သွင်းကုန်တွေ ခက်ခဲလာတော့ တပါတ်ရစ်လေးတွေနဲ့ အသားကျလာတယ်။ တပါတ်ရစ်ရောင်းတဲ့ သူတွေကို နည်းနည်းဖောင်းထုချင်လို့ ရေးတဲ့ စာပါ။ တရက်ကျတော့ စက်ဘီးတစ်စီး ဝယ်ဖို့ လိုက်ရှာတယ်။ ဘော်ဒါတစ်ယောက်က ဝယ်ခိုင်းလို့ ပါ။
မူလ website ဈေးက $2100 ဆိုတော့ သိန်း ၈၀ ပေါ့။ အခု ရန်ကုန်မှာ ရောင်းဈေးက သိန်း ၄၀ တဲ့။ တကယ်တော့ စက်ဘီးဈေးကွက် ပေါက်ဈေးက အသစ်ဈေးရဲ့ ၃ ပုံ ၁ ပုံ ဆိုတာက ပုံမှန်ပါပဲ လို့ ကျွန်တော် လက်ခံထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပြီးခဲ့တဲ့ ၂ နှစ်တုန်းက $800 တန် စက်ဘီး ၂ စီး ဝယ်ခဲ့တယ်။ တစ်စီးကို ၁၀ သိန်း ပေးခဲ့ရတယ်။ အဲ့တာကြောင့် ၃ ပုံ ၁ ပုံ လို့ ပြောတာပါ။ အခု စက်ဘီးရောင်းတဲ့ သူတွေက ဘာဖြစ်နေကျသလဲဆို ဈေးပြောဆိုရင် website က ဈေးကြီး ပြပြီး ဈေး ကို ပြောတော့တာပဲ။ website က ဈေးဆိုတာက နောက်ကွယ်မှာ after sale service တွေက ပါသေးတယ်။ brand image အတွက် လုပ်ပေးထားတဲ့ ဝန်ဆောင်မှု့တွေ ပါတယ်။ အခု ဒီမှာ ဖြစ်နေတာက website က ဈေးကြီး လာလာ ပြပြီး ပျက်ရင် ကျ ဘာမှလည်း လုပ်မပေးနိုင်ဘူး။ ရယ်တော့ ရယ်စရာ အကောင်းသား။ သူတို့လို website က ဈေးပြသလိုပဲ ကိုယ်လည်း reddit က ပိုစ့်ကို ပြချင်သွားတယ်။ ဖတ်ချင်ရင် ဒီမှာ။https://www.reddit.com/r/ebikes/comments/13ialsa/warning_about_buying_ebikes_from_morfuns/
အဲ့သလိုပေါ့။ reddit မှာ ရေးထားတာက ခဏတိုင်းပျက်မယ်။ ကိုယ့်ဟာကို ပြင်နိုင်ရင်တော့ ဝယ်တဲ့။
ကျွန်တော် ရှေ့က စက်ဘီး ၂ စီး ဝယ်ပြီးတဲ့နောက်မှာ ရခဲ့တဲ့ experiences တွေက တော့ စက်ဘီးက ဝယ်ပြီး စီးရင် ပျက်မှာပဲ။ မပျက်တောင် ပုံမှန် maintainence လုပ်ပေးရတာတွေရှိတယ်။ ခုလို E Bike တွေဆို ပိုဆိုးတာပေါ့။ Motor တခုခု ဖြစ်ရင် Motor အလုံးလိုက် က ဝယ်လို့ ရနိုင်သလား။ Electronic Controller Card က ပျက်သွားလို့ ရှိရင် Spare ဝယ်လို့ လွယ်မှာလား။ Battery တွေကရော ပျက်ရင် အသစ်ဝယ်လို့ ရမှာလား။ Brake Shoe က ဝယ်လို့ လွယ်သလား။ နောက်ဆုံး Spoke က အစ Spare လွယ်လွယ် ရနေမှ ဖြစ်မှာပါ။ ဆိုတော့ စက်ဘီး ဝယ်မယ်ဆို အဲ့တာတွေ ပါ ထည့်တွေးရပါတယ်။ Website က အဲ့ဈေး ရေးထားတယ်ဆိုတာ အဲ့တာတွေ အတွက်ပါ သူတို့ တာဝန်ယူပြီး service ပေးရလို့ အဲ့ဈေးရေးထားတာပါ။
