Skip to main content

ဇူလိုင် ပထမအပါတ် သတင်းစဉ်

၁.၇.၂၀၂၁
မြင်းခြံ
  • မနေ့ညက ပြည်သူ ၁၅ ဦးခန့်အား စခများ အဓမ္မဖမ်းဆီးခဲ့
  • အနိမ့်ရွာအနီးတွင် ပြည်သူတစ်ဦးအား ဒလန်သတင်းမှားပေးမှုဖြင့် စခများပစ်ခတ်ဖမ်းဆီး၊ စစ်တပ်တွင် ကောင်းမွန်စွာရှိဟုသိရ
  • ယနေ့ ကိုဗစ်ဖြင့် ပြည်သူတစ်ဦး အသက်ဆုံးပါးခဲ့ရ
  • အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။
  • ပြည်သူများ ကိုဗစ် ၁၉ အထူးဂရုစိုက်ကြပါ။
NUG
  • မြန်မာစစ်တပ်ကို ကလေးသူငယ်တွေအပေါ်အခွင့်အရေးချိုးဖောက်တဲ့စစ်တပ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထည့်သွင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်
  • NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ပြင်သစ်အမတ် ၁၅၀ ကျော် လက်မှတ်ထိုး
သူတို့ပြောစကား
  • အာဏာသိမ်းမှုကိုရှုတ်ချဖို့ပျက်ကွက်တာ ရှက်စရာကောင်းဟု အရှေ့တီမောသမ္မတဟောင်းပြော
  • ပြည်သူတွေ သွေးမအေးကြဖို့ တော်လှန်ရေးသမားဖြစ်လာတဲ့ လူရွှင်တော်အဖွဲ့ တိုက်တွန်း
  • အရင်ကတည်းက အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာမို့ အခုလို ပြန်လွတ်လာမှုအပေါ် ပြောစရာစကားမရှိဘူးလို့ ထောင်ကလွတ်လာသူပြော
ယနေ့ ဟာဒယ
  • နိုင်ငံခြားသတင်းဌာနတွေအနေနဲ့ သတင်းရေးသားရာမှာ စစ်အစိုးရလို့ သုံးနှုန်းဖော်ပြပါက အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်
တိုက်ပွဲသတင်း
  • ညနေ ၅ နာရီခန့်က ကနီမြို့နယ် ရွာသာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ် ရေးအဖွဲ့များ တိုက်ပွဲဖြစ်
  • ကနီမြို့နယ်မှာ သုံးလအတွင်း တိုက်ပွဲပေါင်း ၃၀ ထက်မနည်း ဖြစ်ပွားခဲ့
  • ဖားကန့် လုံးခင်းကျေးရွာက ရဲ ၃ ဦးကို သေနတ် လက်လုပ်မိုင်းများနှင့်အတူ KIA ဖမ်းမိ
  • ရန်ကုန်က မြေအောက်ပြောက်ကျား ၁၁ဖွဲ့ပေါင်းပြီး YUGတည်ထောင်
  • စကစနဲ့ TNLA ကျောက်မဲမှာတိုက်ပွဲဖြစ်
  • KNU တပ်မဟာ ၅နယ်မြေမှာ တိုက်ပွဲနဲ့ စကစသေဆုံးမှုယခင်လထက်များ
  • ရေး PDF နှင့် ပေါင် PDO တို့ မဟာမိတ်အဖြစ် ပူးပေါင်း
  • ကျေးသီးတွင် ရှမ်းလက်နက်ကိုင်၂ ဖွဲ့တိုက်ပွဲဖြစ်၊ ရွာသား ၇၀၀ ခန့်ထွက်ပြေး
  • စစ်တပ်က အပစ်ရပ် တစ်လ ထပ်တိုး
ဗုံးသတင်း
  • ငါးသိုင်းချောင်းတွင် မနေ့ညပိုင်းက ဗုံးပေါက်ပြီး မြို့ဝင်ထွက်ဂိတ်များ လုံခြုံရေးတင်းကြပ်ထား
  • မြေနီကုန်း ခုံးတံတားအောက်က ယာဉ်ထိန်းရဲရုံး ဗုံးပေါက်
သာရေး သတင်း
  • မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ၂ဦးကို ရှင်းလင်းခဲ့ကြောင်း N.G.U:FF(မြေခွေးတပ်ဖွဲ့) ထုတ်ပြန်
