Skip to main content

Posts

သို့.....

အစက ဒီက ပြန်ရင် အဖေ့ဆီက (အမေမသိအောင်) ခွင့်ပြုချက်တောင်းပြီး တော်လှန်ရေးအတွက် အလုပ်လုပ်မယ် ဆိုပြီး စိတ်ကူးနေတာ။ ခုတော့ ခွင့်ပြုပေးမယ့်သူလည်း မရှိတော့ဘူး။ မရှိတော့တဲ့အပြင် သူ့ပခုံးက ကိုယ့်အပေါ် ရောက်လာတယ်။ ကျေကျေနပ်နပ်ကြီး တာဝန်ယူရတာပေါ့။ နေ့လည်ကပဲ မိသားစုအတွက် တာဝန်ယူပါ့မယ်လို့ သူ့ကို ပြောခဲ့လိုက်တော့ အဖေလည်း စိတ်ဖြောင့်မယ် လို့ ထင်တာပဲ။ စောတာနဲ့ မြန်တာပဲ ကွာတာပါ။ တကယ့်ကို ငပေ။ ကျန်းမာရေး မကောင်းတာ သိသိနဲ့ပေနေတာ။ ဘယ်လောက် ပေ လဲ ဆို မန္တလေးကို ဆေးပြသွားတာ တယောက်တည်း ဆိုင်ကယ်နဲ့ သွားတာ။ အရာရာဟာ ရုပ်ရှင်ကြည့်နေရသလိုပဲ။ ဖြစ်ပျက်ခဲ့တာတွေက ဖလင်တလိပ်ချင်း ပြနေသလိုကို မြင်နေရတာ။ အကုန်လုံးက မနေ့တနေ့ကလိုပဲ။ ကျွန်တော်က အဖေနဲ့ ချွတ်စွပ်ဗျ။ မျက်နှာရော စိတ်ဓါတ်ရော။ အဖေက သူတတ်သမျှ သင်ပေးတယ်။ ကျွန်တော် ရလိုက်တာ ရှိသလို မရလိုက်တာတွေလည်း အများကြီး။ ဆိုင်ကယ်မောင်းတာ ကားမောင်းတာဆိုရင် ခုထိ သူ့ခြေဖျားကို မမှီဘူး။ သူဆို ဆိုင်ကယ်တစီးနဲ့ မြန်မာနိုင်ငံအနှံ့ ကို သွားခဲ့တာ။ ကားနဲ့ဆို ပိုဆိုးပေါ့။ နေ့မအိပ် ညမအိပ် ကားမောင်းနိုင်တဲ့ တကယ့် ကားသမားစစ်စစ်ကြီး။ ကျွန်တော်ဆို တရက်လောက် ကားမောင်းရင်ကို ညောင်းပြီး မလှုပ်နိ...

မေလ ဒုတိယပါတ် နွေဦးသတင်းစဉ်

 ၉.၅.၂၀၂၁ NUG/CRPH NUG အစိုးရ၊ CRPH နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လူသတ်ဓားပြတိုက်နေသည့် အာဏာသိမ်းစစ်တပ်က ကြေညာ ပြည်သူ့ဆန္ဒဆန့်ကျင်သော စစ်ကောင်စီနှင့်ဆွေးနွေးရေးပြုလုပ်မည်မဟုတ်ဟု NUGကြေညာ PDF ရန်ကုန် မြို့နယ်အချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း ပြည်သူ့ကာကွယ်ရေးတပ် - ပြင်ဦးလွင် ဖွဲ့စည်းပြီးကြောင်း ကြေညာ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ စစ်ကောင်စီကကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများစာရင်းကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန် ပြည်သူ့ကာကွယ်ရေးတပ် PDF - သန်လျင် ဖွဲ့စည်းပြီးကြောင်း ကြေညာ CDM CDM ပညာရေးဝန်ထမ်း တစ်သောင်းခန့် ရာထူးမှထုတ်ပယ်ခံရသော်လည်း CDMဆက်လုပ်မည်။ စစ်ကိုင်းပညာရေးတက္ကသိုလ်က ဆရာ/မ ၁၅၆ ဦး တာဝန်မှရပ်ဆိုင်းခံရ တိုက်ပွဲသတင်း ကွတ်ခိုင်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်တပ် တိုက်ပွဲပြင်းထန်နေ ကနီမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ် တိုက်ပွဲဖြစ် ကချင်၊ ဝိုင်းမော်မြို့နယ်တွင် KIA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ် ချင်းလဲန်းကာကွယ်ရေးတပ် CDF - ဟားခါးက စစ်တပ်စခန်းတခုကို သိမ်းပိုက်ပြီး မီးရှို့ဖျက...

