Review တွေ ရေးချင်ပေမယ့် ကိုယ်ကျွမ်းကျင်တဲ့ အရာ၊ လုပ်နေကျ အရာမဟုတ်တော့ သိပ် မလုပ်ရဲ မရေးရဲဘူး ဖြစ်နေတယ်။ ကိုယ်က ပိစိသေးသေး gadget တွေကို ကြိုက်တဲ့သူဆိုတော့ ဝယ်ဖြစ်သွားတာ။
ဒီပိုစ့်ကို ရေးတဲ့ အခါမှာ ကောင်းတဲ့ အချက်တွေကို အနီရောင်နဲ့ ရေးပြထားပြီး မကောင်းတဲ့ အချက်တွေကို အပြာရောင်နဲ့ ရေးပြထားပါတယ်။
ကောင်းကွက် တွေကတော့ ခြုံပြောရရင် အကောင်သေးတယ် အဆိပ်ပြင်းတယ် ပြောရမှာပဲ။ လက်ထဲတနိုင်တပိုင်လေးနဲ့ 4K ရုပ်ထွက်တာ မိုက်တယ်ပေါ့။ Sensor size သေးတာတော့ မကောင်းတဲ့ အချက်ပေါ့။
သယ်ရပြုရလည်း အဆင်ပြေတယ်။ Pocket ဆိုတဲ့အတိုင်း အိတ်ထောင်ထဲ ထည့်သွားလို့ရတယ်။ စက်ဘီးစီးရင်းနဲ့တောင် ရိုက်လို့ အဆင်ပြေတယ်။
စက်ဘီးစီးရင်း ရိုက်မှ သိလာတာက up and down ဖြစ်ရင် shake တွေ ဖြစ်လာတယ် ဆိုတာပဲ။ စကားမစပ် အဲ့တာလေးဝယ်တော့ ဆိုင်က ရောင်းတဲ့ ကောင်မလေးက USB Type C adapter လေးတွေက ပျောက်တတ်တယ် အကို တဲ့။ spare မလာဘူးနော် ဆိုပြီး သတိပေးလိုက်ရဲ့ သားနဲ့ ဝယ်ပြီး ၄ ရက်ပဲ ရှိသေးတယ် ပျောက်သွားပါလေရော။ ရန်ကုန်မှာ မနည်းလိုက်ရှာပြီး ပြန်ဝယ်လိုက်ရတယ်။ ဒါတောင် 3 rd party က ထုတ်တဲ့ ဟာပဲ ဝယ်လို့ရတယ်။ ဈေးကတော့ original နဲ့ အတူတူပဲ ပေးရတယ်။ Adapter က မရှိလို့ မဖြစ်ဘူးဆိုတာက adapter ရှိနေတော့ ဖုန်းနဲ့ တန်းချိတ်ပြီး edit တန်းလုပ် ၊ တန်းပြီး upload လို့ ရတယ်။ မဟုတ်ရင် sd card ကို laptop မှာ တပ်ပြီး files တွေ ကူးရမှာဆိုတော့ သွားလေရာ laptop သယ်ရမယ့်ကိန်းကိုး။ အဲ့တော့ အကြံပေးချင်တာက usb adapter လေးတွေကို သေချာသိမ်းကြပါ။ ဘူး တခုခုထဲ ထည့်ပြီး သိမ်းတာ ပိုကောင်းမယ်။
Expansion kit က မဝယ်ဖြစ်သေးဘူး။ Wide lens နဲ့ UV filter kit လည်း ထပ်ဝယ်ဖို့ ပိုက်ဆံ မလောက်တော့လို့ မဝယ်ခဲ့ဘူး။ ဝယ်ပြီး စမ်းပြီးရင်တော့ ဒီ မှာ ထပ်လာ ရေးမယ်။
Gimble ကတော့ အတော်လေး ငြိမ်တယ်လို့ ပြောလို့ရတယ်။ ရိုက်နေရင်း ကင်မရာက အပေါ်ထောင်သွားလိုက် အောက်စိုက်သွားလိုက်ဖြစ်နေတယ်။ ကိုယ်ပဲ မရိုက်တတ်လို့လားတော့ မသိ။

Comments
Post a Comment