  • တန့်ဆည်တွင် ပျူစောထီးအဖွဲ့ဝင် ဇော်သက်နိုင်ဦး သေနတ်ဒဏ်ရာ၊ ဓားဒဏ် ရာ များဖြင့် သေဆုံး
  • မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားတွင် BGF တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်၊ ၂ ဦးသေဆုံး
  • ဘူးသီးတောင်နယ်ခြားစောင့် ၂ဦး၊ မောင်တောနယ်ခြားစောင့် ၁၀၁ဦး COVID တွေ့
အကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • မကွေးတိုင်း ငဖဲမှာ ဖခင်ကို မတွေ့လို့ သားဖြစ်သူနဲ့ အလုပ်သမား သုံးဦး ဖမ်းဆီးခံရ
  • ရွှေတောင်မြို့တွင် အသက်၂၀ အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ပြီး အလောင်းပြန်မပေးဘဲ သဂြိုလ်
  • ငါန်းဇွန် NLD ရပ်ကျေး ဥက္ကဋ္ဌနှင့်အုပ်ချုပ်ရေးမှူးတို့ကို အင်အားအလုံးအရင်းဖြင့် လာဖမ်း
  • စစ်ဘေးရှောင်များအတွက် ဆေးဝါးသယ်လာသူတစ်ဦး ဆောမြို့နယ်တွင် ဖမ်းဆီးခံရ
  • နတ်တလင်းမြို့က ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ပရဟိတအသင်းသား ၁ ဦး ဖမ်းဆီးခံရ
  • ပြေကန်ရွာက နေအိမ်များကို စစ်တပ်နှင့်ပျူစောထီးက ရှာဖွေဖျက်ဆီး၊ ရွာသား ၁ ဦး ရိုက်နှက် ဖမ်းဆီးခံရ
CDM များကို ဝန်းရံပေးကြပါ
  • ဗန်းမော်တွင် CDMဝန်ထမ်းများ ချေးငွေပြန်ဆပ်ရန် စစ်ကောင်စီက ခြိမ်းခြောက်တောင်းခံနေ
  • ဖားဆောင်းနှင့် မယ်စဲမြို့နယ်က ပညာရေးဝန်ထမ်း ၂၃၀ ရာထူးမှ ထုတ်ပယ်ခံရ
  • စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ရဲ ၂ ဦးထံမှ ကိုဗစ်ချေးငွေ အတင်းအကျပ်ပြန်တောင်းနေ
  • CDM ပူးပေါင်းမှုနဲ့ ဖမ်းဆီးခံရတဲ့ ရဲအရာရှိ ထောင်သုံးနှစ်ချခံရ လို့ နီးစပ်သူအချို့ပြော
အထွေထွေ
  • ကယားပြည်နယ် စစ်ဘေးရှောင်စခန်းက ကလေးတွေ ပညာရေးအတွက် ပါဝင် လှူဒါန်းနိုင်ကြောင်း Clean Yangon အဖွဲ့က နှိုးဆော်ထား
  • အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထား
  • ဖမ်းဆီးခံရသော ရန်ကုန်ကကဗျာဆရာများပြန်လွတ်
  • အယောက် ၆၀ COVID တွေ့ရှိ၍ Lockdown ချထားသောတောင်ငူအကျဉ်းထောင်မှလွတ်လာသူ ၄၂ဦးကို Q Center ပို့
  • လှိုင်သာယာကဝန်ထမ်း ၂၀၀၀ကျော်ရှိ Harvey Handbags အိတ်စက်ရုံ ယာယီပိတ်
  • စစ်တပ်က အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံတွေ အော်ဒါဖျက်သိမ်းခံရလို့ လုပ်ငန်းပိတ်သိမ်း ၊ အလုပ်လက်မဲ့ တိုးလာ
  • တာချီလိတ် မယ်ယန် COVID စစ်ဆေးရေးဂိတ်၌ ပညာရေးဝန်ထမ်းများ အလှည့်ကျတာဝန်ယူရ
  • ဘဏ် တိုကင်စနစ်ကြောင့် ငွေကြေးလိမ်လည်မှုများရှိ
  • စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့်ထိန်းသိမ်းခံရသူများထဲမှ ၂၂၉၆ဦး ဇွန် ၃၀ကပြန်လွတ်လာ
  • မော်လမြိုင်၌ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်ရောင်းချရန် စည်ပင်ညွှန်ကြား
  • မိုးကုတ်မြို့က လေးနှစ်အရွယ်ကလေးငယ်ကို ပြန်လွှတ်ပေးပြီး မိခင်နဲ့ အမဖြစ်သူကို ဆက်ဖမ်းထား
  • အကယ်ဒမီ ၇ ဆုရှင် ဝါရင့်သရုပ်ဆောင် ညွန့်ဝင်း ကွယ်လွန်
  • ကန်ကြီးထောင့် NLD ရုံး ဝင်ရောက်ရှာဖွေခံရ
  • အရင်ကာလ အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲ ဆု ကနေ အာဏာသိမ်းပြီးတဲ့နောက် ကျပ်သိန်းငါးထောင်ဆု ကိုသာ အမြင့်ဆုံးပေါက်မဲ အဖြစ် ဖွင့်နိုင်တာဖြစ်
  • နိုင်ငံအနှံ ပြည်သူများ စစ်ကောင်စီကို ဆက်လက် ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၈၈၅ ဦးနှင့် ဖမိးဆီးချုပ်နှောင်ခံနေရသူ ၅၁၉၅ဦးရှိဟု AAPPထုတ်ပြန်ထား
ကိုဗစ် သတိပြု
  • ကိုဗစ်ပိုးတွေ့လူနာအသစ် ၁၅၀၀ ကျော်တွင် ကလေးမြို့က ၁၁၅ ဦးဖြင့် အများဆုံးဖြစ်
  • မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉ ဦးထိ ရှိလာ
  • ကလေးမြို့မှာ COVIDကြောင့်အပါ ၁လအတွင်း ၄၀၀နီးပါး သေဆုံး
  • COVIDပိုးတွေ့ ၁၅၀၈ တွေ့နှုန်း ၁၉%ကျော်လာ

၂.၇.၂၀၂၁

မြင်းခြံ
  • သင်္ချာဦးမိုးဟိန်းနှင့် ဇနီးအား ပျူစောထီးအဖွဲ့မှ လုပ်ကြံဟု ကနဦး သိရပါသည်။
  • မနေ့က ရခများ ကုလရွာအနောက်ဘက်ဘောလုံးကွင်း၌ ဆိုင်ကယ်(၂)စီး အဓမ္မယူဆောင်သွား။လိုချင်ရင် ကြည်ရွာ လာရွေးဟု ပြောသွားကြောင်းသိရ
  • အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။
  • ပြည်သူများ ကိုဗစ် ၁၉ အထူးဂရုစိုက်ကြပါ။
NUG
  • NUG သို့ ပြည်သူများ၏ လှူဒါန်းမှုများကို မည်သည့်အဖွဲ့အစည်းမှ ကြားဖြတ်၍ စောင့်ကြည့်ခြင်း မပြုနိုင်သည့် Cryptocurrency ဖြင့် အလှူငွေများ လှူဒါန်းနိုင်ပါပြီ
  • NUG အစိုးရက လူသားချင်းစာနာကူညီရေးနှင့် ဘေး အန္တရာယ် တုံ့ပြန်ရေးကော်မရှင် ဖွဲ့စည်း
  • ကျောင်းသား၊ ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာလတိုသင်ကြားရေးအစီအစဉ် ထုတ်ပြန်
နိုင်ငံတကာ
  • အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးပါ ဆိုပြီး ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဂူတားရက်စ် ထပ်လောင်း တောင်းဆို
  • ဂျနီဗာ လူ့အခွင့်အရေးကောင်စီမှာ မြန်မာကိုယ်စားလှယ် ရှိမနေပေမယ့် မြန်မာအရေး ဆွေးနွေးကြဖို့ မဲခွဲဆုံးဖြတ်
