Heilung ရဲ့ LIFA

မနေ့က ဂြိုလ်သား တယောက် မပြောမဆိုနဲ့ ကျွန်တော့်ဆီ ရောက်ချလာတယ်။ ငါ့ကို ဒီအခွေ လိုက်ရှာပေးစမ်းပါ တဲ့။ အဲ့တာနဲ့ သူရှာခိုင်းတဲ့ အခွေကို နားထောင်ဖြစ်သွားတယ်။ တကယ်တန်းက ဒီအခွေရှာပေးစမ်းပါ ဆိုတာက ဒီအခွေနားထောင်ကြည့် လို့ ပြောတာနဲ့ အတူတူပဲလေ။ Instrumental ကြိုက်တဲ့ သူတွေ အတွက် တော်တော် မိုက်တယ်။ ထုံးစံအတိုင်း Earphone, Headphone ကောင်းကောင်းနဲ့တော့ နားထောင်ဖို့ လိုတာပေါ့။ Heliung ဆိုတာက ဂျာမာန်လို ရေးထားတာ။ မြန်မာလို ဘာသာပြန်ရင်တော့ သွေးသစ်လောင်းခြင်း ပေါ့။ ဒီ Band က music တင် မဟုတ်ပဲ ကဗျာတွေပါ ပါတယ်လို့ ပြောတယ်ဗျ။ သီချင်းထဲမှာ သုံးတဲ့ ဘာသာစကား တွေ ကလည်း အတော်စုံသဗျ။
German, English, Gothic, Old High German, Icelandic, Old English, Proto-Norse, Proto-Germanic, and Viking ခေတ်က  Old Norse  တောင်ပါတယ် ပြောတယ်။ တကယ်စိတ်ဝင်စားဖို့ ကောင်းတာက တီးထားတဲ့ တူရိယာတွေပဲ။ သံခေတ်က တူရိယာကစလို့ ကနေ့ခေတ်ပေါ်တူရိယာ ထိ အစုံတီးထားတာ။
2018 August မှာတုန်းက အင်တာဗျူးတခုမှာ ဖြေထားတဲ့ အတိုင်း သူတို့ သုံးခဲ့တဲ့ တူရိယာတွေ ကို ပြောရရင်


  • မြင်းသားရေ နဲ့ ကြပ်ထားပြီး လူသွေးနဲ့ ဆေးသုတ် အလှဆင်ထားတဲ့ ဒရမ်တစ်လုံး၊ သမင်သားရေနဲ့ လုပ်ထားတဲ့ ဒရမ် ၂ လုံး၊ ဆိတ်သားရေနဲ့ လုပ်ထားတဲ့ ဒရမ် တစ်လုံး
  • လူလက်ဖျံရိုးနဲ့ သမင်အရိုး ( Live show မှာ ကြည့်ရင်တွေ့ပါလိမ့်မယ်)
  • ကျွဲချိုနဲ့ လုပ်ထားတဲ့ Rattle
  • လူရဲ့ ပြာနဲ့ မံပြီး လုပ်ထားတဲ့ Rattle
  • ဟိန္ဒူဘာသာရေးပွဲတွေမှာ သုံးတဲ့ ခေါင်းလောင်း
  • ဘုရားရှိခိုးကျောင်းက ရှေးဟောင်းတူရိယာတချို့
  • ပြန်ပြီးပြုပြင်ထားတဲ့ Viking ခေတ်က ငွေနဲ့ လုပ်ထားတဲ့ ခွက်
  • ရှေးဟောင်းအိန္ဒိယ တူရိယာ    Ravanahatha ( တယောလိုပဲ၊ အုန်းမုတ်ခွက် ကို လုပ်ထားတာ။ Wiki မှာရေးထားတာကို အသေးစိတ်ဖတ်ကြည့်)
Faust ရဲ့ လည်ပင်းထဲက ထုတ်လိုက်တဲ့ အသံ က တိဘက် ဒါမှမဟုတ် မွန်ဂိုလီးယား တွေရဲ့ စတိုင်ကို သတိရစေမှာပါ။
Stage မှာဝတ်ထားတဲ့ ဝတ်စုံတွေက ရှေးခေတ်   Europe နဲ့ Asia အရောလူမျိုးတွေရဲ့ ရိုးရာနတ်ပူဇော်ပွဲတွေ မှာ ဝတ်တဲ့ ဒီဇိုင်း ၊ ဒါမှမဟုတ် ရှေးဟောင်းကြေးနီခေတ်က နော်ဝေးလူမျိုးတွေရဲ့ ဒီဇိုင်းတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။


Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