Skip to main content

TT Keyboard for iOS

iOS အတွက် TT keyboard မှာ features အသစ်တွေ အနေနဲ့ ကော်ပီ ကူးထားတဲ့Zawgyi စာတွေကို Unicode ပြောင်းပေးတဲ့ Converter ပါလာတာနဲ့ ရိုက်ထားတဲ့ unicode စာတွေကို zawgyi ပြောင်းပေးတဲ့ converter ပါလာပါပြီ။ အရင်ကလို Rabbit converter သတ်သတ် ထည့်စရာ မလိုတော့တာပေါ့။

Download TT Keyboard for iOS

Keyboard ရဲ့ အပေါ် ဘားလေးမှာ မျက်မှန်ပုံလေးက clipboard converter ပါ။ အရင်ဆုံးဖတ်ချင်တဲ့ zawgyi စာတွေကို copy လုပ်လိုက်ပါ။ ပြီးရင် အဲ့ မျက်မှန်လေးကိုနှိပ်လိုက်တာနဲ့ ကူးထားတဲ့ စာတွေကို unicode နဲ့ ပြပေးမှာ ဖြစ်ပါတယ်။ 


ကိုယ်က Unicode သုံးနေပေမယ့်လည်း ဟိုဘက်မှာ zawgyi ပဲ ရှိနေတယ် ဆိုရင် converter နဲ့ပို့လို့ရပါတယ်။   ကိုယ်ရိုက်မယ့်စာ ကို ရိုက်ပြီးတာနဲ့ စောန မျက်မှန်ဘေးက converter icon ကို နှိပ်လိုက်တာနဲ့ ရိုက်ထားတဲ့ စာ ကို zawgyi ပြောင်းပေးသွားမှာပါ။













Comments

Post a Comment