ဟက်ရှ်တက်ဂ်

Hashtag နဲ့ ပတ်သတ်ပြီး ရေးမယ် လုပ်နေတာကြာပါပြီ။ ခုမှပဲ ရေးဖြစ်တော့တယ်။  ဟိုးအရင် keypad ဖုန်းပေါ်က # sign လေးကို hashtag လို့ ခေါ်တာ သိပြီးသားဖြစ်မှာပါ။ ။Facebook မှာ # နောက်မှစာရေးလိုက်တာနဲ့ စာလုံးက အမည်း (bold) ဖြစ်သွားတာ သတိထားမိမှာပါ။အဲ့တာ hashtag ပါ။ Hashtag ကို social media တွေက user generated content တွေ ကို categorizing လုပ်ဖို့ သုံးကြတာ များပါတယ်။ hashtag ကို Twitter မှာ စပြီး သုံးရာကနေ ခုဆို social media အကုန်လုံး သုံးနေပါပြီ။ Hashtag သုံးတာ ဘာတွေပိုကောင်းလဲ ဆိုတော့ အများကြီးပါပဲ။ ဥပမာ #နာဂစ် လို့ ကိုယ်က ပိုစ့်တင် လိုက်တယ်ပေါ့။ ကိုယ့်ပိုစ့်ကို ကြည့်တဲ့သူက အဲ့ #နာဂစ် ကို နှိပ်လိုက်တာနဲ့ Facebook တခွင်မှာ #နာဂစ် နဲ့ တင်ထားတဲ့ တခြားသူတွေရဲ့ ပိုစ့်တွေကိုပါ ပြပေးမှာ ဖြစ်ပါတယ်။ အဲ့သလိုပါပဲ။ ကိုယ်ရေးထားတဲ့ပိုစ့်ကို လည်း တခြားသူတွေက အလွယ်တကူ ရှာရ သွားပါတယ်။ဆိုတော့ သတင်းတွေ အချက်အလက်တွေ ရှာရလွယ်သွားတယ်။ဒါက hashtag နဲ့ပတ်သတ်တာပါ။ ခုဆက်ပြောမှာက မြန်မာနိုင်ငံက hashtag အကြောင်းပါ။
မြန်မာနိုင်ငံမှာ တချို့ လူတွေကို  ဘာလို့ hashtag သုံးတာလဲ လို့ မေးကြည့်ဖူးတယ်။ ဘာပြန်ပြောတယ် ထင်လဲ။ "စာလုံးလေးမည်းသွားလို့" တဲ့။ အစက သူတို့ပြောတာ နားမလည်ဘူး။ နောက်ကျမှ Instagram မှာ မြန်မာနိုင်ငံက နာမည်ကြီးမင်းသမီးတယောက်ရဲ့ အကောင့်ကို ကြည့်မိမှပဲ ယုံတော့တယ်။ အံမယ် ရေးထားတာကိုပဲ ကြည့်။

နောက်ထပ်ပြောချင်တာက hashtag ရေးပုံ ရေးနည်းပါ။ # ရေးပြီးတာနဲ့ စာတန်းရေးရပါတယ်။ Space မခြားရပါဘူး။ Space ခြားလိုက်တာနဲ့ # က အလုပ်မလုပ်တော့ပါဘူး။ ဥပမာ #နာဂစ် လို့ ရေးရပါမယ် # နာဂစ် ( hashtag space နာဂစ်) လို့ ရေးရင် # အလုပ်မလုပ်ပါဘူး။
စာလုံးတလုံးနဲ့ တလုံး လည်း space မခြားရပါဘူး။punctuation ဖြစ်တဲ့ ' s လည်း ထည့်လို့မရပါဘူး။
ဥပမာ #နာ ဂစ် လို့ ရေးလို့မရပါဘူး။
အင်္ဂလိပ်စာလုံးတွေကျ space မခြားပဲဘယ်လိုရေးမလဲ ဆိုတော့ အကြီးအသေးနဲ့ရေးလို့ရပါတယ်။ ဥပမာ #MadeInMyanmar ပေါ့။ နောက်ပြီး underscore နဲ့လည်း ရေးလို့ရပါသေးတယ်။ ဥပမာ #made_in_myanmar ပေါ့။
# မှာ . (Full stop) မပါရပါဘူး။
အဲ့သလိုပေါ့။သိသာပါတယ်။ တကယ်လို့ ပါလို့မရတဲ့ စာလုံး တခုခုပါသွားတာနဲ့ hashtag လေးက bold မဖြစ်တော့ပါဘူး။
ဒါက အဆစ်ရေးပေးတာပါ။
Company တွေ brand တွေ အတွက်ဆို ပိုလို့တောင် သတိထားရဦးမယ်။ နိုင်ငံခြားမှာ ဆို brand တွေက ဘယ်တော့မှ သူတို့ brand နာမည်ကို # နဲ့ တွဲမရေးပါဘူး။ Campaign တွေ လုပ်ပြီး စာလုံးနည်းနည်းတဲ့ ထိရောက်တဲ့ hashtag ကိုပဲ သုံးပါတယ်။ဥပမာ CoCa cola ဆိုရင် #ShareACoke ဆိုပြီး ရေးပါတယ်။L'Oréal Paris ဆိုရင် #WorthSaying ဆိုပြီး ရေးပါတယ်။ တခြား Brand တွေရဲ့ hashtag campaign တွေကိုလည်း အင်တာနက်မှာ ရှာလို့ရပါတယ်။ ကုမ္ပဏီတွေ brand တွေ အတွက် hashtag ထွင်ရေးတဲ့အခါ စာလုံးရေ နည်းနိုင်သမျှ နဲ့ အဓိပ္ပါယ်ရှိအောင် ရေးသင့်ပါတယ်။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