  • တရုတ် ရုရှား အပါအဝင် ကန့်ကွက်သူတွေ ရှိပေမယ့် လူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေဆဲ မြန်မာ့အရေး ပြောဆိုသင့်ကြောင်း နိုင်ငံအများစု သဘောတူ
  • အမေရိကန်ဥပဒေပြုအမတ်များက စစ်အုပ်စုပိုင်ဆိုင်မှုများဖေါ်ထုတ်အရေးယူရန် တောင်းဆို
  • မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်ကြီးများ၏ ကျောက်စိမ်း လောဘက စစ်အာဏာသိမ်းမှုကို ဦးတည်စေခဲ့ဟု Global Witness အစီရင်ခံစာတွင်ဖော်ပြ
တိုက်ပွဲသတင်း
  • ကောလင်းမြို့ပေါ် နေအိမ်တစ်လုံးအတွင်း စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် ကျ၍ အမျိုးသမီး နှစ်ဦး ဒဏ်ရာရ၊ သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်
  • ကနီတွင် စစ်ကောင်စီတပ်များက ရမ်းကားပစ်ခတ်၍ ပြည်သူ ၁ ဦးကျည်ထိ၊ ကျေးရွာ ၂၅ ခုမှ လူဦးရေ ၃၀၀၀၀ ကျော် ထွက်ပြေးနေရပြီး အခြေအနေဆိုးဝါးလာ
  • ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း ပါလောင်းနဲ့ ဒေါတရိုးကျေးရွာအနီးတဝိုက်မှာ ဒီမနက် ၉ နာရီကျော်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့
  • စစ်ကောင်စီတပ်က ကနီမြို့နယ် ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်၊ လူနေအိမ်များပျက်စီး
  • ကောလင်းတိုက်ပွဲ စကစအရာရှိ ၂ဦးအပါ ၄ဦးသေ ဒဏ်ရာရသူများ
  • စစ်ကိုင်းတိုင်း ၂၇မြို့နယ် PDFများချိတ်ဆက်ဆောင်ရွက်နိုင်ပြီဟု SPDFပြော
  • မင်းကင်း ပန်းဆက်ရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် PDFတိုက်ပွဲဖြစ်
  • စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများဒုက္ခရောက်ဟု RCSSဗိုလ်ချုပ်ကြီးရွတ်ဆစ်ပြော
ဗုံး သတင်း
  • မြေနီကုန်းတံတားပေါ် စစ်အာဏာရှင်ဆန့်ကျင်ရေး ပိုစတာ သွားဖြုတ်သည့် ရဲကား ဗုံးထိ၊ လှိုင်မှာလည်း ပေါက်ကွဲမှုဖြစ်
အကြမ်းဖက်အဖွဲ့ ၏ ရက်စက်ယုတ်မာရက်စက်မှု
  • မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်းက ပုလင်းပြားကြီးကျေးရွာကို မနေ့ကညနေပိုင်းက အကြမ်းဖက်စစ်တပ်များလာရောက်ပြီး ကျေးရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွား
  • ကျိုက်လတ်တွင် ဗုံး ၄ လုံးပေါက်ပြီးနောက် လူပေါင်း ၁၀၀ ထက်မနည်း အကြမ်းဖက်စစ်တပ်က ဖမ်းထား
  • မုံရွာစက်မှုဇုန် ပေါက်ကွဲမှုဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ ၂၃ ဦးအနက် လူငယ်တစ်ဦးဖြစ်သော ကိုငယ်လေးကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်
  • ပြည်မြို့မှ ကိုစိုးမင်းကို စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်၊ အလောင်းတွင် နှိပ်စက်ဒဏ်ရာများစွာ ပြည့်နှက်နေ
