Skip to main content

မေလ ဒုတိယပါတ် နွေဦးသတင်းစဉ်

 ၉.၅.၂၀၂၁
NUG/CRPH
  • NUG အစိုးရ၊ CRPH နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လူသတ်ဓားပြတိုက်နေသည့် အာဏာသိမ်းစစ်တပ်က ကြေညာ
  • ပြည်သူ့ဆန္ဒဆန့်ကျင်သော စစ်ကောင်စီနှင့်ဆွေးနွေးရေးပြုလုပ်မည်မဟုတ်ဟု NUGကြေညာ
PDF
  • ရန်ကုန် မြို့နယ်အချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း
  • ပြည်သူ့ကာကွယ်ရေးတပ် - ပြင်ဦးလွင် ဖွဲ့စည်းပြီးကြောင်း ကြေညာ
  • မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ
  • စစ်ကောင်စီကကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများစာရင်းကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်
  • ပြည်သူ့ကာကွယ်ရေးတပ် PDF - သန်လျင် ဖွဲ့စည်းပြီးကြောင်း ကြေညာ
CDM
  • CDM ပညာရေးဝန်ထမ်း တစ်သောင်းခန့် ရာထူးမှထုတ်ပယ်ခံရသော်လည်း CDMဆက်လုပ်မည်။
  • စစ်ကိုင်းပညာရေးတက္ကသိုလ်က ဆရာ/မ ၁၅၆ ဦး တာဝန်မှရပ်ဆိုင်းခံရ
  • တိုက်ပွဲသတင်း
  • ကွတ်ခိုင်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်တပ် တိုက်ပွဲပြင်းထန်နေ
  • ကနီမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ် တိုက်ပွဲဖြစ်
  • ကချင်၊ ဝိုင်းမော်မြို့နယ်တွင် KIA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်
  • ချင်းလဲန်းကာကွယ်ရေးတပ် CDF - ဟားခါးက စစ်တပ်စခန်းတခုကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး
  • ပြည်သူများကို လက်နက်အားကိုးပြီး အကြမ်းဖက်နှောက်ယှက်ခြင်းမပြုရန် ချင်းလဲန်းကာကွယ်ရေးတပ် - ကန်ပက်လက်က စစ်တပ်ကို သတိပေး
ဗုံးသတင်း
  • မြင်းခြံ CB ဘဏ်၊ ရိုးမဘဏ်၊ ကညနရုံးနဲ့ MyTel ရုံး တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား
  • ဘားအံမြို့မရဲစခန်းရှေ့နှင့် စည်ပင်သာယာရုံးအနီးတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား
  • ပြည်မြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ
  • ကညွတ်ကွင်းမြို့နယ် ကျွန်းတောလမ်းရှိနေအိမ်တခုတွင် အသံဗုံးပေါက်ကွဲမှုဖြစ်ပွား
အထွေထွေ
  • ရွှေဘိုမြို့တွင် ယမန်နေ့က စစ်တပ်ကဖမ်းဆီးသွားတဲ့ ကဗျာဆရာခက်သီ ကျဆုံး
  • မြင်းမူတွင် စစ်တပ်က ပြည်သူများကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးနေ
  • မြင်းမူ၌ ဒေသခံနှစ်ဦးဖမ်းဆီးခံရ၍ တင်းမာမှုများဖြစ်ပွား၊ ကျဆုံးပြည်သူ ၁ဦးရှိဟု ကနဦးသိရ
  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်ကောင်စီကခန့်ထားတဲ့ စည်ပိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံရ
  • ကနီတွင် စစ်တပ်က ပြည်သူပိုင်ပစ္စည်းများကိုလုယူပြီး ပစ်ခတ်သောင်းကျန်းနေ
  • စစ်ကောင်စီကို ဘဏ္ဍာရေးပံ့ပိုးမှုဖြတ်တောက်ရန် အစိုးရအေဂျင်စီ ၇ ခုနှင့် ကုမ္ပဏီ ၁၂ ခုကို ဂျပန်နိုင်ငံသားများ တောင်းဆို
  • စစ်ကောင်စီနဲ့ပူးပေါင်းရန် ကမ်းလှမ်းချက်ကို မန္တလေးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ၁၁၆ ဖွဲ့က ငြင်းဆို
  • ကနီမြို့နယ် ကင်းရွာသားတဦးကို စစ်တပ်ကပစ်သတ်၊ ၁ ရက်အကြာမှ အလောင်းပြန်လုယူပြီး သင်္ဂြိုလ်ခဲ့ရ
  • မန္တလေးသံဃသပိတ်စစ်ကြောင်း ရက်ပေါင်း ၉၀ မြောက် ချီတက်ဆန္ဒပြ
  • ထိုင်းနိုင်ငံဖက်ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်များ မြန်မာဖက်ပြန်လာ
  • စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများ ချီတက်ဆန္ဒပြ
  • နယ်စပ်ဒေသများက မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို စစ်ကောင်စီပိတ်ပင်
  • နတ်မောက်မြို့နယ်က ဒေသခံ ၇ ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
  • မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည်ကိုထုခွဲရာမှ ပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရ
  • ကနီမြို့နယ် ကျေးရွာများကို စစ်တပ်ကအငြိုးထားပြီး အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးနေ
  • တိုကျို၌ မြန်မာအပါအဝင် ၆ နိုင်ငံက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ
  • ငါန်းဇွန်မြို့နယ်က NLD ပါတီဝင်တဦးကို စစ်တပ်ကဖမ်းဆီး
  • မိုးကုတ်မြို့တွင် ဆယ်အိမ်မှူးအပါအဝင် ပြည်သူ ၁၁ ဦးကို စစ်တပ်ကအကြမ်းဖက်ဖမ်းဆီး
  • စစ်ကိုင်းတိုင်း ပုလဲမြို့က သပိတ်ခေါင်းဆောင်တဦး ဖမ်းဆီးခံရ
  • ကန့်ဘလူမြို့နယ် နေအိမ်များမှ ရွှေငွေများကို စစ်တပ်ကလုယက်သောင်းကျန်းနေ
