Travel Blogger အမ နဲ့ အတူ ခရီးတွေသွား တောင်တွေ တက်တုန်းက ဆိုလည်း အမ က နားပြီဆိုတာနဲ့ laptop လေးဖွင့် စာရေးတော့တာပဲ။ သူ့ blog တွေ အောင်မြင်တာလည်း မပြောနဲ့။ စာ အရေးအသားကလည်း ကောင်း၊ ဇွဲကလည်း ရှိတာမှ လွန်ရောပဲကိုး။ သူ့ကို အားကျပြီး တောင်တက်တဲ့ ခရီးတွေ အကြောင်းစာရေးမယ် လုပ်နေတာ ဘယ်လိုမှ အထ မမြောက်ဘူးဖြစ်နေတယ်။ ခရီး က ပြန်ရောက်ရောက်ချင်း ရေးနိုင်မှ အဆင်ပြေနိုင်မှာ။ မဟုတ်ရင် မမှတ်မိတော့ဘူး။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တစ်နှစ်ကို တောင် ၃ လုံးလောက်တော့ အနည်းဆုံး တက်ဖြစ်ခဲ့ပေမယ့် စာ တစ်ပုဒ်မှ မရေးဖြစ်ခဲ့ဘူး။ Travel blogger တွေကိုတော့ ရေးနိုင်လို့ လေးစားတယ်။ နောက်နှစ်ထဲတော့ တောင်တက်ခရီးစဉ်တွေ အကြောင်း ရေးနိုင်အောင် ကြိုးစားရဦးမယ်။ ခရီးသွားတဲ့ ဓါတ်ပုံတွေကို ပြန် ရှာ ရတာလည်း အလုပ် က ရှုပ်တာကိုး။ ဒီစာရေးနေရင်း စစ်ကိုင်းငလျင်တုန်းက တစ်လကျော် ခရီးထွက်ထားတဲ့ ပုံတွေပြန်လိုက်ရှာတာကို ဘယ်နားထားမိမှန်းမသိတော့လို့ ရှာရတာ မူးနောက်နေတာပဲ။
အခုလောလောဆယ်တော့ (စကားကြီး စကားကျယ် ပြောရရင်) ဝမ်းရေးဖြေရှင်းဖို့ အတွက် စာရေး စာဖတ်တဲ့ဘက်ကို မလှည့်နိုင်ဘူး ဖြစ်နေတယ်။ လစ်ဟင်းတဲ့ အလုပ်တွေအတွက်လည်း တောင်းပန်ပါတယ်လို့ ဒီကနေပဲ ပြောပါရစေ။
ပုံကတော့ လူအထင်ကြီးအောင် ထည့်ထားတာပါ။ ဟီးဟီး။ ခရီးသွားရင်း ပိုက်ဆံပြတ်သွားလို့ အနီးဆုံး ATM ကို လိုက်ရှာရင်း ဓါတ်ပုံရိုက်ထားမိတာပါ။
Comments
Post a Comment