  • ဝိုင်းမော်ရရှိ မိုင်းနားကျေးရွာမှ နေအိမ် ၁ အိမ်ကို စစ်တပ်ကဝင်စီး၊ ၁ ဦးသေဆုံးပြီး ၃၀ ကျော် ဖမ်းခံရ
  • မြို့သစ်မြို့နယ် ပုလင်းပြားကြီး ရွာသား ၃ ဦးကို စစ်တပ် က အကြောင်းမဲ့ ဖမ်းဆီးသွား
သာရေး သတင်း
  • မြောင်းပုလဲရပ်ကွက်တွင် စစ်ကောင်စီသတင်းပေးဟု သတင်းထွက်သူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခံရ
  • စဉ့်ကူး၊ နွယ်ရုံကျေးရွာ စစ်ကောင်စီခန့် ယာယီ အုပ်ချုပ်ရေးမှူး အောင်မြင့် ပစ်သတ်ခံရ
  • ပေါင်းတည်မြို့ရှိ စစ်ကောင်စီသတင်းပေး အောင်ဆန်းဝင်း (ခ) ဂျစ်ပွေး ယနေ့နံနက် သေနတ်ပစ်သတ်ခံရ
  • စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းက SP သတင်းရဲတပ်ဖွဲ့ မိသားစု ၄ ဦး အပါအဝင် ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရ
  • ခန္တီးမြို့တွင် SP သတင်းရဲတပ်ဖွဲ့မိသားစုအပါအဝင် ၁၀ ဦး ကိုဗစ်ပိုးတွေ့ရှိ
အထွေထွေ
  • NLD ပါတီမှ ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် စွဲချက်တင်ရန် သင့်၊ မသင့် လာမည့် ရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲမည်
  • မြဝတီမြို့ အာဇာနည်ပန်းခြံကို "ဦးစပန်းခြံ" ဟု စစ်ကောင်စီက အမည်ပြောင်းလဲ
  • ရွှေဘိုပျူစောထီးအဖွဲ့ကဆိုပြီးပြည်သူတွေကိုချိန်းခြောက်စာတွေဓါတ်တိုင်မှာလိုက်ကပ်နေ
  • နေပြည်တော်တွင် ကိုဗစ်ရောဂါပိုး လူ ၂၀၀၀ ခန့် ကူးစက်ခံနေရပြီး သေဆုံးသူ ၁၀ ဦးအထိ ရှိလာ
  • ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် အခုနှစ်တင်ပို့မှုမှာ ဆန်တန်ချိန် ၇ သိန်းကျော် လျော့ကျနိုင်ဖွယ်ရှိနေ
  • မန္တလေးမှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်
  • ဂိုးသမား ပြည့်သျှံအောင် ဂျပန်မှာ ခြောက်လ ယာယီနေထိုင် အလုပ်လုပ်ခွင့်ရ
  • အနုပညာရှင်တချို့ မကြာခင်ထပ်မံလွတ်မြောက်ဖို့ရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းပြော
  • လူငယ်ဗေဒင်ဆရာလင်းညှို့တာရာ ပြန်မလွတ်သေး
  • ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတဲ့ ရခိုင် ကျောင်တော်က တင်းမကျေးရွာသားတွေ နေရပ်ပြန်နိုင်ဖို့ပြင်ဆင်
  • မြန်မာ့အရေး နိုင်ငံတကာကြားဝင်မှု မဖြစ်နိုင်ဘူးလို့ စစ်ကောင်စီခေါင်းဆောင်ပြော
  • ပဲခူးနဲ့ မန္တလေးတိုင်းက မြို့နယ် ကိုးခုကို နေအိမ်မှာနေရေး Stay at Home အမိန့်ထုတ်
  • မြန်မာနိုင်ငံမှာ ဆက်လက်ရပ်တည်ရေး အလားအလာတွေကို သုံးသပ်နေတယ်လို့ တယ်လီနောပြော
  • စစ်ကြောရေးမှာနှိပ်စက်လို့ သေဆုံးသူ ၂၈ ဦးအထိ ရှိလာ
