ယူနီကုဒ် သုံးကြစို့ By Htet Wai Aung July 25, 2017 ယူနီကုဒ်လို့ ပြောလိုက်ရင် ယူနီကုဒ်ဆိုတဲ့ နံမည်စိမ်းစိမ်းကြီးကို ဘာမှန်းမသိပဲ ဘာလို့သုံးခိုင်းနေတာလဲ၊ တို့ဘာသာတို့ အခုလည်း အင်တာနက်ပေါ်မှာ စာရိုက်လို့ရ... Read more
ပြည်ထောင်စု 2.1 By Htet Wai Aung July 01, 2017 Pyidaungsu-2.1 ဟာ rendering engine အမြင့်တွေနဲ့တွဲပြီး အလုပ်လုပ်ပါတယ်။ Word မှာစာရိုက်ရင် Complex Script feature ကို သတ်မှတ်ပေးစရာမလိုဘဲ အသုံးပြုလို့ရပါတယ်။ rendering engine အနိမ့်တွေနဲ့တွဲလုပ်တဲ့ Myanmar3, Pyidaungsu-1.5 ဖောင့်တွေက Word မှာစ... Read more
Myanmar Unicode Font Face By Htet Wai Aung June 28, 2017 ကျွန်တော် ဒီဟာလေးကို သဘောကျတယ်ဗျာ။ font တစ်ခုချင်းဆီကို font design style လေးတွေ ကြည့်လို့ရအောင် feel လို့ရအောင် ဆွဲပေးထားတာ http://kaunghtet.xyz/beautiful-burmese-type/ Read more
ရာဇဝင်ထဲမှာ ဇော့်ကိုထားခဲ့... By Htet Wai Aung June 25, 2017 ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေ IT Gadget တွေမှာ မြန်မာစာသုံးဖို့ စနစ် နှစ်မျိုးရှိပါတယ်။ ဥပမာ ကြက် လို့ရေး မယ်ဆိုရင်… ကကြီး ရရစ် ကသတ် ကြက် လို့ရေးမလား... ရရစ် ကကြီး ကသတ် ကြက်လို့ ရေးမလား... ဘယ်ဟာ အမှန်လဲ။ စာလုံးပေါင်းသတ်ပုံအတိုင်း အမှန် မရေးသင့်ဘူးလား.. မရေးချင်ဘူးလား။ မြန်မာစာရေးရာမှာ ရရစ်မှာ အသေး နဲ့ အကြီး ရှိပါတယ်။ ခကွေးအတွက် ရရစ်က အသေးပါ..။ ဥပမာ. ခြ.. ဒီလို ခြ … မရပါဘူး...။ ကကြီးအတွက် ရရစ်က အကြီးပါ..ဥပမာ ကြ… ဒီလို...ကြ..မရပါဘူး။ ဒါပေမယ့် နှစ်ခုလုံးဟာ ရရစ်ပါပဲ..။ လုံးကြီးတင်ပါတဲ့ ရရစ် မပါတဲ့ ရရစ်တွေလည်း ရှိပါသေးတယ်။ အောက်မြစ် ၀ ဆွဲတွေပါ ရင်လည်း ရရစ်က ပုံစံပြောင်းပါတယ်။ စာရေးတဲ့အခါ ရေးထုံးအမှန်ဖြစ်ဖို့ အဲဒါတွေကို တစ်ခုချင်းလိုက်ရွေးပြီး ရေးချင်သလား….။ အဲ့ဒါတွေ လိုက်ရွေးနေစရာမလို.. ရရစ်တစ်မျိုးပဲပါတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့ စာလုံးပေါ်မူတည်ပြီး အကြီး အသေး အော်တိုပြောင်းတယ်။ အဲ့ဒီလိုပဲ အောက်မြစ်ကလည်း စာလုံးပေါ်မူတည်ပြီး အနေအထား သုံးမျိုး လောက်ရှိပါတယ်။ နှစ်ချောင်းငင် တစ်ချောင်းငင်တွေလည်း အတို အရှည်တွေ ရှိကြပါသေးတယ်။ အဲ့ဒါတွေကို စဉ်းစားနေစရာမလို.. ဘယ်ဟာနဲ့မှသင့်တော်မယ် တွေးနေစရာမလိုပ... Read more
မြန်မာသရများ၊ မြန်မာသဒ္ဒါနှင့် မြန်မာသင်ပုန်းကြီး By Htet Wai Aung June 24, 2017 ခေါင်းစဉ်ကြည့်ပြီး လန့်မသွားပါနဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးမှာပါဗျ။ ဘာသာစာပေတစ်ခုဆိုတာနဲ့ ဗျည်းနဲ့ သရရယ်လို့ ၂ မျိုးရှိတာ သိထားကြပြီးသားပါ။ အင်္ဂလိပ်စာမှာတော့ ရိုးရှင်းတယ် ဗျည်း သရတွေဟာ ရှေ့နောက်စဉ်ထားတယ်လေ။ မြန်မာမှာတော့ နည်းနည်းရှုပ်သဗျ။ သရကို သင်္ကေတအနေနဲ့ ဗျည်းကို သွားပေါင်းရတယ်။ Complex script လို့ခေါ်တာပေါ့။ အားတော့မငယ်နဲ့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး ဒေဝနာဂရီ အပါအဝင် အိန္ဒိယ၊ အာရှ အက္ခရာတွေမှာ complex script တွေ အများကြီးပဲ။ အခုတော့ မြန်မာ အကြောင်းပဲ ပြောကြတာပ။ မြန်မာသရကို ၁၁ လုံးရှိတယ်လို့ ပညာရှိတွေဆိုကြတယ်။ (၁၂ လုံးရှိတယ်လို့ သိထားကြတာလဲ ရှိမှာပါ။ ဆက်ဖတ်ရင် ရှင်းသွားမှာပါ) "အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို" ရယ်လို့ သရ ၁၁ လုံးပါတယ်။ မြန်မာ သရတွေမှာ လုံးချင်းသရ ဗျည်းယှဉ်သရလို့ ရေးနည်း ၂ မျိုးရှိတာလဲ သိကြမှာပါ။ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဪ ဆိုတဲ့ သရ ၇ လုံးဟာ ဗျည်းနဲ့ ယှဉ်တွဲရင် ိ၊ ီ၊ ု၊ ူ၊ ေ၊ ော၊ ော် ဆိုပြီး သင်္ကေတအနေနဲ့ ရေးရတယ်။ အ 'အ' သရဟာ အလွန်အင်မတန် ရှုပ်ထွေးပွေလီတဲ့ သရပါ။ ဒီလိုဗျ အ သရဟာ ဗျည်းတွေနဲ့ပေါင်းရင် မမြင်ရဘဲ ပျောက်နေတယ်ဗျ။ က ဆိုတာနဲ့ 'က'ဗျည်းနဲ့... Read more
MUA Office Font By Htet Wai Aung June 24, 2017 MUA Office ဖောင့် ကို ဖောင့် ဖန်တီးသူ ကိုခွန်စိုးဇော်သူ မှ ပြုလုပ်ပေးထားပါသည်။ ရုံးသုံးဖောင့် ဖြစ်သော Myanmar3 ဖောင့် ဒီဇိုင်းနှင့် အနီးစပ်ဆုံး တူအောင် ဖန်တီးထားပြီး Adobe ထုတ်ကုန်များတွင်ပါ အသုံးပြုနိုင်အောင် ဖန်တီးထားပါသည်။ MUA Office ဖောင့်ကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြန့်ဝေခြင်းဖြစ်ပါသည်။ ခွင့်ပြုချက် မရှိပဲ ပြင်ဆင်ခြင်း မြန်မာယူနီကုဒ် စံသတ်မှတ်ချက်နှင့် မကိုက်ညီသော ဖောင့်အဖြစ်ပြုပြင် အသုံးချခြင်း အထက်ပါ အချက်နှစ်ချက်မှ လွဲ၍ CC-BY-ND-4.0 License ဖြင့် အသုံးပြုခွင့် ပေးပါသည်။ Credit ပေးခြင်းသည် မူလဖန်တီးသူ၏ အားထုတ်ကြိုးပမ်းမှုအား အသိအမှတ် ပြုခြင်းဖြစ်ပါသည်။ MUA Office ဖောင့် အား ဒီလင့် ကနေ ဒေါင်းယူနိုင်ပါသည်။ Read more
ယူနီကုဒ် စာရိုက်နည်း By Htet Wai Aung June 24, 2017 ယူနီကုဒ်အကြောင်းပြောရင် စာရိုက်နည်းလဲ ချန်ထားလို့မရပါဘူး။ ယူနီကုဒ်မှာ စာရိုက်နည်း ၂ မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ Smart keyboard ပေါ့။ မြန်မာသင်ပုန်းကြီးရိုက်သလိုပဲ ရိုက်ရတော့ ခက်အခဲမရှိပါဘူး။ ဝင်းလို ရရစ်ကို ရှေ့ကရိုက်စရာမလိုပါဘူး။ နောက်တစ်ခုက logical order နဲ့ရိုက်တဲ့နည်းပါ။ ဒီစနစ်မှာ ဗျည်းသံ သရသံတွေကို ခွဲခြားသိရင် ပိုပြီး လွယ်ပါတယ်။ စရိုက်ရင် သဝေထိုးက ပြဿနာပေးတယ်။ မြန်မာတွေရေးရင် သဝေထိုးရှေ့ကရိုက်ကြတာ ဘာလို့ ယူနီကုဒ်မှ နောက်ကရိုက်သလဲ မေးစရာရှိပါတယ်။ ရှေးဦးစွာ စကားသံတစ်ခုမှာ ဗျည်း၊သရ တွဲပြီးမှ ဖြစ်လာပါတယ်။ ဝဏ္ဏတစ်ခု(စကားသံတစ်ခု) မှာ အဓိက ပြောရရင် ဗျည်း ပြီးမှ သရလာရပါတယ်။ ကာ ဆိုတဲ့ အသံရဖို့ က+အာ>ကာ ရယ်လို့ ဗျည်းနဲ့သရ ပေါင်းစပ်ရပါတယ်။ ကိ ဆိုတဲ့ စကားသံဆိုရင် က+အိ>ကိ လို့ရပါမယ်။ မြန်မာစာမှာ သဝေထိုးပါတဲ့ သရသံ ၃ ခုရှိပါတယ်။ အေ၊ အော၊ အော် ပါ။ ကောင်းပြီ ဗျည်းပြီးမှသရလာတာဖြစ်တဲ့အတွက် ကေ ဆိုရင် က+အေ>ကေ လို့ဖြစ်ပါတယ်။ ကော= က+အော>ကော၊ ကော်= က+အော်>ကော် ဖြစ်ပါတယ်။ သဝေထိုးဟာ ရေးရင် အရှေ့ကရေးပေမယ့် အသံအရ နောက်ကပဲ နေပါတယ်။ ဒါကြောင့် သဒ္ဒဗေဒအရ ယူနီကုဒ်မှာ သဝေထိုး ေ ကို ဗျ... Read more