Skip to main content

Mi A1 နဲ့ မြန်မာစာ

မင်္ဂလာပါ MiA1 နဲ့ ပတ်သက်ပြီး တွေ့နေရတာတွေများလို့ post အနေနဲ့ရေးလိုက်တာပါ။ တစ်ယောက်ချင်းကို လိုက်ပြောနေတာ မပြီးတော့လို့ပိုစ်ရေးလိုက်တာပါ။MiA1 က Xiaomi နဲ့ Google ပူးပေါင်းပြီးထုတ်တဲ့ ဖုန်းပါ။ ပုံမှန်ဖုန်းတွေလို MIUI မဟုတ်ပဲနဲ့ Google ရဲ့ Pure Android လို့ခေါ်တဲ့ ဘာမှ အလှပြင်ထား ဆင်ထားတာမရှိတဲ့ android စစ်စစ် နဲ့ run ထားတဲ့ Android One ဖုန်းပါ။ Android version အသစ်ထွက်ရင် Android One ဖုန်းတွေက အရင်ဆုံး update ရတာပါ။ပြီးမှကျန်တဲ့ဖုန်းတွေကရတာပါ ။
Pure Android တိုင်း Default Myanmar Font က Unicode Font ဖြစ်တဲ့ Google NotoSan Myanmar font ပါပါတယ်။
အဲ့ဒါကို မြန်မာနိူင်ငံမှာက လူသုံးများတဲ့ ဇော်ဂျီ font ကို ထည့်ပြီးသုံးတဲ့အခါ System Update မရ ဖြစ်ကုန်ကြတာပါ။ဘာလို့မရသလဲဆိုတော့ ဇော်ဂျီfont ထည့်ဖို့ bootloader unlock လုပ်ပြီး TWRP recovery ထည့်ရပါတယ်။ အဲ့ဒီလိုထည့်လိုက်တဲ့အခါ System recovery ကို TWRP က replace လုပ်လိုက်တဲ့အတွက် system update လုပ်လို့မရဖြစ်သွားတာပါ။ အဲ့သလို system update fail ပြနေရင် full rom ကို PC ကနေတင်မှပဲရတော့မှာပါ။

ပြောလက်စနဲ့ ဆက်ပြောလိုက်ပါဦးမယ်။ ဘာလို့ Android One ကိုင်သင့်သလဲ ဆိုတဲ့ အကြောင်းပေါ့။ Android မှာ တစ်လတစ်ခါ security update ပေးပါတယ်။ အဲ့ဒါက antivirus definition update လိုပေါ့။

Virus တွေရဲ့  ရန်ကနေကာကွယ်ဖို့ မိမိရဲ့ဖုန်းမှာ latest security patch ဖြစ်နေဖို့လိုပါတယ်။ အဲ့အတွက် Android One တွေ မှာပဲ တစ်လတခါ update ရမှာပါ။ နောက်ပြီး OS update ပေးတာကလည်း ဖုန်းစထွက်ပြီး ၂ နှစ်ကြာတဲ့အထိ အဲ့ဒီဖုန်းကို Google က  update ပေးမှာပါ။ ဒါ့ကြောင့် Android version အသစ်ထွက်တာနဲ့ သုံးချင်တဲ့သူတွေအတွက် Android One က အဆင်ပြေမှာ  ဖြစ်ပါတယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။