ကျွန်တော်နဲ့ ပုဂံ

ဒီနှစ် 2017က ပုဂံ နှစ်လို့  ပြောလို့ရတယ်။ June လပဲရှိသေးတယ်။ ဒါနဲ့ဆို ဒီနှစ်ထဲ ပုဂံရောက်တာ ၆ ခါရှိပြီ။ တစ်ခေါက်ရောက်တိုင်း အသစ်တွေတွေ့တယ် ( လည်စရာ  ပတ်စရာ နေရာအသစ်ကိုပြောတာနော် ) အရင်တစ်ခေါက်က မင်းနန်သူရွာဘက် ရောက်တယ်။ ဒီတစ်ခေါက် တော့ အချိန်ပေးပြီး 360° ရိုက်ဦးမှ ဆိုပြီး ဓမ္မရံကြီးကို သေသေချာချာ နေ့တစ်ပိုင်း အချိန်ပေးပြီးတော့ ဓါတ်ပုံရိုက်ဖြစ်တယ်။ အမှတ်တရကတော့ ရိုက်နေရင်း လေတွေ တအားတိုက်လာပြီး tripod ပေါ်ကနေ ကင်မရာပြုတ်ကျတာပဲ။ ကင်မရာ  lens တစ်ခု ကျွက်ပြီး အပြင်ထွက်လာတော့တာပဲ။ မနည်း အထဲရောက်အောင်ပြန်ထည့်ပြီး ဆက်ရိုက်လိုက်ရတယ်။
နောက်ထပ်အမှတ်တရကတော့ အဲ့ဒီတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေနဲ့ Bagan Photo Festival ဓါတ်ပုံပြိုင်ပွဲဝင်ပြိုင်လိုက်တာ ဆုရသွားတာပဲ။ :D


Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း