  • မန္တလေးမြို့တော်ပန်းစျေးက ဆိုင်ခန်းခများကို ခြိမ်းခြောက်တောင်းခံနေ
  • မင်္ဂလာဒုံ၊ လမ်းမပေါ် We Want Democracy စာတန်းရေးသားနေစဥ် လူငယ်တဦး ဖမ်းဆီးခံရ
  • မြင်းမူတွင် စစ်တပ်ကပစ်သတ်ခဲ့တဲ့ လူငယ်တဦး မိသားစုထံဆက်သွယ်မရသေး
  • အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများကြားက ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံအဝှမ်း စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် သပိတ်မှောက်ရေး ချီတက်ဆန္ဒပြ
  • မြစ်ကြီးနား ၂၁မိုင်ဂိတ်တွင် လိုင်စင်မဲ့ကားများအားဖမ်းဆီး
  • မေ ၈ထိ ကျဆုံးပြည်သူ ၇၇၆ဦး၊ဖမ်းဆီးထိန်းသိမ်းခံရဆဲ ၃၈၁၃ဦး
၁၀.၅.၂၀၂၁
တိုက်ပွဲသတင်း
  • RCSS နဲ့ SSPP စစ်ရေးတင်းမာနေလို့ စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်မပြန်နိုင်သေး
  • အလော့ဘွမ်စခန်းဆီ ပြန်လည်ချီတက်လာတဲ့ စစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်လို့ အကျအဆုံးများ
  • KNU တပ်မဟာ ၅ နယ်မြေထဲ BGF တပ်သား ၆၀၀ ခန့်ရောက်နေဟု KNLA ဗိုလ်မှူးကြီး စောကလယ်ဒိုး ပြော
  • KIA ကိုတိုက်ခိုက်ရန်နှင့် NLD ပါတီဝင်များကို ဖမ်းဆီးရန် ပူတာအိုရှိ ကြံ့ဖွံ့အဖွဲ့ဝင်များက ပြည်သူ့စစ်များထံ လက်နက်တောင်းဆို
  • စစ်ကောင်စီလက်အောက်ခံ BGF နဲ့ KNLA တိုက်ပွဲဖြစ်ပြီး BGF တပ်သား ၁၁ ဦးသေဆုံး
  • ကနီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်တပ်တိုက်ပွဲပြင်းထန်ပြီး၊ စစ်ဘေးရှောင် ၂၀ ကျော်ဖမ်းဆီးခံရ
  • ဖာပွန်ခရိုင်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ကရင်ရွာသားများ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရ
  • မြစ်ကြီးနားပညာရေးကောလိပ်အနီး ပေါက်ကွဲမှုများနဲ့ ပစ်ခတ်မှုများရှိနေ
PDF
  • ပြည်တွင်း၊ ပြည်ပနဲ့ တိုင်းရင်းသားအင်အားစုတွေပေါင်းပြီး ဗမာ့အမျိုးသားတပ်မတော် Burma National Army ဖွဲ့စည်း
  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ချောက်မြို့နယ် ဖွဲ့စည်းကြောင်း ကြေညာ
  • ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ
  • လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ
  • စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA ထုတ်ပြန်ကြေညာ
  • ပုဇွန်တောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်းကြေငြာ
  • စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေသော ကနီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းလိုက်ကြောင်း ကြေညာ
  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ဆက်သွယ်ဆောင်ရွက်မှုရှိဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးပြော
  • ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ
NUG
  • ဂျပန်ရောက်မြန်မာများက NUG အစိုးရကိုထောက်ခံ ကြိုဆိုကြောင်း Mt. Hinode တောင်ပေါ်မှာ ဆန္ဒပြ
  • အစ္စရေးနိုင်ငံရောက် မြန်မာများ NUG အစိုးရကို ထောက်ခံကြိုဆိုကြောင်း ချီတက်ဆန္ဒပြ
CDM
  • ရာထူးမှထုတ်ပယ်ခံရသည့် CDM ဝန်ထမ်းများကို စစ်ကောင်စီက ၂ လစာချေးငွေပါ အကြွေးတောင်းခံနေ
  • မင်းအောင်လှိုင်ကို ထောက်ခံပါက တပ်မတော်ပြိုကွဲမည်ဟု CDM တပ်မတော်သားများ သတိပေး
  • စလေ ဓာတ်မြေသြဇာစက်ရုံ CDMဝန်ထမ်း ၂၄၇ဦးအလုပ်ထုတ်ခံရ
ဗုံးသတင်း
  • တမူးတွင် မနေ့ညက ဒလန်အိမ်တွင်ဗုံးပေါက်ကွဲ
  • လွိုင်ကော်စည်ပင်ရုံးအတွင်းပေါက်ကွဲမှုဖြစ်၊ တောင်ကွဲစေတီနားဗုံးတွေ့
အထွေထွေ
  • နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို သီးသန့်တရားရုံးတွင် လူတွေ့စစ်ဆေးမည်
  • စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ကဗျာဆရာခက်သီရဲ့စျာပနအခမ်းအနားကို ဇာတိမြေ ပုလဲမြို့တွင်ကျင်းပ
  • မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
  • သန်လျင် StarCity မှပြည်သူ ၁၄ ဦးဖမ်းဆီးခံရ၊ ၁ ဦး တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့
  • လှိုင်သာယာ၊ စစ်တပ်ကခန့်ထားတဲ့ ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားနဲ့ထိုးသတ်ခံရပြီး သေဆုံး
  • ကမာရွတ်နဲ့ အလုံမြို့နယ်ကို စစ်တပ်ကဝင်ရောက်ဖမ်းဆီးပြီး ၉ ဦးခန့် အကြမ်းဖက်ဖမ်းဆီးခံရ
  • ရန်ကုန်မြို့တွင် စုပေါင်းသပိတ်များ၊ ပျောက်ကြားသပိတ်များနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြ
  • ပုသိမ်တက္ကသိုလ်မှာ စစ်ကျွန်ပညာရေးလက်အောက် ကျောင်းသား ၁၁ ရာခိုင်နှုန်းခန့် ကျောင်းပြန်တက်နေ
  • ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
  • မိုးကောင်းမြို့တွင် ရပ်ကွက်များအတွင်း အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်သောင်းကျန်းနေ
  • မိုးညှင်းမြို့နယ် ဆယ်အိမ်မှူးဟောင်းအပါအဝင် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ
  • တော်လှန်ရေးကာလအတွင်း မသန်စွမ်းသူ ၁၃ ဦးခန့်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား
  • မိတ္ထီလာသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ၁၅ ဦးဖမ်းဆီးခံရ
  • ဖားကန့်၊ သပိတ်ခေါင်းဆောင်ဟု ယူဆရသူ ၁၂ ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
  • မန်တုံမြို့မ ရဲစခန်း ဝင်ရောက် ပစ်ခတ်ခံရ
  • ရန်ကုန်ရွှေစျေး ၁၆ပဲရည်တစ်ကျပ်သား ၁၆သိန်းကျော်လာ
  • မနေ့ညမုဒုံ CB Bankရှေ့ညအိပ်တန်းစီသူ ၉ဦးအဖမ်းခံရ
  • မတူပီမြို့ဝင်ဂိတ်များတွင် ရပ်ကျေးထောက်ခံစာပါ/မပါ စစ်တပ်မှစစ်ဆေးနေ
  • မေ ၉အထိ ကျဆုံးပြည်သူ ၇၈၀ဦး၊ဖမ်းဆီးထိန်းသိမ်းခံရဆဲ ၃၈၂၆ဦး
၁၁.၅.၂၀၂၁
မြင်းခြံ
  • မြင်းခြံမြို့ နေရာအနှံအပြား (စုစုပေါင်း ၉နေရာ)တွင် ပေါက်ကွဲမှုများဖြစ်
  • စစ်ကောင်စီတပ်များ တလုပ်မြို့သို့ အင်အားအများအပြားဖြင့် သွားရောက်ပစ်ခတ်၊ ရွာမှ သက်ကြီးရွယ်အိုကလေးသူငယ်နှင့် အမျိုးသမီးများ ဘေးလွတ်ရာသို့ ရှောင်နေရ၊ ရွာသားများမှ ပြန်လည်ခုခံ၍ စကစ စခ ၁ယောက် သေ၊ ၂ယောက်ဒဏ်ရာရ၊ ပြည်သူ ၂ဦးလက်မောင်းကျည်ထိမှန်၊ ညနေပိုင်းတွင် ပစ်ခတ်မှုခတ္တနား၍ စကစမှ အင်းအားဖြည့်ကာ ၆:၃၀ ခန့်တွင်ပြန်လည်ပစ်ခတ်နေ၊ အခြေအနေမသိရသေးပါ။
  • ၁၃၂ ကေဗွီ စွန်းလွန်းခွဲရုံ အတွင်းရှိ ၃၃ ကေဗွီ မြင်းခြံ-၂ လိုင်း အထွက် လိုင်းD/S ရှိ R Phase RedHot ဖြစ်နေပါသဖြင့် မြင်းခြံမြို့ မြောက်ခြမ်းရှိ ရပ်ကွက်နှင့်ကျေးရွာ များယာယီ ဓာတ်အား ၁ နာရီခန့် ပြတ်တောက်နေကြောင်း၊လုပ်ငန်းဆောင်ရွက်နေချိန် အတွင်း အခက်အခဲ များရှိနေခြင်းကြောင့် ဓာတ်အားပြတ်ချိန် ကြာမြင့်ခြင်းနေရကြောင်း မြင်းခြံမြို့နယ်လျှပ်စစ်မှအသိပေးထား
  • မြင်းခြံခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ
  • မြို့သိမ်းတိုက်ပွဲများ စတင် ဆင်နွှဲရန် ဖိတ်ခေါ်ခြင်း စာတစောင်ထုတ်ပြန်ထား
  • (Update) ပြည်သူဖက်မှ ၁ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရ၊ စစ်ကောင်စီမှ တလုပ်မြို့အဝင်မုခ်ဦးနှင့်လျှပ်စစ်ခွဲရုံကြားတွင် အထိုင်ချနေဟု သိရသည်။အင့်အား၂၀၀ခန့်ဟု ခန့်မှန်းသိရှိရ။
တိုက်ပွဲသတင်း
  • မံစီမြို့နယ်က စစ်စခန်းနှစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ
  • မံစီမြို့အနီးတဝိုက်ကို စစ်တပ်က လက်နက်ကြီးများပစ်ခတ်ပြီး သောင်းကျန်းနေ
  • စစ်သားများလိုက်ပါလာသည့် သင်္ဘောတစီး ရွှေကူမြို့နယ်မှာ ပစ်ခတ်ခံရ
  • အလော့ဘွမ်တောင်ခြေ၊ ဒေါ့ဖုန်းယမ်မြို့အနီးတွင် KIA နှင့် စစ်တပ် တိုက်ပွဲဖြစ်ပွား
  • ကနီမြို့နယ်တွင် တိုက်ပွဲ ၁၄ ကြိမ်ခန့်ဖြစ်ပွားပြီး စစ်သား ၄၀ ကျော်သေဆုံးခဲ့
  • တန့်ဆည်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေ၊ ဒဏ်ရာရသူများပြား
  • အကျဆုံးများနေတဲ့ စစ်တပ်က ကချင်ပြည်နယ်ထဲကို စစ်အင်အားအလုံးအရင်း ထပ်မံဖြည့်တင်း
  • မိုးမောက်မြို့နယ်တွင် KIA နှင့် စစ်တပ် ယနေ့မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေ
  • ရွှေကူအနီး စစ်တပ်ရိက္ခာပို့သင်္ဘော ပစ်ခံရ
PDF
  • -တပ်မဟာ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းများဖွဲ့စည်းထားဟု NUG အစိုးရ ကာကွယ်ရေး ဒုဝန်ကြီးပြော
  • -ဘိုကလေးဆေးရုံပြန်ဖွင့်ရန်ကြိုးစားသူများကို ပျောက်ကြားတပ်ဖွဲ့ကသတိပေး
  • -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရွှေဘို ဖွဲ့စည်းကြောင်းကြေညာ
  • -စစ်ကိုင်းနှင့် ဆောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်း
CDM
  • -ဆိပ်ဖြူမြို့နယ် ပညာရေးမှူးအပါအဝင် ပညာရေးဝန်ထမ်း ၁၆ ဦး ထုတ်ပယ်ခံရ
  • -သိန္နီနဲ့ မိုင်းရယ်မြို့နယ်က လက်ထောက်ပညာရေးမှူးအပါအဝင် ၁၀ ဦး ထုတ်ပယ်ခံရ
  • -ဝေါမြို့နယ်က CDM ဝန်ထမ်း ၄ ဦးကို စစ်တပ်ကဖမ်းဆီး
  • -CDM ဝင်နေတဲ့ တောအုပ် ၇ ဦးကို ရာထူးမှထုတ်ပယ်ပြီး အကြွေးနှင့် လျော်ကြေးငွေဆယ်သိန်းပါတောင်းနေ
  • -ပဲခူးမြို့နယ်တွင် CDM ပညာရေးဝန်ထမ်းပေါင်း ၆၅၀ နီးပါးရှိ
  • -CDM ဝန်ထမ်းများအပေါ် ဖိအားပေးခြိမ်းခြောက်နေသည့် ဝန်ကြီးဌာနအသီးသီးမှ အရာရှိ ၁၀ ဦးကို NUG အစိုးရက ရာထူးမှထုတ်ပယ်
NUG
