Skip to main content

Bearing များ အကြောင်း

Bearing ဆိုတာဟာ စက်ပစ္စည်းအစိတ်အပိုင်းတွေ လှုပ်ရှားလည်ပတ်တဲ့အခါ၊ အချင်းချင်း ထိစပ်နေတဲ့ မျက်နှာပြင်နှစ်ခုကြားက ပွတ်တိုက်မှု (Friction) ကို လျှော့ချပေးဖို့အတွက် အသုံးပြုရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စက်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို လွယ်ကူချောမွေ့စေဖို့ ကူညီပေးပြီး စွမ်းအင်ဆုံးရှုံးမှုကိုလည်း လျော့ချပေးပါတယ်။ စက်တွေ အလုပ်လုပ်တဲ့အခါ မျက်နှာပြင်တွေ ပွတ်တိုက်ရာကနေ မျက်နှာပြင်တွေဟာ တဖြည်းဖြည်း စားသွားပြီး ပျက်စီးတတ်ပါတယ်။ 


Bearing တွေက ဒီလိုပွတ်စားမှုတွေကို လျှော့ချပေးဖို့အတွက် အသုံးပြုရတာပါ။ Bearing တွေမှာ အခြေခံအားဖြင့် အတွင်းမှာ အလုံးလေးတွေ (Balls) ဒါမှမဟုတ် ဒလိမ့်ပုံလေးတွေ (Rollers) ထည့်သွင်းထားပါတယ်။ မျက်နှာပြင်နှစ်ခုအကြား ပွတ်တိုက်အားကို ထိုအလုံးလေးတွေ (သို့) ဒလိမ့်လေးတွေကို လှိမ့် (Rolling) သွားစေခြင်းအားဖြင့် အားကို လွှဲပြောင်းယူပြီး ပွတ်တိုက်အားကို လျှော့ချပေးတာ ဖြစ်ပါတယ်။ Bearing တစ်ခုအပေါ် သက်ရောက်နိုင်တဲ့ အားတွေမှာ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။ 

လည်ပတ်နေတဲ့ ဝင်ရိုးရဲ့ လည်ပတ်မှုအတိုင်း တန်ပြန်သက်ရောက်တာကို Radial Load လို့ခေါ်ပါတယ်။ Thrust Load ခေါ် Axial Load ဆိုတာကတော့ ဝင်ရိုးတလျှောက် သက်ရောက်သောအားပဲ ဖြစ်ပါတယ်။ Bearing ကို ဘယ်နေရာမှာ တပ်ဆင်ထားလဲဆိုတာပေါ် မူတည်ပြီး Radial Load ပဲ သက်ရောက်နိုင်သလား၊ Thrust Load (Axial Load) လား၊ ဒါမှမဟုတ် Load နှစ်မျိုးလုံး သက်ရောက်နိုင်တာလားဆိုတာ သိနိုင်ပါတယ်။ 

ဥပမာအားဖြင့် ကားဘီးနဲ့ ဝင်ရိုးကြားမှာ တပ်ဆင်ထားတဲ့ Bearing မှာဆိုရင် ကားရဲ့အလေးချိန်ကြောင့် Radial Load သက်ရောက်နိုင်ပြီး၊ ကားကို ကွေ့လိုက်တဲ့အခါမျိုးမှာတော့ Thrust Load သက်ရောက်နိုင်ပါတယ်။ Ball Bearing များဟာ အတွေ့ရအများဆုံးသော Bearing အမျိုးအစား ဖြစ်ပါတယ်။ ၎င်းတို့ကို Deep-Groove Single-Row သို့မဟုတ် Conrad Bearing လို့လည်း ခေါ်ကြပါသေးတယ်။ သူတို့ဟာ Radial Load ရော၊ Thrust Load ရော နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းဆွဲထားတာပါ။ လုံးဝန်းတဲ့ ဘောလုံးလေးတွေကို အသုံးပြုထားပြီး၊ ပေါ့ပါးပြီး လည်ပတ်မှုမြန်ဆန်တဲ့ စက်ပစ္စည်းတွေမှာ အသုံးများပါတယ်။ 

