ထိုးခြင်း၊ ရစ်ခြင်း

မြန်မာ ယူနီကုဒ်ဖေါင့်မှာ ဘာလို့နောက်မှ သဝေထိုးရတာတုံးတို့၊ ဘာလို့နောက်မှ ယရစ်က ရစ်ရတာတုံးတို့ ဘူနေကြတယ်၊ဘယ် လိုထိုးထိုးရစ်ရစ်၊ ဖတ်လို့ရရင်ပြီးတာပဲ၊ခက်ထာက လက်ကွက် ပြဿနာ တက်နေကြတာ၊ ယခင် ယူနီမကုဒ်ဖေါင့်သုံးတဲ့ အချိန် တုန်းကတော့ အရင်ထိုးရ ရစ်ရနဲ့အကျင့်ကပါလာကြတော့ ယူနီ ကုဒ် ကီးဘုတ်အစစ်မှာ ယွင်းကုန်တာ၊ ယခင် ယူနီမကုဒ်တဲ့ကီး ဘုတ်အတိုင်း အရင်ထိုး အရင်ရစ်ချင်လည်းရနေတာပဲ .. ဒါပေ မယ့် ဘာနဲ့တူနေသလဲဆိုတော့ မိုက်ခရိုဆော့ ဝင်းဒိုးသုံးနေရာ ကနေ မက်ကင်းတော့ပြောင်းသုံးတော့ ယူဇာအင်တာဖေ့ကြီးက စိမ်းနေတော့ dual os တင်ပြီး မက်ပေါ်မှာ ဝင်းဒိုးတင်သုံးနေ ကြတဲ့ ဘောဇိတွေလိုဖြစ်နေတာ :D - တကယ်တော့ လက်ရှိအများသုံးနေကြတဲ့ ယူနီမကုဒ် ဖေါင့်သုံး နေရာကနေ ယူနီကုဒ် ပြောင်းသုံးခြင်း မသုံးခြင်းက ၂မျိုးသတ် မှတ်လို့ရတယ်၊ ရာသက်ပန် သေတပန် သက်တစ်ဆုံး မသေ မ ချင်း ဖေ့စဖွတ်ကြီးပဲသုံးမှာ ကွန်ပြူတာလည်း မသုံးဘူးဆို ရင် တော့ ယူနီကုဒ်မပြောင်းလည်းရတယ်လို့ဆိုရမယ် ... သို့သော် ကိုယ်က ကွန်ပြူတာသုံးပြီး လုပ်ငန်းကြီး ကိုင်ငန်းကြီးလုပ်နေ သူဆိုရင်တော့ ... ယူနီကုဒ်ဖေါင့်စနစ်ကို ပြောင်းကို ပြောင်းသုံး တယ် ..... ဆိုရှယ်မီဒီယာပေါ်မှာလို အီစီကလီမဟုတ်တော့ဘူး Database တွေကိုင်မယ် ... Archive စနစ်တွေလုပ်ရတော့ မယ်ဆိုရင်တော့ ရေရှည်အတွက် unicode font နဲ့ပြောင်းသုံး တာ နောက်ပိုင်းမှာ ဘယ်လို အကျိုးကျေးဇူး ရှိလာမယ်ဆိုတာ ကို သိလာလိမ့်မယ် :v - ဆိုတော့ကာ .. သဝေ အရင်ထိုးခြင်း မထိုးခြင်း၊ ယရစ် အရင် ရစ်ခြင်း မရစ်ခြင်းက တကယ်တမ်း ကြီးကြီးမားမားတဲ့ ပြဿ နာမဟုတ်ပါဘူး၊ တကယ့် ယူနီကုဒ် ဖေါင့်အစစ်နဲ့ ကီးဘုတ်မှာ တော့ နောက်မှ သဝေထိုးပြီး၊ ရစ်စရာရှိတာ နောက်မှ ရစ်ပါ၏၊ မွေးလာကတည်းက ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီး အီအီးပါတဲ့ အခါ ဘိုထိုင် အိမ်သာနဲ့ ထိုင် ပါလာရတဲ့ သူ တစ်ယောက်ဟာ အထည်ကြီး ပျက်လို့ ရိုးရာ ဓလေ့ အတိုင်း ဆောင့်ကြောင့်ထိုင် အီးပါရတဲ့ အဖြစ်မျိုးလောက် ကမောက်ကမ မဖြစ်ပါဘူး။
Minn Thaik

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