  • -ရှမ်းပြည်နယ်တောင်ပိုင်းကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရ SSNUG ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာ
ဗုံးသတင်း
  • -ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
  • -ဒေါပုံမဟာဗန္ဓုလတံတားအနားဗုံးပေါက်ကွဲသံပြင်းထန်ဟုဆို
  • စစ်ကောင်စီ၏ရက်စက်ယုတ်မာမှုများ
  • -နမ္မတီးမြို့တွင် ပြည်သူတဦးကို စစ်တပ်ကအကြောင်းမဲ့ပစ်သတ်၊ ၃ ဦးဒဏ်ရာရ
  • -မိုးညှင်းမြို့နယ်မှာ လူငယ် ၃ ဦးကို စစ်တပ်ကအကြောင်းမဲ့ဖမ်းဆီး
  • -ဟိုပင်မြို့နယ်တွင် တိမွေးကုဆရာဝန်တဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းကို လမ်းဘေးပစ်သွား
  • -မိုင်းဖြတ်မြို့တွင် စဖရကဟုဆိုကာ ၁၇ နှစ်အရွယ်လူငယ်တဦးကို ဖမ်းဆီး
အထွေထွေ
  • -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေ ၂၄ ရက်မှာ ရုံးထုတ်စစ်ဆေးမည်
  • -DVB သတင်းထောက် ၃ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
  • -မန္တလေး၊ မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ပြာကျ
  • -မန္တလေး၊ မြရည်နန္ဒာရာအိမ်မှူးဟောင်းကို စစ်တပ်ကဖမ်းဆီး
  • -မုံရွာစက်မှုဇုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ပြာကျ
  • -မိုးကုတ်တွင် စစ်တပ်လုံခြုံရေးယူပြီး အုပ်ချုပ်ရေးမှူးရုံးပြန်ဖွင့်
  • -ထားဝယ်တပ်ပေါင်းစုသပိတ် ပစ်ခတ်ဖြိုခွင်းခံရပြီး ၁၁ ဦးခန့်ဖမ်းဆီးခံရ
  • -မြိုင်မြို့နယ် အခြေခံပညာကျောင်းသားများ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ချီတက်ဆန္ဒပြ
  • -KNU ဥက္ကဌ စောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်အပေါ် ကရင်လူငယ်အဖွဲ့အစည်းများ ကန့်ကွက်ရှုတ်ချ
  • -ဖားကန့်၊ ကြံ့ဖွံ့ပါတီဝင် စစ်မှုထမ်းဟောင်းဖြစ်သူ အုပ်ချုပ်ရေးမှူးတဦး ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာများနဲ့ သေဆုံး
  • -ဖမ်းဆီးခံ DVB သတင်းထောက်များ မြန်မာပြည်ပြန်မပို့ရန် ထိုင်းအခြေစိုက် နိုင်ငံတကာသတင်းထောက်များ တိုက်တွန်း
  • -မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ကြောင်း ကုလကြေညာ
  • -ကိုဗစ်ရောဂါဆိုးရွားနေလို့ ထိုင်းကမြန်မာတွေ နေရပ်ပြန်ဖို့အခက်ကြုံ
  • -မလေးရှားကနေ တရားမဝင်ပြန်လာတဲ့ မြန်မာ ၁၀ ဦးကို ထိုင်းကဖမ်းဆီး
  • -နမ္မတီးတွင် လက်မောင်းကျည်ထိမှန်ထားတဲ့လူငယ် အသက်အန္တရာယ်စိုးရိမ်ရ
  • -ရှမ်းလက်နက်ကိုင်များ အချင်းချင်းပူးပေါင်းပြီး ပြည်သူ့ဖက်ကရပ်တည်ဖို့ ဟိုပုံးဒေသခံပြည်သူများ တောင်းဆို
  • -ညမထွက်ရအမိန့်ချိုးဖောက်သည်ဟုဆိုကာ တာချီလိတ်က လူငယ် ၁၅ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်
  • -အာဆီယံဥက္ကဌ ဘရူနိုင်းဘုရင်နှင့် အထွေထွေအတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံလာရောက်ဖွယ်ရှိ
  • -KNUဥက္ကဋ္ဌ၏ထုတ်ပြန်ချက်သည် ၎င်း၏ပုဂ္ဂလိကအမြင်သာဖြစ်ဟု ဒုဥက္ကဋ္ဌဆို
  • အထူး- အာဏာသိမ်းရက်၁၀၀
  • -ကလေး ၅၂ဦးအပါပြည်သူ ၇၈၀ကျော်ကျဆုံး
  • -မသန်စွမ်း ၁၃ဦးအပါ ၃၈၀၀ကျော်ထိမ်းသိမ်းခံရ
  • -၁၅၆၀ ကျော်ဝရမ်းပြေးဖြစ်နေ
  • -စစ်ရှောင်ထောင်ချီရှိ
  • -၅၀၅ကနဲ့ဝရမ်း၉၈၁စောင်ကြေညာခဲ့ လူထပ်/အမှားတွေအများအပြားပါဝင်
  • -CDMဝန်ထမ်းထောင်ချီတာဝန်ကနေရပ်နားခံရ
  • -သတင်းဌာန ၈ခုလိုင်စင်သိမ်းခံရ၊ အချို့ရပ်နားထားရ
  • -အင်တာနက်ပိတ်ခံရ
  • -ရွှေ ၁၃သိန်းဝန်းကျင်မှ၁၆သိန်းကျော်ဖြစ်
  • -ဒေါ်လာ ၁၃၀၀ ဝန်းကျင်မှ၁၇၀၀ကျော်ဖြစ်
  • -92ဓာတ်ဆီ ၆၅၀ ဝန်းကျင်မှ၉၆၀ကျော်ဖြစ်
  • -ATM/ဘဏ်များတွင် လူရာချီနေ့စဉ်တန်းစီလျက်ရှိ
  • -ဘဏ်ကငွေဖော်ဖို့ ၁၀%လောက်အထိပေးရတဲ့မှောင်ခိုဈေးကွက်ဖြစ်ပေါ်
၁၃.၅.၂၀၂၁
PDF & NUG
  • NUG အစိုးရနဲ့ သြစတေးလျထိပ်ပိုင်းခေါင်းဆောင်များ စတင်ဆွေးနွေး
  • ဖျာပုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ
  • ဘိုကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းကြောင်းကြေညာ
  • မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းကြောင်း ကြေညာ
  • စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသည့် ဒလန်၊ သူလျှိုနှင့် သတင်းပေးများကို CDF က သတိပေးချက်ထုတ်
  • ဆောနယ်နဲ့ ကန်ပက်လက်မှာ ပြည်သူများခရီးသွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး
  • ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ကြေညာ
CDM
  • တံတားဦးမြို့နယ် ပညာရေးမှူးက CDM ဆရာ/မများကျောင်းပြန်တက်ရန် ဖိအားပေးခြိမ်းခြောက်
  • တိုက်ပွဲသတင်း
