Skip to main content

CAF ဆိုတာ


ကျွန်တော်တို့တွေ XDA မှာ Custom rom တွေ flash ဖို့ရှာတဲ့အခါမှာ [] Tag တွေထဲမှာ
ရေးထားတဲ့ နာမည်တွေကို သတိထားမိမှာပါ။ [AOSP] တို့ [LOS] တို့ [CAF] တို့ စသည်ဖြစ်ပေါ့။
အဲ့ဒီအထဲကမှ CAF ဆိုတဲ့ ဟာလေးအကြောင်း ဒီနေ့ရေးမှာပါ။
CAF ရဲ့ အရှည်က Code Auroa Forum ပါ။

Google က Android version အသစ်ထုတ်လိုက်တဲ့အခါ source code ကို
android.googlesource.com မှာ release လုပ်ပါတယ်။အဲ့ဒီ code တွေက
Google ရဲ့ devices တွေပေါ်မှာ အလုပ်လုပ်ပါတယ်။ဥပမာ android-8.1.0_r14
ဆိုတာက Android version 8.1 ရဲ့ 14 ခုမြောက် stable version လို့ဆိုလိုတာဖြစ်ပါတယ်။
အဲ့ဒီ relese လုပ်တဲ့ code ကို AOSP (Android open source project ) လို့ ခေါ်ပါတယ်။

အဲ့ဒီ Google က ထုတ်တဲ့ source code ကို ကို LOS က ယူပြီး
ကျန်တဲ့ devices တွေမှာ အလုပ်လုပ်အောင် ထပ်ပြီး ပြင်ဆင်ပါတယ်။ LOS ရဲ့ မွမ်းမံထားတဲ့ code ကို
github.com/linageos/ မှာ ကြည့်လို့ ယူလို့ရပါတယ်။ LOS က community က လုပ်တာမို့
Test တွေဘာတွေ သိပ်မရှိပါဘူး။ ဒါပေမယ့်လည်း bug တွေကိုတော့ အမြန်ဆုံး fix လုပ်ပေးပါတယ်။

Chipset ထုတ်လုပ်တဲ့သူတွေဖြစ်တဲ့ Mediatek (MTK လို့ခေါ်ကြတယ်) နဲ့ Nvidia နဲ့ Qualcomm (Snapdragon CPU တွေ
ထုတ်တဲ့သူပေါ့) တို့ကလည်း LOS လိုပဲ Google ရဲ့  AOSP ကနေ source code ကို ယူပြီးတော့ သူတို့ရဲ့ device တွေနဲ့ cpu တွေနဲ့
ကိုက်ညီအောင် ပြုပြင်မှု့တွေထပ်လုပ်ပါသေးတယ်။ အဲ့ဒီလိုပြုပြင်ပြီးတဲ့ Source code ကို မှ Sony, Xiaomi စတဲ့ ဖုန်းထုတ်လုပ်တဲ့သူတွေက
SoC ထုတ်လုပ်တဲ့သူဆီက chipset ဝယ်တဲ့အခါမှာ တခါတည်း ရကြတာဖြစ်ပါတယ်။ ဒီနေရာမှာ AOSP ရဲ့ လိုင်စင်ကိုလည်း ထည့်ပြောရမှာဖြစ်ပါတယ်။
AOSP ကို open source ဆိုပြီး ဘယ်သူမဆိုယူသုံးလို့ရပါတယ် ဆိုပေမယ့် Hardware specific features တွေဖြစ်တဲ့ code တွေကိုတော့
ဖုန်းထုတ်လုပ်တဲ့သူတွေကပဲ ရယူခွင့် ကြည့်ခွင့် ရှိပါတယ်။

Nvidia နဲ့ Mediatek တို့လိုမဟုတ်ပဲ Qualcomm ကတော့ သူ့ရဲ့ hardware တွေအတွက် modified source code ကို
သူ့ရဲ့ ကိုယ်ပိုင်ဖိုရမ်မှာ တင်ပေးထားပါတယ်။
https://source.codeauroa.org/guic/la/
Qualcomm ရဲ့ SoC သုံးထားတဲ့ ဘယ်ဖုန်းအတွက်မဆို build လုပ်ဖို့လည်း instruction လမ်းညွန် လည်း ပေးထားပါသေးတယ်။
Code Auroa Forum မှာ ရှိတဲ့ Qualcomm ရဲ့ source code ကို သုံးပြီး လုပ်ထားတဲ့ ROM ဖြစ်လို့
XDA က လူတွေက အဲ့ဒီ ROM ကို  CAF လို့ခေါ်တာဖြစ်ပါတယ်။
CAF သာ မရှိရင် Google ရဲ့ AOSP မှာ support မလုပ်တဲ့ ဖုန်းတွေအတွက် Custom rom လုပ်ရတာ ပိုပြီးခက်ခဲမှာပါ။
Developer တွေက ROM တစ်ခုလုပ်ဖို့ CAF က ဘယ်လောက် အရေးကြီးလဲ ဆိုတာ သိကြပါတယ်။ အဲ့ဒါကြောင့် MTK SoC သုံး
ထားတဲ့ ဖုန်းတွေထက်စာရင် SD သုံးထားတဲ့ ဖုန်းတွေက Custom rom တွေပိုပြီး များများရှိနေတာပါပဲ။နောက်ပြီး CAF rom တွေက performance ပိုကောင်းပြီး
ပိုသွက်နေတယ်ဆိုတာကို ဝန်ခံရမှာပါ။ဘာလို့လဲဆိုတော့ Qualcomm က CAF မှာ နောက်ဆုံးပေါ် CPU speed boosting algorithms တွေကို
တောက်လျှောက် update လုပ်နေတဲ့အတွက် ဖြစ်ပါတယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။