ကွန်ပျူတာရှေ့ထိုင်ရင် ရေနွေးကြမ်း အမြဲသောက်ဖြစ်တယ်။ ညဘက်တွေဆို နွားနို့ပူပူလေးတစ်ခွက်သောက်ဖြစ်တယ်။ ပြဿနာက ပူပူလေးက ပြဿနာ။ ခွက်ထဲထည့်လိုက်တာနဲ့ သိပ်မကြာဘူး အေး သွားတော့တာကိုး။ အဲ့တာနဲ့ ဘယ်လို လုပ်ရမလဲ မသိခင်မှာပဲ ကိုယ့်စိတ်ကို ဖတ်နိုင်နေတဲ့ တစ်ယောက်တည်းသောသူ ဖြစ်တဲ့ ဇူကာဘတ်ရဲ့ facebook မှာ post တက်လာပါလေရော။ အဲ့တာနဲ့ အတော်ပဲဟ ဆိုပြီး warmer လေး ဝယ်ဖြစ်သွားတယ်။ ရေနွေးကြမ်း နွေးနွေးလေး ၊ နွားနို့ ပူပူလေး သောက်ချင်ရင် ဒါလေးက မရှိမဖြစ်ပဲ။ မကောင်းတာက ဖန်ခွက်ဆို မရဘူး။ တအားထူရင် မရတာ။ ပါးရင်တော့ ရမယ်ထင်တယ်။ ဖန်ခွက် နဲ့ မသုံးတော့ သေချာတော့မသိဘူး။ သူက induction နဲ့ အပူပေးတာဆိုတော့ သံခွက်တွေနဲ့ကျ အဆင်ပြေတယ်။
ဝယ်တာကတော့ ထုံးစံအတိုင်း C4E နဲ့ Win Mobile က ဝယ်တာ ဖြစ်မယ်။ ဝယ်ထားတာ ၃ နှစ်ကျော်ပြီ။ အခုမှ စာရေးဖြစ်တာဆိုတော့ ဘယ်က ဝယ်တာလဲ မမှတ်မိတော့ဘူး။
Comments
Post a Comment