Ball Bearing ရဲ့ Inner Ring (အတွင်းကွင်း) ကို ပုံမှန်အားဖြင့် လှည့်နေတဲ့ ဝင်ရိုး (Shaft) ပေါ်မှာ တပ်ဆင်ထားပါတယ်။ Outer Ring (အပြင်ကွင်း) ကိုတော့ Bearing အိမ် (Housing) ပေါ်မှာ တပ်ဆင်ထားပါတယ်။ Inner Ring ရဲ့ အပြင်ဘက်နဲ့ Outer Ring ရဲ့ အတွင်းဘက်မှာ Ball လေးတွေ ထည့်ဖို့အတွက် စက်ဝိုင်းပုံ လမ်းကြောင်းလေး (Raceway/Groove) တွေ ရှိပါတယ်။Bearing အပေါ်ကို အားတစ်ခုခု သက်ရောက်လာပြီဆိုရင် အရင်ဆုံး Outer Groove မျက်နှာပြင်ပေါ်ကို ကျရောက်ပါတယ်။ 

အဲ့ဒီကနေမှ အလယ်က Ball လေးတွေပေါ်ကို သက်ရောက်ပြီး၊ နောက်ဆုံးမှ Ball လေးတွေဆီကနေ Inner Groove ပေါ်ကို သက်ရောက်ကာ ဝင်ရိုးဆီသို့ အားကို လွှဲပြောင်းပေးပါတယ်။ Ball လေးတွေ ထည့်ထားတဲ့ မြောင်းလမ်းကြောင်းလေးတွေရဲ့ ကွေးတဲ့ အချိုးအစားကို အများအားဖြင့် Ball အချင်းရဲ့ ၅၁.၅% ကနေ ၅၃% အထိ အတိုင်းအတာအတိုင်း ကွေးထားရပါတယ်။ ကွေးတဲ့ပမာဏ ငယ်လေလေ Ball လေးတွေနဲ့ ပတ်လမ်းမြောင်းအကြား ကြပ်လာလေလေမို့ လှိမ့်ရင်း ပွတ်စားနိုင်နှုန်း ပိုမြင့်လေလေ ဖြစ်ပါတယ်။ 

ကွေးတဲ့ပမာဏ ကြီးလေလေ၊ Ball ပတ်လမ်းနဲ့ ထိစပ်တဲ့ မျက်နှာပြင် ဧရိယာ နည်းလေလေ ဖြစ်ပါတယ်။ ဒီလို ဧရိယာနည်းတဲ့အတွက် Bearing ကို ပြုလုပ်ထားတဲ့ သတ္တုကို ဖိအားများများ သက်ရောက်မှုကြောင့် မြန်မြန် သက်တမ်းတိုစေမှုကို လျော့ကျစေပါတယ်။ Roller Bearings တွေကတော့ ဘောလုံးအစား ဆလင်ဒါပုံစံ Roller တွေကို အသုံးပြုထားပါတယ်။ သူတို့ဟာ ပိုမိုလေးလံတဲ့ ဝန်ကို ထမ်းပိုးနိုင်စွမ်းရှိပြီး၊ စက်ကြီးတွေနဲ့ လေးလံတဲ့ စက်ပစ္စည်းတွေမှာ အသုံးများပါတယ်။ 

Tapered Roller Bearings တွေက ချွန်ထွက်နေတဲ့ Roller တွေကို အသုံးပြုထားတာကြောင့် Radial Load နဲ့ Axial Load နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိပါတယ်။ Needle Bearings တွေဟာ ရှည်လျားပြီး ပါးလွှာတဲ့ Roller တွေကို အသုံးပြုထားတာကြောင့် နေရာလွတ်နည်းပြီး လေးလံတဲ့ Load တွေကို ခံနိုင်ရည်ရှိပါတယ်။ Thrust bearing ဆိုသည်မှာ rotary bearing အမျိုးအစားတစ်ခုဖြစ်ပြီး axial load များအတွက် အဓိကထားပြီး ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ စက်ပစ္စည်းအစိတ်အပိုင်းများကို တိကျစွာ လည်ပတ်နိုင်စေပြီး axial drift (shaft အတိုင်း တိမ်းစောင်း၊ ရွေ့လျားခြင်း) ကို ကန့်သတ်ပေးပါတယ်။

