HomePod နဲ့ သီချင်းနားထောင်တာ ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် Homepod ကို Speaker အနေနဲ့ သုံးတယ်ပေါ့။ သီချင်းနားထောင်တဲ့ ကိစ္စမှာကျတော့ အသံက တချက်ချက် ရပ်ရပ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုပြီး လိုက်ရှာကြည့်တော့ သူက bluetooth ကို မသုံးပဲ WiFi ကနေ streaming လုပ်နေတာမို့ တဲ့။ ရုပ်ရှင်ကြည့်တော့ ပိုဆိုးသွားတယ်။ အသံက တချက်တချက် ရပ်သွားယုံတင်မကဘူး၊ အသံက နောက်ကျနေသေးတာ။ 2 sec လောက် အထိကို တခါတလေ နောက်ကျတယ်။ ရုပ်ရှင်ထဲမှာ သေနတ်က ပစ်ပြီးသွားပြီ ခဏနေမှ ဒိုင်းဒိုင်း ဆိုပြီး အသံထွက်လာတာကိုး။ အတော်ဖီးလ်ကွေးတာ။
အဲ့တာ ဘယ်လို fix ရမလဲ လိုက်ရှာတော့ Air Play နဲ့မှ ပဲ ရတယ်တဲ့။ Youtube ကြည့်တယ်ဆိုရင် တောင်မှ Safari ကနေပဲ ကြည့်။ အဲ့ကျမှ Air Play က အလုပ် လုပ်ပြန်တယ်။ Air Play နဲ့ကျတော့ အသံ နောက်ကျတာ မဖြစ်တော့ဘူး။ အဲ့တော့ HomePod က ဖုန်းနဲ့ ဖြစ်ဖြစ် iPad နဲ့ ဖြစ်ဖြစ် အဆင်ပြေတယ်။ ဒါတောင် Air Play နဲ့ပဲ ပြေမှာနော်။ MacBook နဲ့ တွဲမယ်ဆို ပြေမှာ မဟုတ်ပါဘူးလို့။
Comments
Post a Comment