Keymagic for Ubuntu

မုဒ်လေး ဝင်တုန်း စာရေးမယ် ဆိုပြီး လက်ပတော့ဖွင့်ပြီး စာရေးတယ်ပေါ့။ ရေးနေရင်း သဝေထိုးက ရှေ့က ရိုက်မိနေပြန်ရော( အကျင့်ပါသွားပြီလေ) အဲ့တာ မဖြစ်သေးပါဘူး ဆိုပြီး Ubuntu 19.04 မှာ keymagic ထည့်ဖို့ လုပ်တာ ဘယ် PPA ကမှ မရဘူး။ unicode.today လည်း မရဘူး။ ကိုကိုရဲ ဟာရော ubuntuMM ဟာရော နဲ့ အဆင်မပြေဘူး။ အဲ့တာ ထိုင်လုပ်နေတာ တော်တော်ကြာတယ်။ ‌နောက်ဆုံး ကိုနိုင်ရဲမင်း ဟာ သတိရသွားလို့ သူ့ one line install လေးနဲ့ ထည့်လိုက်တာမှ ရသွားတော့တယ်။ ရလည်း ရရော ညနေရောက်နေပြီ။ ပြန်အိပ်ချင်သွားပြီ 😵

$ mm_kb=https://github.com/naingyeminn/mm-kb/archive/master.zip
$ wget $mm_kb 2> /dev/null || curl -OL $mm_kb
$ unzip master.zip
$ cd mm-kb-master
$ sudo apt install make ibus-table -y
$ sudo make install
$ ibus-daemon -rdx
$ im-co


ဒါမှမဟုတ်ရင် ဒီတစ်ကြောင်းတည်းနဲ့လည်း ရပါတယ်
ash <(wget -qO - http://tiny.cc/mm-kb-install 2> /dev/null || curl -L http://tiny.cc/mm-kb-install)
  • ပြီးသွားရင် Settings > Region & LanguageSetting > ကို သွားပါ။
  • + ကို နှိပ်ပြီး Burmese ကို နှိပ်ပါ။ Burmese, Burmese (mm-smart), Burmese (mm-myanmar3), and Burmese (mm-zawgyi) ဆိုပြီးတွေ့ပါလိမ့်မယ်။
  • Burmese (mm-myanmar3), Burmese (mm-smart), နဲ့ Burmese (mm-zawnicode) က Unicode လက်ကွက်တွေပါ။ Burmese (mm-zawgyi) ကတော့ ZawGyi-One လက်ကွက်ပါ။ mm-zawnicode ကတော့  ZawGyi-One လက်ကွက်နဲ့ Unicode ထွက်အောင် လုပ်ပေးထားတာပါ။
ဒီ package သွင်းပြီးတဲ့ အခါမှာ fallback font က zawgyi ပြောင်းသွားမှာမို့ MM Font Switcher ကနေ default font ကို Unicode font ပြန်ပြောင်းပေးဖို့ လိုပါလိမ့်မယ်။


 

Source 

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း