Skip to main content

ဖုန်းဆိုင်က ပုံပြင်များ

ကိုယ့်လူတွေကို ဖုန်းဆိုင်မှာ တစ်ရက်လောက် နေစေချင်တယ်။

ဖုန်းဆိုင်မှာ ဆားဗစ်လုပ်ရတာ တရက်ပြီး တရက် ပြဿနာ တစ်ခုပြီး တစ်ခု မရိုးရဘူး။
တရက်တုန်းကပေါ့။ ကောင်လေးတစ်ယောက် ဖုန်းလာပြင်တယ်။
သူ့ဖုန်းက bill တွေ စားနေလို့တဲ့။ Bill ထည့်လိုက်တာနဲ့ ကုန်ရောတဲ့။
အဲ့ဒါနဲ့ ကြည့်လိုက်တော့ သူပြောတဲ့အတိုင်း ဟုတ်နေတယ်။
ဘယ်လိုဟုတ်တာလဲဆိုတော့ ဖုန်းမှာ virus ဝင်နေတာပေါ့။ Virus app က
အင်တာနက်တွေ auto ဖွင့်ပစ် download တွေ သူ့ဟာသူဆွဲ ကြော်ငြာတွေ လျှောက်ပြနဲ့ ဆိုတော့
bill ထည့်လိုက်တာနဲ့ကုန်တော့တာပေါ့။ ကိုယ်ကလည်း ပါးစပ်က အကျင့်ပါပြီးတော့
"ညီလေး ဘယ်လိုကနေစဖြစ်တာတုန်း" လို့ မေးလိုက်တော့ "မသိဘူး၊ မနေ့က မြေကြီးပေါ် ပြုတ်ကျပြီး
အဲ့လိုဖြစ်သွားတာပဲ" တဲ့။ ကိုယ်လည်း ပြန်ပြောလိုက်ပါတယ်။ " ဟာ သေချာပြီ ညီလေး၊ အဲ့ဒါ မြေဖုတ်ဘီလူးကိုင်တာ" လို့။

မြန်မာပြည်ကလူတွေက ဖုန်းသာကိုင်နေကြတာ ဖုန်းနဲ့ပတ်သက်တဲ့ knowledge ကြ တအားနည်းကြတာ။
တရက်ပေါ့။ အန်တီကြီး တစ်ယောက်ရောက်လာတယ်။ သူ့ဖုန်းက High end ဖုန်းဗျ။ Samsung S8 လားမသိဘူး။
သူ့ဖုန်းလေးနေလို့တဲ့။ ဘာမှလည်း လုပ်မရလို့ပါတဲ့။ အဲ့ဒါ ဖုန်းကို ယူကြည့်လိုက်တော့ internal storage ကလည်း
အများကြီးလွတ်သေးတယ်။ app တွေကလည်း ပုံမှန်သုံးသလောက်ပဲထည့်ထားတာပဲ။ သီချင်းတောင် ၁၀ ပုဒ်ပဲရှိတယ်။ movie
တောင် ထည့်မထားဘူး။ ဟုတ်တော့လည်း ဟုတ်တယ် ။ app တစ်ခုဖွင့်ဖို့ တော်တော်စောင့်ရတယ်။ အဲ့ဒါနဲ့ ဘယ်ကဖြစ်တာပါလိမ့်ဆိုပြီး
လိုက်ရှာတာ browser ထဲ ဝင်ကြည့်တော့မှ tab တွေဖွင့်ထားတာ ၁၀၀ ကျော်တယ်။ ပိတ်ရကောင်းမှန်းလည်းမသိ။ Facebook ကနေ
သတင်းဆိုဒ်တွေဝင်ဝင်ဖတ်ပြီး browser ထဲက tab တွေ တိုးတိုးလာတော့ ဖုန်းက လေးရော။ အဲ့ဒါနဲ့ နောက်ကို မဖြစ်အောင် သူ့ကိုသေချာရှင်းပြပြီး tab တွေ ပိတ်နည်းပါ
သင်ပေးလိုက်တယ်။ ပိုက်ဆံဘယ်လောက်ပေးရမလဲမေးတော့ မပေးပါနဲ့ အန်တီဆိုပြီး ပြောလိုက်တာ နောက်လည်း လာဦးမယ်နော်ဆိုပြီး တစ်ပါတ်တခါ
ဖုန်းဆိုင်ကိုလာပြီး browser က tab လာလာပိတ်ခိုင်းတော့တာပဲ။