  • မင်းတပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်တပ်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးသုံးနေ
  • ချောင်းဦးမြို့နယ်တွင် ဒေသခံပြည်သူများနှင့် စစ်တပ် အပြန်အလှန်ပစ်ခတ်နေ၊ ပြည်သူတဦး ဖမ်းဆီးနှိပ်စက်ခံရ
ဗုံးသတင်း
  • မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ AGD ဘဏ်အနီးမှာ လက်လုပ်ဗုံးပေါက်ကွဲ
  • စစ်ကိုင်းတိုင်း မြောင်မြို့က ရဲစခန်းနှစ်ခု ဗုံးပေါက်ကွဲမှုများဖြစ်ပွား
  • စစ်ကိုင်းမြို့ ကညနရုံး၊ လူမှုဖူလုံရေးနဲ့ အထကကျောင်းမှ ဗုံးပေါက်ကွဲမှုများဖြစ်ပွား
  • တောင်ကြီးမြို့ မိန်းလမ်းမကြီးပေါ်က ရွှေဝါစတိုးရှေ့ ဗုံးပေါက်ကွဲ၊ လူထိခိုက်မှုမရှိ
  • စမ်းချောင်းမြို့နယ်၊ မဟာမြိုင်မှတ်တိုင်အနီးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲ
  • ထားဝယ်တွင် ဒလန်ဟုသတ်မှတ်ခံထားရသူနေအိမ် ဗုံးပေါက်ကွဲပြီး တဦးသေဆုံး
  • တောင်ဒဂုံ၊ စစ်ကောင်စီကခန့်ထားတဲ့ ၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးနှစ်လုံးပေါက်ကွဲ
  • မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ် ဗုံးပေါက်ကွဲ တဦးဒဏ်ရာရ
  • ရေနံချောင်း မြန်မာ့စီးပွားရေးဘဏ်နဲ့ မြို့နယ်ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ
  • စစ်ကောင်စီ​၏ရက်စက်ယုတ်မာမှုများ
  • ဘားအံနည်းပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ထောင် ၂နှစ်ချမှတ်ခံရ
  • ချောင်းဦးရှိရွာတရွာကို စစ်တပ်မှအင်အားလွန်သုံးချေမှုန်း ရွာခံများဘေးလွတ်ရာပြေးရ
  • ဟားခါးတွင် စစ်တပ်ကဖမ်းဆီးသွားသည့် ပြည်သူ ၂ ဦးသေဆုံး၊ ရောဂါကြောင့် သေဆုံးဟု စစ်ကောင်စီလိမ်ညာထုတ်ပြန်
  • မြေတော်ကျေးရွာတွင် စစ်တပ်ကဝင်ရောက်ရှာဖွေနေပြီး ပစ်ခတ်ရိုက်နှက်သောင်းကျန်းနေ
  • သရက်ချောင်းမြို့နယ်မှာ စစ်ကျွန်ပညာရေးအလိုမရှိ သရုပ်ပြခဲ့သူ ၁၀ တန်းကျောင်းသား ၂ ဦးကို စစ်တပ်က ဖမ်းဆီး
အထွေထွေ
  • ချောက်မြို့နယ် ကျောင်းသားသမဂ္ဂကွန်ယက်အဖွဲ့ဝင် လူငယ်နှစ်ဦးကို စစ်တပ်ကဖမ်းဆီး
  • မနက်က ချောက်မြို့အနီးရစ်ချ်စတာစကေး ၄.၅အဆင့်ရှိငလျင်လှုပ်
  • ယနေ့ပတ်စပို့စ်ရုံးပြန်ဖွင့်၊လာလျှောက်သူရာချီရှိ
  • လွိုင်ကော်သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး ၁၂ အရွယ်ကလေးတဦးအပါအဝင် ၁၃ ဦးဖမ်းဆီးခံရ
  • ထားဝယ်သပိတ်စစ်ကြောင်း ဖမ်းဆီးခံသူများထဲက အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးပြန်လွတ်
  • ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်
  • ထားဝယ်၊ နဘုလယ်ကျေးရွာ အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး ပြည်သူ ၄ ဦးဖမ်းဆီးခံရ
  • ရခိုင်၊ တောင်ကုတ်မြို့နယ် NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၂ ဦးကို စစ်တပ်ကဖမ်းဆီး
  • ကနီမြို့ စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးအကူအညီလိုအပ်နေ
  • နေပြည်တော်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ ဦးဖမ်းဆီးခံရ
  • စစ်ကောင်စီရဲ့ UEC နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမည်
  • မိုးကုတ်မြို့နယ် ကင်းရွာက ဖမ်းဆီးခံပြည်သူ ၂၀ ဦး ပြန်လည်လွတ်မြောက်လာ
  • မေ ၁၂ထိ ကျဆုံးပြည်သူ ၇၈၅ဦး၊ ဖမ်းဆီးခံရဆဲ ၃၈၈၅ဦး
  • (မနေ့က သတင်းအကျဉ်းချုပ်အား တင်ပေးနိုင်ခြင်းမရှိခဲ့ပါ။ )
၁၄.၅.၂၀၂၁
မင်းတပ်မြို့သတင်း
  • 14.5.2021 (14:25pm)
  • မင်းတပ်မြို့အရှေ့ဘက်ခြမ်းနှင့် အနောက်
  • ဘက်ခြမ်းတိုက်ပွဲဆက်နေပါတယ်။အရှေ့ဘက်တွင် ရဲစခန်း၊ အနောက်ဘက်တွင် ၂၇၄ တပ်ရင်းတို့မှ စနိုက်ပါများ၊ မောင်းပြန်များနှင့် ပစ်ခတ်မှုများကြောင့် တိုက်ပွဲတွင်းဒဏ်ရာရပြည်သူများကို သယ်ယူခြင်းလုပ်ငန်း၊ထောက်ပို့လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိပါ။မြို့တွင်းမှာလည်း လက်နက်ကြီးများနဲ့ ကြုံရာကျပန်း ပစ်ခတ်မှုများ၊ စနိုက်ပါများနဲ့ လမ်းသွားလမ်းလာများကို ပစ်ခတ်မှုများကြောင့်ပြည်သူတို့ရဲ့အသက်အိုးအိမ် လုံခြုံမှု မရှိတော့ပါ။
  • မင်းတပ်၊ခွဲရုံမှူး အင်ဂျင်နီယာတစ်ဦး ကျည်ထိမှန်ကျဆုံး
ဗုံးသတင်း
  • ဒဂုံတက္ကသိုလ် နားနေဆောင်၂အနီးဗုံးပေါက်၊ ကျောင်းတက်သူများ အပြင်ထွက်ခွင့်မရ
  • ဒဂုံတက္ကသိုလ်ပေါက်ကွဲမှု ကျောင်းတက်နေသည့်ကျောင်းသားနှင့် သူငယ်ချင်း၂ဦးကို ဖမ်းဆီး
  • မိုးမောက်ထွေအုပ်ရုံး မြို့နယ်မှူးနှုတ်ဆက်ပွဲဗုံးပေါက် ၄ဦးထိ
  • တောင်ကြီးနည်းပညာတက္ကသိုလ်အနီးဗုံး ၂လုံးပေါက်၊ ၁ဦးပြင်းထန်ဒဏ်ရာရ
