အင်းဝသို့

မန္တလေးကိုရောက်တော့ အင်းဝ ကို တစ်ခါမှမရောက်ဖူးတာနဲ့ဒီတခါ သွားချင်စိတ်လေး ပေါ်လာတာနဲ့ သူငယ်ချင်း ဖိုးကောင်း ကိုခေါ်ပြီး ၂ ယောက်သား အင်းဝဘက်ကို ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့။

အင်းဝ ဟာ တကယ်တော့ ပုဂံ အသေးစားလေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပုဂံလောက်တော့ မခမ်းနားဘူးပေါ့။ မြို့ရိုးနဲ့ ကျုံးတွေ့လို့ အထဲဝင်ကြည့်တော့ငှက်ပျောခြံကြီးဖြစ်နေတယ်။ အထဲမှာဘာမှမရှိဘူး။ လည်စရာပတ်စရာ နည်းတယ်။ ဟိုတစ်ကွက်  ဒီတကွက် ဘုရားပျက်တွေတော့ ရှိတာပေါ့။ မယ်နု အုတ်ကျောင်း ကတော့ တော်တော်အချိန်ပေးပြီး ကြည့်မှရမယ်။အင်းဝကိုသဘောကျတာတစ်ခုက ဘုရားတွေမရှိတော့ ဘုရားရှိခိုးစရာမလိုပဲ ရှေးဟောင်း ကို အချိန်ပေးပြီး ခံစားလို့ရတာပဲ။ အင်းဝခံတပ် ကိုရောက်တော့ နေ့လည်ဖြစ်နေတာနဲ့ ခံတပ်ဘေးကထမင်းဆိုင်လေးမှာ ဧရာဝတီမြစ်ကြီးကို  ကြည့်ရင်း ထမင်းနဲ့အသုတ်စား ရတာလည်း အရသာတစ်မျိုး။ဒါနဲ့ပဲရောက်တုန်းလေး 360° ပုံလေး ရိုက်မိတာပေါ့။ ကံကောင်းတာက အဲ့နေ့က တိမ်တွေတကယ်လှတယ်ဗျာ။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း