Skip to main content

မဘွတ်အဲ

တကယ်က ခေါင်းစဉ်လှအောင်လို့ ပေးလိုက်တာ။ MacBook Pro ဝယ်ဖြစ်သွားတာပါ။ အဓိက က Photoshop & Lightroom သုံးချင်လို့ ဝယ်လိုက်တာ။ အရင်သုံးနေတဲ့ Lenovo YOGA က သုံးနေတာ ၆ နှစ်ကျော်တော့ နည်းနည်း model အောက်လာတာပေါ့။ Lightroom ဖွင့်ရင် ၁၅ မိနစ်လောက် ထိုင်စောင့်ရတယ်။ Brush တချက်ဆွဲလိုက်ရင် ၃ မိနစ်လောက် စောင့်ရတယ်။ အဲ့ကောင် ဝယ်တုန်းက ဒီအတိုင်း သုံးလို့ရရင် ပြီးရော ဆိုပြီးပဲ ဝယ်လိုက်တာ။ အခုလို အလုပ်တွေ လုပ်မယ် လို့ စိတ်ကူး မရှိခဲ့ဘူးလေ။ အဲ့တာနဲ့ပဲ ဝယ်ဖြစ်သွားတယ်ပေါ့။ ဝယ်သာဝယ်ရတာ ဘတ်ဂျက် က လည်း ချိန်ရသေးတယ်။ နောက်ဆုံးကျတော့ Macbook Pro 2019 with touchbar ကို ဝယ်ဖြစ်သွားတယ်။ ဝယ်ပြီးမှ ရတဲ့နောင်တကတော့ 128GB ကို ရွေးမိတာပဲ။ဝယ်ပြီးမှ ထပ်ပြီးသိတာက ၂၀၁၆ နောက်ပိုင်း macbook model တွေကို HDD upgrade, RAM upgrade လုပ်လို့ မရတော့ဘူးဆိုတာပဲ။ ram, HDD အကုန် board ပေါ်မှာ soldered လုပ် အသေထိုင်ထားတာ။ ဆိုတော့ ဝယ်ကတည်းက တခါတည်း Storage, RAM များတာကို ရွေးဝယ်ဖို့ လိုပါလိမ့်မယ်။ MacOS ရဲ့ File system က အဲ့လောက် စားလိမ့်မယ်လို့ တွေးမထားမိတာကြောင့်လည်းပါတယ်။ ခုကျတော့ Photoshop, Lightroom, FinalCut pro ပဲ ထည့်ရသေးတယ် 30GB လောက်ပဲ လွတ်တော့တယ်။ အဲ့ကျတော့ project တခုပြီးရင် တခါပြန်ဖျက်နေရတော့ အတော် အလုပ်ရှုပ်တာပေါ့။ ကျန်တာကတော့ အတော်လေး အဆင်ပြေပါတယ်။ Hardware နဲ့ Software က harmony ကျနေတော့ သုံးရတာ အတော် ကြိုက်တယ်ပေါ့။ OS X လည်း တိုင်ပတ်တာပဲ။ ဟိုတလောက update ပေးတာ USB port တွေ အလုပ်မလုပ်တော့ဘူး။ fix လည်း မရှိဘူး။ သူ update ပြန်ပေးတဲ့အထိ စောင့်လိုက်ရတယ်။ 😂

  

သူ့ ကီးဘုတ်က တော်တော်ရိုက်ရတာ လက်ပေါက်ကပ်တယ်။ ကျန်တဲ့ laptop keyboard တွေ နဲ့ တော်တော်ကွာတယ်။ ကီးတွေက ကပ်နေတယ်လို့ ခံစားရတယ်။ မြန်မာကီးဘုတ်ကတော့ သူ့ကီးဘုတ် မရိုက်တတ်တာနဲ့ keymagic ထည့်လိုက်တယ်။ ဟိုဘက် window နဲ့ Ubuntu မှာလည်း keymagic ပဲ ထည့်ထားတော့ လက်ကွက် အသစ်ပြန်ကျင့်စရာလည်း မလိုတော့ဘူး။ လက်လည်း မယောင်တော့ဘူး။ မဟုတ်ရင် OS တခုကို key layout တခုနဲ့ ရိုက်နေရတော့ တော်တော်ကို အဆင်မပြေတာ။
Post edit: ရိုက်တာ ကြာလာတော့ (၆ လ လောက်) နည်းနည်းတော့ အဆင်ပြေလာတယ်။ keyboard က တော်တော်ပါးအောင် လုပ်ထားတော့ အသားမကျ သေးတာ နေမယ်။