မေလ ပထမပါတ် နွေဦးသတင်းစဉ်

၁.၅.၂၀၂၁ NUG - ကျန်းမာရေးဌာနလက်အောက်ရှိ ဆေး ၂ တက္ကသိုလ်ပါချုပ်အပါအဝင် အရာရှိ ၁၀ ကို ဝန်ထမ်းအဖြစ်မှထုတ်ပယ်ကြောင်း NUG အစိုးရကြေညာ နိုင်ငံတကာ&အာဆီယံ - မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီဆွေးနွေးပွဲ တရုတ်နဲ့ ရုရှကန့်ကွက်လို့ သဘောတူညီချက်မရ - မြန်မာအရေး ပိုဆိုးရွားလာနိုင်ကြောင်း ကုလမြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ပြော - မြန်မာ့အရေး USနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးများနှင့်ဆွေးနွေးရန်ASEANစီစဥ် - မြန်မာ့အရေး နိုင်ငံတကာတုံ့ပြန်မှုအားနည်းဟု ကုလအထူးကိုယ်စားလှယ်ဆို၊ သူ့ရဲ့ မြန်မာပြည်ဝင်ခွင့် စကစ ကထပ်မံငြင်းပယ် စစ်ပွဲ သတင်း - KNU နှင့်တိုက်ပွဲများတွင် စစ်တပ်ဖက်မှအကျအဆုံးများလာပြီးနောက် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေ - စစ်တပ်က KNU တပ်မဟာ ၅ နယ်မြေထဲကို သုံးကြိမ်ဆက်တိုက်ဗုံးကြဲ - အကြမ်းဖက်စစ်တပ် မြေပြင်အင်အားချိနဲ့နေလို့ လေကြောင်းကတိုက်ခိုက်ဟု KNU တပ်မဟာ ၅ ဗိုလ်မှူးချုပ်ပြော - ကချင်ပြည်နယ်တွင် စစ်ဘေးရှောင် ၃၀၀၀၀ ကျော်အထိရှိလာပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီများလိုအပ်နေ - အကြမ်းဖက်စစ်ကောင်စီက ကလေးစစ်သားများအသုံးပြုမှုများရှိ - ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရွာတွင် တပ်စွဲထားသည့် စစ်သာ...

နွေဦးဒိုင်ယာရီ (၄)

 မေ ၁ ရက်နေ့။ နိုင်ငံအနှံ့ ဖြစ်ပျက်တာတွေက များလွန်းတော့ ဒီလကစပြီး ဘလော့က သက်သက် ဖြစ်ပျက်မှတ်တမ်းက သက်သက် ရေးတော့မယ်။ မန္တလေးက ဆန္ဒပြသူတွေကို အခမဲ့ ရှေ့နေလိုက်ပေးနေပတဲ့ ရှေ့နေ မေဇွန်အဖမ်းခံရတယ်။ မနေ့ကပဲ တစ်လ အပစ်အခတ်ရပ်မယ် ပြောတဲ့ စစ်သူပုန်တွေက ကနေ့မှာ လေကြောင်းကနေပြီးတော့ KIA, KNU နယ်မြေတွေကို အသည်းအသန် ထိုးစစ်ဆင်နေတယ်။ KIA ဘက်ကို ဆိုရင် ၁၂၂ မမ လက်နက်ကြီးတွေနဲ့လည်း ဗန်းမော်ကနေ ဆက်တိုက်ပစ်တဲ့ အပြင် မြေပြင်အင်အား ၃၀၀ ကျော်နဲ့လည်း ထိုးစစ်ဆင်တယ်။ ရှမ်းဘက်က တော့ ငြိမ်နေတယ်။ RCSS က သူ့ဌာနချုပ်ပတ်လည်မှာ ဝ တပ်နဲ့ စစ်သူပုန်တွေ ပတ်လည် ပတ်ခံထားရတယ်လို့ သိရတယ်။ မင်းတပ်မှာတော့ ညှိနှိုင်းရေး လုပ်နေတယ်လို့ ပြောတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး အကုန်ကျခံပြီး ဒုက္ခသည်စခန်းတည်ဆောက်ဖို့ တောင်ကိုရီးယားအစိုးရက စီစဉ်နေတယ် လို့ သတင်းဖတ်လိုက်ရတယ်။ အာဆီယံက မြန်မာနိုင်ငံ ဒီမိုကရေစီရတာ မမြင်ချင်ဘူး ဆိုတာ အသိသာကြီး။ အဆင့် ၁ မှာ ရှိနေတဲ့ သူတွေက အဆင့် ၁၀ သမားကို စာကူကြည့်ပေးနိုင်ပေမယ့် အဆင့် ၈, ၉ တွေက တော့ သူတို့ထက်သာမှာ စိုးရိမ်နေတာ သဘာဝပဲ။ ပြည်တွင်းက export တွေလည်း ထိုးကျသွားတယ်။ ထိ...