  • ကျောက်ပန်းတောင်းမြို့မှာ ယမန်နေ့က လက်လုပ်ဗုံး ၄ လုံးပေါက်ကွဲ
  • စစ်ကောင်စီတပ်စွဲထားတဲ့ တွံတေးမြို့က အထကကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်
  • စစ်တပ်ကလုံခြုံရေးယူထားတဲ့ မြစ်ကြီးနား KBZ ဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်သားတဦးဒဏ်ရာရ
  • ရန်ကုန်၊ ထောက်ကြန့် က.ည.န ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသမီးတဦး ဒဏ်ရာရ
  • သင်္ကန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက်အုပ်ချုပ်ရေးမှူး၏ကား ဗုံးပေါက်ကွဲ
  • မတ္တရာမြို့နယ် အမှတ် ၂ မြို့သစ်ကျောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ
  • မိုးကုတ်မြို့၊ စည်ပင်ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား
  • ရေးမြို့က အငြိမ်းစားဗိုလ်မှူးတဦးအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာရ
  • နေ့လည်က မန္တလေးမြရည်န္ဒာအိမ်ယာ၌ ပါဆယ်ဗုံးပေါက်၊ ၂ဦးဒဏ်ရာရ
  • မန္တလေးတွင် ၇နာရီမှ ၇နာရီ ၁၅မိနစ်အတွင် ဗုံး ၁၅ကြိမ်ပေါက်
အထွေထွေ
  • မန္တလေးတိုင်း၊ NLD အတွင်းရေးမှူးကို စစ်ကောင်စီက အမှုတခုထပ်တိုး
  • မနေ့က ရေနံချောင်းတွင်အလွတ်သတင်းထောက် ၁ဦးဖမ်းဆီးခံရ
  • ရန်ကုန်တိုင်းမှ ကျောင်းအုပ်(ထက်/လယ်) ၅၉ဦး တာဝန်မှ ယာယီရပ်နားခံရ
  • ဝေဖန်ခံနေရသည့်မြန်မာဘောလုံးအသင်း လူမစုံဘဲ ဂျပန်သို့သွားမည်
  • ချင်းပြည်နယ် မတူပီမြို့တွင် လူငယ်တဦးကို စစ်ကောင်စီကဖမ်းဆီးသွား
  • ပခုက္ကူမှာဖမ်းဆီးခံခဲ့ရတဲ့ ဗကသကျောင်းသားနှစ်ဦး ထောင် ၃ နှစ်စီချမှတ်ခံရ
  • မန္တလေး ဆန္ဒပြပွဲမှာဖမ်းဆီးခံခဲ့ရတဲ့ ကျူရှင်ဆရာတဦး စစ်ဆေးရုံမှာ ကွယ်လွန်
  • မြဝတီမှာစကစခန့်ရပ်ကျေးဥက္ကဌတစ်ဦးအသတ်ခံရ
  • ရန်ကုန်လူဦးရေ ၆သိန်းခန့် စားနပ်ရိက္ခာအတွက် ဒေါ်လာ ၄သန်းကိုWFPကတဆင့် ဂျပန်ပေးအပ်
  • ထိုင်းမှာမြန်မာလုပ်သား ရာဂဏန်းထိCOVIDကူးစက်နေ
  • မင်္ဂလာဒုံမြို့နယ်က ဆရာ/မ ၁၀၀ ကျော် အလုပ်မှထုတ်ပယ်ခံရ
  • ပခုက္ကူမြို့က CDM မီးရထားဝန်ထမ်း ၅၈ ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ
  • ဧရာဝတီတိုင်း ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက CDM ဝန်ထမ်း ၈၁ ဦး အလုပ်ထုတ်ပယ်ခံရ
  • လွိုင်ကော်၊ နာနတ်တောရပ်ကွက်က ဖမ်းဆီးခံပြည်သူ ၁၄ ဦးအနက် ၅ ဦးပြန်လည်လွတ်မြောက်လာ
  • မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ အကြမ်းဖက်စစ်တပ်ကောင်စီ ခြိမ်းခြောက်နေ
  • လားရှိုးပညာရေးဒီဂရီကောလိပ် ယာယီအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း
  • ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာတွင် တာဝန်ကျသည့် စစစ (စုံစမ်းစစ်ဆေးရေး) ၁ဦး အသတ်ခံရ
  • စစ်တပ်၏အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြ
တိုက်ပွဲသတင်း
  • မံစီမှာ လေယဥ်နဲ့ပစ်ခတ်နေ
  • မနေ့က ကျောက်ထု-ပခုက္ကူလမ်းပိုင်းမှာ ပစ်ခတ်မှုဖြစ်
  • မနေ့က KNU တပ်မဟာ ၅ နယ်မြေတွင် BGF နဲ့ စစ်တပ် အချင်းချင်းမှားယွင်းပစ်ခတ်မိပြီး BGF ၁၂ ဦးနှင့် စစ်သား ၃ ဦးသေဆုံး
  • KNU တပ်မဟာ ၅ နှင့် စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
  • မံစီမြို့နယ် မဒန်ယာန်ကျေးရွာမှာ KIA နှင့် စစ်တပ်တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းကပါစစ်ကူနေ
  • မင်းတပ်တိုက်ပွဲအရှိန်မြင့်လာ၊ CDF ၂ဦးကျ၊ စ်တပ်ဘက်အကျအဆုံးမသိရ၊ ပုန်းခိုကျင်းတူးထားဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အရေးပေါ်ထုတ်ပြန်
  • ပခုက္ကူ - ကျောက်ထုလမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်တပ်တိုက်ပွဲဖြစ်နေ၊ စစ်သားတဦးသေ ၄ ဦးဒဏ်ရာရ
  • ကန်ပက်လက်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်တိုက်ပွဲဖြစ်ပွား
  • ဆော - ဆိပ်ဖြူလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်တပ်တိုက်ပွဲဖြစ်ပွား
၁၅.၅.၂၀၂၁
တိုက်ပွဲ
  • မိုးမောက် စလောင်းကုန်းမှာ စကစနဲ့ KIA တိုက်ပွဲထပ်မံပြင်းထန်နေ
  • သိန္နီနှင့်ကွတ်ခိုင်ကြားတွင် စကစနှင့် KIAပစ်ခတ်မှုဖြစ်
မင်းတပ်
  • မင်းတပ်၊ ကလေး၊ ဂန့်ဂေါမှာ ညအချိန်ဒရုန်းတွေသုံးပြီးထောက်လှမ်း
  • မင်းတပ်၊ ဖမ်းဆီးခံပြည်သူများကို စစ်တပ်ကလူသားဒိုင်းပြုလုပ်ပြီး မြို့တွင်းဝင်လာ
  • မင်းတပ်ပြည့်သူ့ကာကွယ်ရေးတပ်က စစ်ကား ၆ စီးကိုတိုက်ခိုက်ဖျက်ဆီးပြီး လက်နက်များသိမ်းဆည်း
  • မင်းတပ်မြို့ထဲကို စစ်တပ်က လက်နက်ကြီးများဖြင့် ၁၅ ကြိမ်ထက်မနည်းပစ်ခတ်
