Skip to main content

Office Terminology

 Office Suit ဆိုပြီး ရုံးလုပ်ငန်း မှာ ကွန်ပျူတာ နဲ့ ရုံးအလုပ်တွေ လုပ်ကြတဲ့သူတွေ မသုံးမဖြစ် သုံးကြတဲ့ software တွေ ရှိတယ်။ မြန်မာမှာ မသိတဲ့သူ မရှိတာက Microsoft ရဲ့ Office suit ပေါ့။ Standard Office Suit မှာ Words, Excel, Power Point ဆိုပြီး ပါတယ်။ မြန်မာကလူတွေက Terminology တွေ သေချာ မသိပဲ အမှတ်မှားနေကြတာတွေ ရှိတယ်။ ဒါတွေ နည်းနည်း ရှင်းပြချင်တာပါ။ 

Office Suit မှာ ဘာတွေ ပါသလဲဆိုတော့ 

  • Word Processor 
ဒါက စာစီစာရိုက် အတွက် သုံးပါတယ်။ Microsoft ရဲ့ Words နဲ့ ကျွန်တော်တွဲ သိကြတာပါ။ တခြား company က ထုတ်တဲ့ Word Processors တွေလည်း ရှိပါတယ်။ 

Apple ကတော့ သူ့ရဲ့ Word Processor က Pages လို့ နာမည်ပေးထားပါတယ်။ Apple Products တွေမှာ Free သုံးလို့ ရပါတယ်။ အခု ၂၀၂၇ မှာတော့ paid plan နဲ့ လာမယ်လို့လည်း ပြောထားပါသေးတယ်။

https://apps.apple.com/us/app/pages-create-documents/id361309726

Google ကလည်း သူ့ Word Processor ကို Docs လို့ ပေးထားပါတယ်။ Google ကတော့ Browser based မို့ Browser ရှိယုံ Google account ရှိယုံနဲ့ သုံးလို့ရပါတယ်။ Android နဲ့ iOS, iPadOS မှာ app ရှိပေမယ့် browser မှာ သုံးရတာလောက် မကောင်းပါဘူး။ နောက်ပြီး Google ရဲ့ Office suit မှာက  collaboration လုပ်ရတာ ပိုအဆင်ပြေပါတယ်။ Collab လုပ်ဖို့ လိုတယ်ဆိုရင် Google Office Suit ကို highly recommanded ပါပဲ။

www.docs.google.com

  • Spreadsheet
သူ့ကိုကျတော့ မြန်မာက လူတွေက Excel လို့ မသိကြပါဘူး။ မူရင်းက spreadsheet ပါ။ ဒါပေမယ့် Microsoft ရဲ့ Excel ကိုပဲ သိပြီး မြန်မာနိုင်ငံမှာ Excel လို့ပဲ နာမည်တွင်သွားပါတော့တယ်။

Apple ကတော့ သူ့ရဲ့ Spreadsheet software ကို Numbers လို့ နာမည်ပေးထားပါတယ်။ ကျွန်တော်ကတော့ basic functions တွေပဲ သုံးဖူးတာမို့ pro level and advanced level တွေ ဖြစ်တဲ့ Pivot table တို့ macro တို့လို Excel function တွေ က Apple ရဲ့ Numbers မှာ သုံးလို့ ရ မရ မသိပါဘူး။

https://apps.apple.com/us/app/numbers-make-spreadsheets/id361304891 

Google ကတော့ ဒီ software ကိုကျ Google Sheets လို့ နာမည်ပေးထားပါတယ်။ Google sheet မှာကတော့ တခြားGoogle Software နဲ့တွဲပြီး သုံးလို့ ရတာတွေ အများကြီး ရှိတယ်။ ဥပမာ Google App Script နဲ့ Google sheet နဲ့ ချိတ်ပြီး ကိုယ်ပိုင် App ပါ ထုတ်လို့ရပါတယ်။

https://docs.google.com/spreadsheets/

  • Presentation 
ဒါလည်း မူလနာမည်မသိကြတော့ပဲ Microsoft ရဲ့ Power Point လို့ပဲ လူသိကြပါတယ်။ 

Apple က Keynote လို့ နာမည်ပေးထားပြီး Google ကတော့ Google Slides လို့ နာမည်ပေးထားပါတယ်။

https://apps.apple.com/us/app/keynote-design-presentations/id361285480

https://docs.google.com/presentation/

ဒါကတော့ Apple နဲ့ Google က ထုတ်တဲ့ Office suit တွေပါ။ တခြား နာမည်ကြီးတာကတော့ Linux နဲ့ တွဲပြီး နာမည်ရလာတဲ့ Libre Office ပါ။ မြန်မာစာ ကို word count တွေ segment ခွဲတာတွေပါ ရလို့ မြန်မာစာ အတွက် သုံးချင်တယ်ဆို အဆင်အပြေဆုံးပါ။ 

https://www.libreoffice.org/download/

MS Office လို UI ပုံစံလေးနဲ့ သုံးချင်တယ်။ ပိုက်ဆံလည်း မပေးချင်ဘူး။ Crack လည်း မသုံးချင်ဘူးဆိုရင်တော့ OnlyOffice ရှိပါတယ်။ File Size လည်း နည်းတဲ့ အပြင် Personal Use အတွက် free ပေးထားပါတယ်။ Window, Mac, Linux အကုန် ရပါတယ်။ 

https://www.onlyoffice.com/download-desktop


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...