Speaker ကတော့ laptop တွေထဲမှာ တော်တော်ကောင်းတယ်လို့ ပြောလို့ရတယ်။ Dolby, Dr.Dre, AGK ဘာညာတွေ လောက်တော့ သနားတယ်။ Bass သံကတော့ portable speaker တွေလောက်တော့ မကောင်းပေမယ့် သုံးဖူးသမျှထဲ အကောင်းဆုံးပဲ။

True Tone ကတော့ ပိတ်ထားတာများတယ်။ တခါတလေတော့ ဖွင့်ထားတယ်။ ဓါတ်ပုံ ပြင်တော့ သူ့ True Tone နဲ့ဆိုတော့ အတော် တိုင်ပတ်တယ်။ ကောင်းတာကတော့ ကောင်းပါတယ်။ မျက်စိ မထိခိုက်တာပေါ့။

Battery ကတော့ SSD ကြောင့် ပုံမှန်ပဲလို့ ပြောလို့ရတယ်။ ၈ နာရီဝန်းကျင်ပဲဆိုတော့။ MacBook ဝယ်တာ ၃ လုံး ဝယ်ဖူးတယ်။ ဘော်ဒါတွေကို လိုက်ဝယ်ပေးတာ။ ကျွန်တော့် အလုံးပဲ အဆင်ပြေတယ်။ ဟို ၂ လုံးက ဘက်ထရီ ပြသနာ တက်တယ်။ ပထမ တလုံးက ဆို အသစ်ကိုပဲ အား မဝင်တာ။ showroom ပြန်ပြတော့ အသစ်တလုံး ပြန်လဲပေးတယ်။ ဒုတိယ အလုံးက ကျွန်တော်နဲ့ အတူတူဝယ်တာ။ အဲ့ကောင်က MS Word သုံးရင် ဘက်ထရီ မခံဘူး။ အားအပြည့် ၁၀၀ % ကို ၄ နာရီပဲ ခံတယ်။ အဲ့တာ လိုက်စစ်ကြည့်တော့ MS OFFICE 2019 က ဘက်ထရီ အသေဝိုက်နေတာပဲ။ Cracked version ကြောင့် ထင်တာပဲ။ ခုတော့ အဲ့တာပြန်ဖြုတ်ထားလိုက်ပြီ။ အားမှပြန်စမ်းကြည့်ရ ဦးမယ်။
Post Edit: Office 365 ဝယ်သုံးလိုက်တော့ အဆင်ပြေသွားတယ်။ အဲ့ အလုံးလည်း ခုတော့ ဘက်ထရီ ပုံမှန်ပြန်ဖြစ်သွားပြီ။
 MacOS ကို ပြောင်းလာပြီးနောက်မှာတော့ အဓိက ပြဿနာတက်တာကတော့ NTFS External HDD တွေ USB stick တွေ write access မရတာပဲ။ တော်သေးတာက WD နဲ့ seagate က တော့ NTFS software ကို OEM အနေနဲ့ အလကားပေးထားလို့။ Storage ကလည်း 128 GB ကို ဝယ်မိလိုက်တော့ Video edit လုပ်တော့ အတော် တိုင်ပတ်သွားတယ်။ အဲ့တာနဲ့ပဲ external SSD တလုံး ဝယ်လိုက်ရတယ်။ နောက်ကို ဝယ်ရင် storage များတာ ဝယ်ရမယ် ဆိုတာ သင်ခန်းစာပေါ့။ 


စိတ်နာတာက ကိုယ်လည်းဝယ်ပြီးရော 2020 version ထွက်လာတော့တာပဲ။ 256 GB base model က ကိုယ့်ဟာနဲ့ ဈေး အတူတူပဲ ဖြစ်နေတယ်။ တွတ်ပီ ဒီတခေါက် ကံ မကောင်းပါလားလို့ပဲ တွေးရတော့တယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...