Skip to main content

သူမဖတ်ဖို့ ရေးတဲ့ ကဗျာတွေ

 အခန်း ၁

နိဒါန်း‌ဖွင့်တာကြာတဲ့
ကိုယ့်အကျင့်အတိုင်း
အခန်း ၁ ဟာ အဖွင့်ကြာသွားတယ်။
ပြတင်းပေါက်က ကန့်လန့်ကာ ကို
ဆွဲဖွင့်လိုက်တိုင်း
ပင်လယ်ဟာ ကိုယ့်ကို နေရောင်နွေးနွေးနဲ့
နှုတ်ဆက်တယ် အချစ်ရေ
မင်းကိုရော မနက်အိပ်ရာထရင်
ဘယ်သူက ဘယ်လို နှုတ်ဆက်သလဲ
ကိုယ်မေးချင်တယ် အချစ်ရေ။

အခန်း ၂ 

မျက်စိမှတ်လိုက်တိုင်း
သူမ ပြုံးတာလေးပဲ မြင်နေတော့
မျက်စိ ပါဝါစစ်ဖို့ လိုလာပြီလို့
တွေးရင်း ကိုယ့်ဟာကိုယ်ပြုံးမိတယ်။


အခန်း ၃

ပင်လယ်ရေ ဘယ်သူသောက်သောက်
မကုန်ပါဘူးကွာ ဆိုတာ ပြောတာ
ကြားဖူးတယ်။
ကိုယ့်အချစ်တွေကတော့
မင်းသောက်လို့ ကုန်ပြီ အချစ်ရေ


အခန်း ၄

တခါတလေ ပင်လယ်ကိုကြည့်မိရင်း
လင်းပိုင်လေး တကောင်လောက် တွေ့ရင်
ဖမ်းပြီး မင်းကို လက်ဆောင်ပေးဖို့
ကိုယ် တွေးမိတယ် အချစ်ရယ်။


အခန်း ၅

ဓါတ်ပုံတွေဟာ အသက်ရှိတယ်
အချစ်ရေ။
မယုံမရှိနဲ့
ညအိပ်တိုင်း မင်းဓါတ်ပုံတွေ
ဘေးနားထားအိပ်ရင်
မင်း ဟောက်နေတဲ့အသံကို
ကိုယ်အတိုင်းသားကြားရတယ်။

အခန်း ၆

ဒီအခန်းထဲမှာ
အလွမ်းတွေနဲ့ပြည့်နေပါရောလား
ပင်လယ်အော်သံဟာ
ဆွေးမြေ့မြေ့ တယောသံအတိုင်း
နောက်ခံတီးလုံး တီးပေးနေတယ်
ဘယ်ညာယိမ်းတဲ့ လှိုင်းတွေအတိုင်း
စိတ်တွေကလည်း တောင်ရောက် မြောက်ရောက်
မနက်မိုးလင်းလို့ ပြတင်းပေါက်ဖွင့်လိုက်တိုင်း
မင်းအသံကြားရမလား စိတ်ကူးယဉ်မိတယ်
အချစ်ရယ်။    ။


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။