  • မင်းတပ်၊ လက်နက်ကြီးများနှင့်ပစ်ခတ်လို့ ထွက်ပြေးတိမ်းရှောင်သူ ၁၅ ဦးကို စစ်တပ်ကဖမ်းဆီး၊ နေအိမ်များပျက်စီး
  • မင်းတပ်တွင် အခြေအနေဆိုးရွားနေပြီး အမျိုးသားမှန်သမျှဖမ်းဆီး၊ ကလေးများဒဏ်ရာရထား
  • CDFနောက်ဆုတ်ပေးလိုက်ရ၊ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ရန် NUGထုတ်ပြန်
CDM
  • ဝက်လက်မြို့နယ် CDM ပညာရေးဝန်ထမ်း ၅၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်းခံရ
  • ဆေးဝါးစက်ရုံက CDM ဝန်ထမ်း ၂၀၀ ကျော် အလုပ်မှထုတ်ပယ်ခံရ
  • မုဒုံမြို့နယ်က CDM ပညာရေးဝန်ထမ်း ၂၀၀ ကျော် တာဝန်မှရပ်ဆိုင်းခံရ
  • ပေါင်မြို့နယ်က CDM ပညာရေးဝန်ထမ်း ၄၄၁ ဦးတာဝန်မှ ယာယီရပ်ဆိုင်းခံရ
  • လားရှိုးနဲ့ ပြင်ဦးလွင် မီးရထားစက်ရုံက CDM ဝန်ထမ်းပေါင်း ၁၀၃ ဦး အလုပ်ထုတ်ပယ်ခံရ
ဗုံး
  • တောင်ကြီး၊ အေးသာယာမြို့နယ် ပေါက်ကွဲမှု TPDF ကပြုလုပ်ခဲ့ပြီး စစ်တပ်ဖက်ကတဦးသေဆုံး
  • မန္တလေးမြို့တွင် ဗုံးပေါက်ကွဲမှုများ ၁၀ နေရာထက်မနည်း ဖြစ်ပွားခဲ့
  • ဒေါပုံမြို့နယ်၊ စစ်တပ်တပ်စွဲထားတဲ့အားကစားရုံအနီးမှာ ပေါက်ကွဲမှုဖြစ်
  • ရွှေကူမြ်ို့နယ်က လောင်းကစားဝိုင်းတခုကို အမည်မသိအဖွဲ့တခုက မိုင်းခွဲတိုက်ခိုက်
  • မြောက်ဥက္ကလာ၊ စစ်တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲပြီး ဒဏ်ရာရသူများရှိ
  • ကမာရွတ်မြို့နယ် အထက (၅) ကျောင်းဝင်းအတွင်းက ဗုံး ၆ လုံးတွေ့
အထွေထွ
  • NUGကို အသိအမှတ်ပြုရန်နှောင့်နှေးလေ ပြည်တွင်းစစ်ပိုကြီးမားနိုင်လေဟု ASEANကို Dr.ဆာဆာ သတိပေး
  • သိန္နီနဲ့ ကွတ်ခိုင်ကြားမှာ KIA နှင့် စစ်တပ်တိုက်ပွဲဖြစ်ပွား
  • NLD နာယကဦးဝင်းထိန်ကို ထောင်တွင်းတရားခွင်ပြုလုပ်စစ်ဆေး
  • မနေ့က ကျောက်ထုကို ကုန်တင်လေယာဉ်နဲ့ ရဟတ်ယာဉ် ၆ကြိမ်ဆင်း
  • ဟားခါး ပြည်သူ့ကာကွယ်ရေးတပ်က ရဲအရာရှိ ၃ ဦးနှင့် ဒလန်တဦးဖမ်းဆီးထားပြီး ဖမ်းဆီးခံပြည်သူများနှင့် အလဲအလှယ်လုပ်မည်
  • ကချင်ပြည်နယ် ဗန်းမော်သာသနာနယ်မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးကို စစ်တပ်ကဖမ်းဆီး
  • ရွှေဘိုမြို့၊ မီးသတ်စခန်းအနီးက စည်ပင်သာယာစျေးကြီး မီးလောင်
  • ရွှေဘိုစျေးမီးလောင်မှု စစ်ကောင်စီလက်ချက်ဖြစ်ကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်
  • ရန်ကုန်၊ သပိတ်စစ်ကြောင်း လူစုခွဲချိန်မှာ စစ်တပ်က ဆိုင်ကယ်များနဲ့လိုက်လံဖမ်းဆီး၊ ၅ ဦးဖမ်းခံရ
  • မန္တလေး၊ ဇီဝိတသံဃာ့ဆေးရုံက ဒဏ်ရာရသူ ၁ ဦးအပါအဝင် ဆရာဝန်နှင့် သူနာပြုများကို စစ်တပ်ကဖမ်းဆီး
  • အကြမ်းဖက်စစ်ကောင်စီက လယ်/စိုက်ချေးငွေပြန်ဆပ်ဖို့ ဖိအားပေးလို့ တောင်သူများအခက်ကြုံ
  • ရေနံချောင်းတက္ကသိုလ်ရှိ ကျောင်းသား ၉၀၀ ကျော်အနက် ၁၀၀ ကျော် ကျောင်းတက်နေ
  • စစ်တပ်ကိုကူညီနေတဲ့ ဒလန်များကို ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်
  • တိုင်းရင်းသားလက်နက်ကိုင်များ ညီညွတ်ပါက စစ်အာဏာရှင်ဖြုတ်ချနိုင်ဟု KNU ဒုဥက္ကဌဟောင်းပြော
  • ဆော-ဆိပ်ဖြူလမ်းပိုင်း၊ ပခုက္ကူ-ကျောက်ထုလမ်းပိုင်းများမှာ လုံခြုံရေးအရ သွားလာခြင်းမပြုကြဖို့ ဆော PDF ထုတ်ပြန်
  • ကနီမြို့နယ်က ဖမ်းဆီးခံရသူ ၁၀ ဦးခန့် ပြန်လည်လွတ်မြောက်လာ
  • ဘုရားသုံးဆူမြို့က ဆန္ဒပြအမျိုးသမီးနှစ်ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
  • မုံရွာမြို့က ကဗျာဆရာဦးစိန်ဝင်း စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေစဉ် ဓာတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခံရ
  • ဖမ်းဆီးခံရသူသတင်းထောက် ဂျပန်နိုင်ငံပြန်ရောက်၊ မြန်မာပြည်အကြောင်း ကမ္ဘာကိုဖြန့်မည်ဟုဆို
  • ရန်ကင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူများကို လိုက်လံဖမ်းဆီးနေ
  • ည၈:၁၅မှ၈:၃၀အထိ မီးပိတ်သပိတ် ယနေ့ညစတင်
၁၆.၅.၂၀၂၁
တိုက်ပွဲသတင်း
  • ဒီမနက် မင်းတပ်မှာ စကစတပ်တွေကတွေ့ရာလိုက်လံပစ်ခတ်နေ
  • အာဏာသိမ်းပြီးနောက် စကစနဲ့ KIAကြား တိုက်ပွဲပေါင်း ၁၄၀ ခန့်ဖြစ်
  • ရွှေကူမှာ စစ်သားတွေစီးနင်းလာတဲ့ သင်္ဘောကို KIA က တတိယအကြိမ်ပစ်ခတ်တိုက်ခိုက်
PDF & NUG
  • ကလေးမြို့တွင် ည၇နောက်ပိုင်းမလိုအပ်ဘဲသွားလာခြင်းမပြုရန် ကာကွယ်ရေးအဖွဲ့သတိပေး
  • ပဲခူးPDF၏ ဦးစားပေးပစ်မှတ်မှာ သတင်းပေးများဖြစ်ဟုပြော
  • စစ်ကိုင်းယင်းမာပင်တွင် စစ်ဘေးရှောင်များကို NUG ထောက်ပံ့
  • CDFဟားခါးမှ ဖမ်းထားသော ရဲအရာရှိ၃ဦးအပါ ၄ဦးကို သေဒဏ်ချမှတ်
  • စစ်တပ်၏အကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများကို NUG အစိုးရ ထောက်ပံ့
CDM