axial နှင့် အလားတူဖိအားများ ပံ့ပိုးရမည့်နေရာများတွင် အများအားဖြင့် အသုံးပြုကြပြီး ဥပမာအားဖြင့် hydraulic unit များ၊ တနည်းအားဖြင့် shaft အတိုင်း "push" သို့မဟုတ် "pull" လုပ်ရမည့်နေရာ ဖြစ်ပေါ်သော စက်အစိတ်အပိုင်းများတွင် တွေ့ရသည်။ Thrust bearing များသည် Axial Load (ဝင်ရိုးတလျှောက် သက်ရောက်တဲ့ အား) ကို အဓိက ထမ်းပိုးပေးပြီး shaft ၏ အရှည်အတိုင်း ဖြစ်ပေါ်တဲ့ "ဖိအား" များကို ထိန်းသိမ်းပေးတယ်။ ၎င်းကို thrust collar များနှင့် လှည့်ပတ်နေသော အစိတ်အပိုင်းများ (ball များ၊ roller များ) နှင့် ဆက်စပ် အသုံးပြုလေ့ရှိပါတယ်။ 

Bearing နဲ့ ပါတ်သက်လို့ အရေးကြီးဆုံး point တစ်ခုကို ထပ်ဆောင်းရေးရမည်ဆိုလျှင် အဟောင်းကို ဖြုတ်ပြီး အသစ်လဲလှယ်တပ်ဆင်ဖို့အတွက် Bearing Number (ဥပမာ: 6205, 6308) စသဖြင့် ရှာကြည့်ရပါမယ်။ သို့ပေမယ့် သက်တမ်းကြာရှည်သုံးထား၍ Bearing number ပျက်နေပြီး မ‌တွေ့ဘူးဆိုရင်၊ Bearing ရဲ့ အတွင်းအချင်း (Inner Diameter - ID)၊ အပြင်အချင်း (Outer Diameter - OD)၊ အထူ (Width) တို့ကို တိုင်းတာရပါမယ်။

တိုင်းတာထားတဲ့ အတိုင်းအတာများ (ဥပမာ- ID = 25mm, OD = 52mm, Width = 15mm) ကို သိရှိပြီဆိုရင် Google မှာ "[ ID = 25mm, OD = 52mm, Width = 15mm of bearing number ]" လို့ ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ နောက်တစ်နည်းအနေနဲ့ "Bearing size chart" လို့ ရှာပြီး အတိုင်းအတာနဲ့ တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။ အွန်လိုင်းမှာလည်း Bearing size နဲ့ နံပါတ်ကို တိုက်ဆိုင်စစ်ဆေးနိုင်တဲ့ Tool တွေ ရှိပါတယ်။

Bearing Number တွေဟာ ဂဏန်းတွေနဲ့ ဖွဲ့စည်းထားတတ်ပြီး နံပါတ်တစ်ခုစီတိုင်းမှာ အဓိပ္ပါယ်ယ်ရှိပါတယ်။ ဥပမာ- "6205" မှာဆိုရင်---

~ 6 - Bearing အမျိုးအစား (ဥပမာ - Ball Bearing)

~ 2 - Series (ဝန်ခံနိုင်အား အတန်းအစား၊ ဥပမာ - Light Duty)

~ 05 - အတွင်းအချင်း (ID) ကို ကိုယ်စားပြုပါတယ်။ ဒီနံပါတ်ကို ၅ ဖြင့် မြှောက်ပါက အတွင်းအချင်း (ID) ကို မီလီမီတာ ဖြင့် ရရှိပါတယ်။ (05 × 5 = 25mm)

ဒီဖွဲ့စည်းပုံကို သိရှိထားရင်လည်း Bearing Number ကို ခန့်မှန်းပြီး မှန်ကန်စွာ အစားထိုးနိုင်မှာဖြစ်ပါတယ်။ စာပိုဒ် အဆုံးထိ ဖတ်ရှုလေ့လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...