Burmese TTS

မြန်မာစာအသံထွက်စနစ် (Myanmar Text To Speech Engine) သည် အထူးသဖြင့် မျက်မမြင်များ ကွန်ပျူတာပေါ်တွင် မြန်မာစာဖြင့် ဖေါ်ပြသောအချက်အလက်များကို ဖတ်နိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။
ဤ Myanmar TTS တွင် မြန်မာစာများအား အသံထွက်စနစ်ဖြင့် ရေးနိုင်၊ ဖတ်နိုင်ပြီး စာများကိုလည်း အသံဖိုင်အဖြစ်ပြောင်းလဲ ထုတ်လုပ်ပေးနိုင်ပါသည်။ ဤစနစ်အား မြန်မာယူနီကုတ်ကို အခြေခံ၍ တည်ဆောက်ထားခြင်းကြောင့် မြန်မာစာများအား စနစ်တကျ ရေးနိုင် ဖတ်နိုင်မည်ဖြစ်ပါသည်။
ဤ  TTS သည် Screen Reader များနှင့်သာမက အခြား Third Party များဖြစ်သည့်  Natural TTS Reader များဖြင့်လည်း အသုံးပြုနိုင်ပါသည်။
မျက်မမြင်များ ဤ Myanmar TTS အား Windows ပေါ်တွင် အသုံးပြုလိုပါက Screen Reader တစ်ခုခုဖြင့် တွဲဖက်အသုံးပြုရမည်ဖြစ်ပါသည်။ 

မှုရင်းဆိုဒ် www.myanmaratc.org တွင် Download လုပ်ရန်နှင့် အသေးစိတ် အချက်အလက်များကို ဖတ်ရှုနိူင်ပါသည်။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