင့် စာရိုက်ကာ ရွှင်းလန်းနိုင်ကြပါစေ။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