ဒီတခါကြတော့ ကျွန်တော့် ဆရာသမားဗျ။ ကျွန်တော့်ကို Electrical  ပညာသင်ပေးတဲ့ ဆရာပေါ့။ သူ့ဆီမှာသင်တန်းတက်နေတုန်းကပေါ့။
အဲ့နေ့က သူက iPad လေး အသစ်ဝယ်လာပြီး ကျွန်တော်တို့ကို လာကြွားနေတာ။ ကျွန်တော်ကလည်း ဘာမှဝင်မပြောပဲ ဒီအတိုင်း ထိုင်ကြည့်နေတာပေါ့။
အဲ့ဒါ ဘူးထဲက ဘောက်ချာလေးကို ကြည့်မိတော့ မျက်စိကျယ်သွားတယ်။(ကျွန်တော်က သင်တန်းမှာဆို အမြဲအိပ်ငိုက်နေကြ ) ပထမ ဘောက်ချာက iPad အတွက်
ဘောက်ချာ ဒုတိယ ဘောက်ချာကို ကြည့်လိုက်မိတော့ စိတ်ဝင်စားသွားတယ် ။ အဲ့ ဘောက်ချာမှာရေးထားတာက

log in = sayarkyaw@icloud.com
password = SayarKy@w12345

သင့်ငွေ ၁၅၀၀၀ ကျပ်
တဲ့။
မြတ်စွာဘုရား iCloud account တစ်ခုဖွင့်ပေးတာကို တစ်သောင်းခွဲတဲ့။ တစ်သောင်းခွဲ နဲ့ ဖွင့်ပေးတဲ့ ဖုန်းဆိုင်ကို ကျွန်တော် လုံးဝ ( လုံးဝ ) အပြစ်မပြောလိုပါဘူး။
ဒီလို ကိုယ်ပိုင် သုံးတဲ့ iCloud account ကို သူများကို ဖွင့်ခိုင်းတဲ့ ကိုယ့်ဆရာကို ဘယ်လိုနားလည်ပေးရမလဲ။ ( တကယ်က ကိုယ့်ဆရာ တစ်ယောက်တည်းမဟုတ်။ မြန်မာနိူင်ငံမှာ
သူ့လိုလူတွေ အများကြီးမှ အများကြီး ဆိုတာ နောက်တော့ တွေ့ခဲ့ရသည် ) နောက်ပြီး iCloud ဖွင့်ရင်ပေးရတဲ့ security question တွေလည်း ဘယ်သူမှမမှတ်မိ။ ဖွင့်ပေးတဲ့
သူလည်း မှတ်မိမည် မထင်။
အော် ဒုက္ခ ဒုက္ခ
ဒါတောင် ကိုယ့်ဆရာက ပညာတတ်၊ နိူင်ငံခြားမှာ နိူင်ငံခြားသားတွေနဲ့ အတူ အလုပ်တွဲလုပ်ခဲ့တဲ့ သူနော်။

Comments

Popular posts from this blog

Huawei Unicode theme fonts

Huawei Myanmar Font
Huawei Myanmar Font For Android Jell Bean and KitKat.hwt ဖုန်း Root ဖောက်စရာမလို FontStyle ကနေ ဖုန်းဗားရှင်း 4.2.2 အထက် အသုံးပြုနိုင်ပါတယ်၊
အသုံးပြုအရမ်းလွယ်ကူပါတယ်။ အသုံးပြုပုံအောက်ပါတိုင်းကိုလုပ်ပေးရပါမည်။ Download ရလာတဲ့ *.hwt File ကို Copy လုပ်ပြီး HWTheme Folder ထဲကိုထည့်ပေးပါ၊ ပြီးရင်ဖုန်း Setting > Display > FontStyle မှာ မိမိ၏ထည့်ထားတဲ့ဖောင့်ကို Apply လုပ်ပေးပါ။ MyanmarBook Theme font





