ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေ IT Gadget တွေမှာ မြန်မာစာသုံးဖို့ စနစ် နှစ်မျိုးရှိပါတယ်။ ဥပမာ ကြက် လို့ရေး မယ်ဆိုရင်… ကကြီး ရရစ် ကသတ် ကြက် လို့ရေးမလား... ရရစ် ကကြီး ကသတ် ကြက်လို့ ရေးမလား... ဘယ်ဟာ အမှန်လဲ။ စာလုံးပေါင်းသတ်ပုံအတိုင်း အမှန် မရေးသင့်ဘူးလား.. မရေးချင်ဘူးလား။ မြန်မာစာရေးရာမှာ ရရစ်မှာ အသေး နဲ့ အကြီး ရှိပါတယ်။ ခကွေးအတွက် ရရစ်က အသေးပါ..။ ဥပမာ. ခြ.. ဒီလို ခြ … မရပါဘူး...။ ကကြီးအတွက် ရရစ်က အကြီးပါ..ဥပမာ ကြ… ဒီလို...ကြ..မရပါဘူး။ ဒါပေမယ့် နှစ်ခုလုံးဟာ ရရစ်ပါပဲ..။ လုံးကြီးတင်ပါတဲ့ ရရစ် မပါတဲ့ ရရစ်တွေလည်း ရှိပါသေးတယ်။ အောက်မြစ် ၀ ဆွဲတွေပါ ရင်လည်း ရရစ်က ပုံစံပြောင်းပါတယ်။ စာရေးတဲ့အခါ ရေးထုံးအမှန်ဖြစ်ဖို့ အဲဒါတွေကို တစ်ခုချင်းလိုက်ရွေးပြီး ရေးချင်သလား….။ အဲ့ဒါတွေ လိုက်ရွေးနေစရာမလို.. ရရစ်တစ်မျိုးပဲပါတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့ စာလုံးပေါ်မူတည်ပြီး အကြီး အသေး အော်တိုပြောင်းတယ်။ အဲ့ဒီလိုပဲ အောက်မြစ်ကလည်း စာလုံးပေါ်မူတည်ပြီး အနေအထား သုံးမျိုး လောက်ရှိပါတယ်။ နှစ်ချောင်းငင် တစ်ချောင်းငင်တွေလည်း အတို အရှည်တွေ ရှိကြပါသေးတယ်။ အဲ့ဒါတွေကို စဉ်းစားနေစရာမလို.. ဘယ်ဟာနဲ့မှသင့်တော်မယ် တွေးနေစရာမလိုပ...