  • တာဝန်မှရပ်ဆိုင်းခံရသည့် CDM ပညာရေးဝန်ထမ်းပေါင်း တစ်သိန်းကျော်ရှိ
  • ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရ
  • CDMကို ပံ့ပိုးနိုင်ဖို့ကြိုးစားနေတယ်လို့ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ဆို
အထွေထွေ
  • မင်းတပ်တိုက်ပွဲ USနှင့်UK သံရုံးများရှုတ်ချ၊ အာဏာတည်မြဲရန် စကစ မိုက်တွင်းနက်နေဟုUSပြော
  • မင်းတပ်မြို့ကို စစ်အင်အားတစ်ထောင်ကျော်နဲ့ မြေပြင် ဝေဟင်ထိုးစစ်ဆင်၊ ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးချပြီး သိမ်းပိုက်
  • ခေါင်လန်းဖူးက စစ်သင်တန်းတက်သည်ဟု လိမ်လည်ထွက်ဆိုခိုင်းခံရသည့် လူငယ် ၆ ဦး မိသားစုနဲ့ အဆက်သွယ်မရ
  • ပန်းတနော်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးတင်မင်းထွဋ်ကို စစ်တပ်ကဖမ်းဆီးထား
  • စဥ့်ကိုင်မြို့နယ် မုံပင်ရွာကို စစ်တပ်ကဝင်စီးပြီး စားနပ်ရိက္ခာများလုယူ
  • ရွှေဘို စည်ပင်သာယာစျေး မီးလောင်မှု မသမာသူများလက်ချက်ဟု ရွှေဘိုခရိုင်မီးသတ်ပြော
  • သထုံမြို့တွင် တနေ့တည်း ဗုံး ၃ လုံးပေါက်ကွဲမှုဖြစ်ပွား
  • မြဝတီမြို့နယ် ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအနီးက စတိုးဆိုင်ရှေ့မှာ လက်လုပ်ဗုံးတလုံး ပေါက်ကွဲ
  • ဝိုင်းမော်မြို့နယ်တွင် တရုတ်တစ်သျှူးငှက်ပျောသယ်ဆောင်လာသည့် တွဲကားတစီးတိမ်းမှောက်
  • သင်္ကန်းကျွန်းမြို့နယ် The Lord ဘီယာဆိုင်အနီး ဗုံးပေါက်ကွဲပြီး ကားတစီးမီးလောင်ခဲ့
  • ရွှေဘိုစျေးကြီး မီးလောင်ဆုံးရှုံးခဲ့သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိပ်ခွန်ညသပိတ်ပြုလုပ်
  • မင်းတပ်မြို့ CDF ပြည်သူ့ကာကွယ်ရေးတပ်မှ လူငယ် ၆ ဦး ကျဆုံးခဲ့
  • မန်းစည်ပင်မှ မေ၂၄နောက်ဆုံးထား၍ ဆိုင်များပြန်ဖွင့်ရန်ပြော
  • တနိုင်းလီဒိုလမ်းမရှိ နောင်မီးနှင့်ဝါရာဇွပ်ရွာမှ လူငယ်၂၉ဦး ဒကစတွင်ဖမ်းခံထားရ
  • လက်ရွေးစင်အချို့မပါ၍ မြန်မာအသင်းပြည်ပမသွားနိုင်သေး
  • ခင်ဦးမြို့နယ် ကန်သာယာရွာကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး ငွေနှင့် ဆန်များလုယက်
  • ဖားကန့်တွင် မြေစာပုံပြိုကျပြီး ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရပြီး ပျောက်ဆုံးသူအများအပြားရှိ
  • မြစ်ကြီးနား အထွေထွေသပိတ် လူစုခွဲပြီးနောက် ၄ ဦးဖမ်းဆီးခံရ
  • ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ကုန်စျေးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား
  • မင်းတပ်မြို့တွင် စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုများပြုလုပ်နေ
  • ပဲခူးတိုင်း ဒုရဲမှူးကြီးတဦး နှလုံးရောဂါနဲ့ သေဆုံး
  • မင်းတပ်ပြည်သူများကို ကာကွယ်ပေးရန်နှင့် စစ်ကောင်စီအပေါ် အရေးယူပေးရန် ကုလအကြီးအကဲများထံ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
  • မင်းတပ်မြို့ ပြည်သူများအပေါ် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်ဦး CNF ရှုတ်ချ
  • အမျိုးသားညီညွတ်ရေးအစိုးရက ပါမောက္ခချုပ်များနဲ့ ကျောင်းအုပ်ကြီး ၆၃ ဦးကို အမည်ပျက်စာရင်းကြေညာ
  • ATM မှာ ငွေများထုတ်ယူမှုက အစိုးရကိုအနှောက်ယှက်ပေးခြင်းဖြစ်ဟု ဗဟိုဘဏ် ဒုဥက္ကဌပြော
  • ဟားခါးမှာ CDF ကဖမ်းဆီးမိတဲ့ ရဲမှူး၊ ဒုရဲမှူးနဲ့ ဒလန်များကို သေဒဏ်ချဖို့ CDF ဒေသခံတပ်မှူးကို အမိန့်ပေးထား
  • ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ကလေးဒေသခုခံကာကွယ်ရေးအဖွဲ့ သတိပေး
  • ပန်းတနော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကို အင်အား ၁၅၀၀ နဲ့ ဖွဲ့စည်းကြောင်းကြေညာ
  • နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ လူမဆန်မှုများကြောင့် ကျဆုံးသူ ၇၉၀ ခန့်နှင့် ဖမ်းဆီးခံရသူ ၈၀၀၀ ကျော်ရှိ
  • ဝ နယ်ကမူးယစ်ဆေးများ ထိုင်းတွင်ဖမ်းဆီးခံရမှု UWSA ငြင်းဆို
  • စစ်တပ်၏ အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးမှုများကြားက နိုင်ငံအဝှမ်း စစ်အာဏာရှင်ပြုတ်ကျရေးနှင့် စစ်ကျွန် ပညာရေးစနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြ
နိုင်ငံတကာ
  • သြစတေးလျအား ပဲ့ထိန်းဒုံးကျည်နှင့်ပစ်ခတ်နည်ဟု တရုတ်ခြိမ်းခြောက်
  • အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့တော် ဗလီတခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ၁၂ ဦးသေဆုံး
  • တရုတ်နိုင်ငံ ဝူဟန်မြို့အနီး လေဆင်နှာမောင်းတိုက်ခတ်လို့ လူ ၇ ဦးသေဆုံး

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________