ကျွန်တော် ပထမ ဝယ်တဲ့ ဆိုင်က အကို က အတော်ကို စေတနာပါပြီး သဘောလည်း ကောင်းပါတယ်။ ကျွန်တော် သူ့ဆီက ဝယ်ပြီး တစ်ပါတ်နေတော့ user exp ကို သူ့ဆီ သွားပြောပါတယ်။ စက်ဘီးက brake ဆွဲညှစ်လိုက်ပေမယ့်လည်း မော်တာက ဆက်လည် နေတော့ စက်ဘီးစီးတဲ့ သူအတွက် အန္တရာယ်များပါတယ်။ Brake shoe လည်း ခဏလေးနဲ့ ကုန်ကုန်သွားလို့ ခဏတိုင်းလဲရပါတယ်။ အဲ့တာနဲ့ ဆိုင်က အကို ကို ကျွန်တော် brake ဆွဲလိုက်တာနဲ့ motor ကို power cut off လုပ်ပေးတဲ့ function လေး ထည့်ပေးပါ ဆိုပြီး request သွားလုပ်ပါတယ်။ ဆိုင်က အကိုက brake ကို modified လုပ်ပြီး ကျွန်တော် ပြောတဲ့ အတိုင်း motor power cut off ကို ထည့်ပေးလိုက်ပါတယ်။ အဲ့ကျမှ စက်ဘီးက လုံးဝ အဆင်ပြေသွားတာပါ။ မဟုတ်ရင် ကုန်းဆင်းတွေမှာ ကိုယ်က brake ကို ဆွဲထားပေမယ့် motor က ဆက် run နေတော့ စက်ဘီးက အရှိန်နဲ့ ကုန်းဆင်းကြီးကို ဆင်းတာပါ။ ထိန်းရလည်း ခက်သလို ဘယ်နေ့ မသာပေါ်မလဲ မသိတဲ့ အနေအထားပါ။ ဒါက ကျွန်တော့် ပထမ စက်ဘီး ရောင်းတဲ့ ဆိုင် အကြောင်းပြောပြတာပါ။ အဲ့ဆိုင်က အခု မရှိတော့ပါဘူး။
နောက်ပြီးတော့ ဒီ စက်ဘီးကို သူတို့ က website က ဈေးနဲ့ပဲ ရောင်းနေတာ၊ သူတို့က website ကဈေးနဲ့ ဝယ်ရတာလည်း မဟုတ်ပါဘူး။ စက်ဘီးတွေ သူတို့ ဘယ်လို ဝယ်သလဲ ဆိုတာလည်း ကိုယ်က သိနေတာပဲ။ Lot နဲ့ ဝယ်ရတာပဲ။ ကံကောင်းရင် ခုလို ဘီး အကောင်းစားတွေ ပါလာတတ်တယ်။ Lot တစ်ခုလုံး လွင့်ပစ်စရာမရှိပါဘူး။ အကုန် ရောင်းလို့ ရတာတွေချည်းပါပဲ။ စောနပြောသလို ၃ ပုံ ၁ ပုံဈေးနဲ့ဆို ဝယ်တဲ့သူလည်း အဆင်ပြေမှာပါ။ အခုက တဟားဒယား အမြတ်လိုချင်နေကြသလိုကြီး ဖြစ်နေတာမို့ စက်ဘီးဆိုင်နဲ့ တပွဲတလမ်း ရန်သွားဖြစ်ခဲ့ရပါကြောင်း။
Comments
Post a Comment