https://app.box.com/s/585rp5mefswv0zyizdqncegtrj1bpz0q

Huawei Myanmar Font For Android Jell Bean and KitKat.hwt Download Here
All Download MM Font.zip
https://drive.google.com/open?id=0B-dYNIHp2YidbUF1MkFCaTh3WUk KhunPaOh For Huawei Android KitKat.hwt
https://drive.google.com/open?id=0B-dYNIHp2YidMDRBbS1qYk5xcWc Hsi Hseng For Huawei Android KitKat.hwt
https://drive.google.com/open?id=0B-dYNIHp2YidQVluTEs0aEs1UWc MM Bagan For Huawei Android KitKat.hwt
https://drive.google.com/open?id=0B-dYNIHp2YidUlZDdldEX2ZFdEk MM Grand For Huawei Android KitKat
https://drive.google.co…

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [DOWNLOAD]
Mirror Link (Google Drive)
– Pyidaungsu-1.8_Bold.ttf ဖောင့်   [DOWNLOAD]
Mirror Link (Google Drive)

Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [DOWNLOAD]
Mirror Link (Google Drive)
– Pyidaungsu-2.5_Bold.ttf ဖောင့်    [DOWNLOAD]
Mirror Link (Google Drive)

iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [DOWNLOAD]
Mirror Link (Google Drive)

Download Myanmar Unicode KeyboardsKeyMan Keyboard အသုံးပြုခြင်း
Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [DOWNLOAD]
  Mirror Link (Google Drive)

Myanmar3 2018 – Myanmar3_2018.ttf ဖောင့်   [DOWNLOAD]
Mirror Link (Google Drive)


Pyidaungsu Font (Myanmar Unicode)FAQ

(၁) ပြည်ထောင်စုဖောင့် ဆိုတာ ဘာလဲ?
ပြည်ထောင်စုဖောင့် ဆိုသည်မှာ ကွန်ပျူတာသုံး မြန်မာစာစနစ် ဖောင့် အမျိုး အစား တစ်ခု ဖြစ်ပါသည်။ ပြည်ထောင်စုဖောင့်သည် ယူနီကုဒ်စနစ် (Unicode) ကို လိုက်နာထားသည့် စနစ်တစ်ခု ဖြစ်ပါသည်။ ယူနီကုဒ် ဆိုသည် မှာ နိုင်ငံတိုင်းတွင် အသုံးပြုလျက်ရှိသော အက္ခရာစာလုံးများ အတွက် မည် သည့် Platform တွင်ဖြစ်စေ၊ မည်သည့် Program တွင် ဖြစ်စေ၊ မည်သည့် ဘာသာစကား Language တွင် ဖြစ်စေ အက္ခရာတစ်ခုချင်းစီကို သီးခြား သတ် မှတ်ပေးထားသည့် ကုဒ်နံပါတ်များဖြစ်သည်။ ယူနီကုဒ် ဆိုသည်မှာ ကမ္ဘာတွင် အသုံးပြုသည့် စကားများအားလုံးမှ အက္ခရာစာလုံး တစ်လုံးတိုင်းအတွက် တိကျသော နံပါတ်တစ်လုံးတည်းသာ သတ်မှတ်ပေးထားသော ဘုံသုံး စံ စနစ် ဟူ၍လည်း ခေါ်ဆိုကြသည်။
.
(၂) Myanmar 3 နဲ့ ဘာကွာခြားသလဲ?
ထိုသို့သော ယူနီကုဒ်စနစ်ကို လိုက်နာရေးသားထားသည့် ပြည်ထောင်စုဖောင့် ကွန်ပျူတာသုံး မြန်မာစာစနစ်သည် ယခင် Myanmar 3 ဖောင့် ကို အဆင့်မြှင့်ထားသည့် ဖောင့် ဟု ခေါ်ဆိုနိုင်ပါသည်။ (Myanmar 4 ဟု မခေါ်တွင်ဘဲ ပြည်ထောင်စုဟု ပြောင်းလဲ ခေါ်တွင်စေခြင်း ဖြစ်ပါသည်) ။ ပြည်ထောင်စုဖောင့်တွင် ယခင် Myanmar 3 ဖောင့် နှင့် အဆင်မပြေ မကိုက် ညီသည့် ကွန်ပျူတာ…