ပုဂံနှစ်

ရောက်ပြန်ပါပြီ ပုဂံကို။ ဘယ်နခေါက်မှန်းတောင်မသိဘူး။ ခဏခဏ ရောက်တယ်။ ဒီတခေါက်တော့ တနေကုန် မိုးရွာနေတာနဲ့ ဘယ်မှမသွားလိုက်ရဘူး။ ဓါတ်ပုံလည်း ကောင်းကောင်းမရိုက်ရဘူး ။မရိုက်ရဘူးဆိုတာတောင် မင်းနန်သူရွာဘက်က ဘုရားသုံးဆူကို ရောက်သေးသဗျ။ အဲ့ဘုရားသုံးဆူမှာ နံရံဆေးရေးပန်းချီတွေ အများကြီးကျန်သေးတာပဲဗျ။ နောက်တခေါက်မှ သေချာသွားရိုက်ဦးမယ်။မြင်းကပါရွာ မြစေတီကျောက်စာဘုရားဘေးက ဂူပျောက်ကြီး မှာရော နံရံဆေးရေးပန်းချီတွေ ဝင်ကြည့်ခဲ့သေးတယ်။ တော်တော်လှတာပါဗျာ။ မိုးတွင်းဆိုတော့ တည်းခိုခန်းတွေ ဈေးချထားသဗျ။ တယောက်ခန်းမှ ၂ သောင်းပဲရှိတယ်။ ပုံမှန်ထပ် ၁ သောင်း ၁ သောင်းခွဲလောက်ကို ဈေးချထားတာ။ ဒီတခေါက် ဝက်ကြီးအင်းက ထိုင်းဆိုင်လေးမှာ စားဖြစ်တယ်။ ဈေးက ဟင်းတပွဲ ပျမ်းမျှ ၅ထောင် လောက်ပဲ ဆိုတော့ ဈေးသင့်တယ်။ လူ ၃ ယောက် ဟင်းသုံးပွဲ မှာစားရင် ၁သောင်းခွဲလောက်ကျမယ်။ Chief ကလည်း ထိုင်းChief။ ထိုင်းစာ ဆိုပေမယ့် အစပ်က အစပ်မစားတဲ့ ကျွန်တော် အသာလေးစားနိုင်တယ် ဆိုတော့ သိပ်မစပ်ဘူးပေါ့ဗျာ။
ဒီတခေါက်  ပြသာဒ်ကြီးဘုရားကို  ရောက်တော့တာပဲ။ တော်တော်ကြီး ပြင်ဆင်ခဲ့ရတဲ့ ဘုရားပါ။မပြိုအောင် တော်တော်ထိန်းသိမ်းခဲ့ရပါတယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