  • "စစ်ကောင်စီ"လို့ မသုံးဖို့ ထပ်ပြီး ခြိမ်းခြောက်တဲ့အပေါ် သတင်းသမားတွေတုံ့ပြန်
  • Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေကို ပုဒ်မ ၁၂၄-က နဲ့ ထပ်တိုးတရားစွဲ
  • ကချင်မှာ ငြိမ်းချမ်းရေးဆုတောင်းတဲ့ ခရစ်ယာန်ဓမ္မဆရာ ၃ပါးတရားစွဲခံရ
  • ပုသိမ်မြန်မာ့စီးပွားရေးဘဏ်က ငွေထုတ်သူ ၅ဦးတွင် COVID တွေ့
  • စကစအဖွဲ့ အကြမ်းဖက်နေသည့်ကြားမှ နိုင်ငံနေရာအနှံတွင် ပြည်သူများ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၈၈ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၁၇၃ ဦးရှိဟု ယနေ့ AAPPထုတ်ပြန်ထား

၃.၇.၂၀၂၁
မြင်းခြံ
  • အကြမ်းဖက် ပျူစောထီးအဖွဲ့ ၏ လုပ်ကြံသတ်ဖြတ်ခံရသော ဆရာဦးမိုးဟိန်းနှင့် ဇနီး နာရေး ယနေ့ပြုလုပ်
  • ည၇ နာရီခန့်က ထ-၂ကျောင်းမှစခများပစ်ခတ်၍ တစ်ဦးထိခိုက်ဒဏ်ရာရ
  • အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။
  • ပြည်သူများ ကိုဗစ် ၁၉ အထူးဂရုစိုက်ကြပါ။
တိုက်ပွဲသတင်း
  • သထုံခရိုင် KNLA တပ်ရင်း၁နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဇူလိုင်လ(၁)ရက်နေ့ ည၉း၃၅မိ
  • နစ်၌ ကေအဲန်ယူ-ဘားအံမြို့နယ်၊တစ်ကောင်ဘိုး
  • ကျေးနယ်အုပ်စု၊ မီးပုံးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့၊ထိခိုက်ကျဆုံးမှုအား မသိရေသး
  • ထီးချိုင့်တွင် စစ်ကောင်စီတပ်ကို KIA နှင့် PDF ယမန်နေ့ညပိုင်း ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး
  • ဒီပဲယင်းတိုက်ပွဲတွင် PDF မှ ၁၈ ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးအထက်ရှိ
  • စစ်ကိုင်းတိုင်းအတွင်းမလိုအပ်ဘဲခရီးမသွားရန်၊ မဖြစ်မနေသွားရပါက ကားမှန်ချ၍မောင်းနှင်ရန် PDF-စစ်ကိုင်း ကြေညာ
ဗုံးသတင်း
  • လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦးထိမှန် ဒဏ်ရာရ
  • တာမွေက စစ်တပ်ပိုင် Mytel အရောင်းပြခန်း ပေါက်ကွဲမှုဖြစ်
စစ်ဘေးရှောင်
  • ကယားပြည်နယ်မှာ စစ်ရှောင်အများအပြား ဝမ်းပျက်ဝမ်းလျောနဲ့ အရေပြားရောဂါဖြစ်ပွား၊ ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကပြော
  • စစ်ကောင်စီက ချင်းပြည်နယ်၊ ဝေဘူလမြို့ကို သိမ်းပိုက်ထား၊ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ခန့် ထွက်ပြေးရဟု ဆို
  • မင်းကင်းနယ် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် သက်ကြီးရွယ်အိုများ သေဆုံးမှုရှိနေ
  • အကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • မန္တလေးမှာ ဖမ်းဆီးခံရတဲ့သံဃာတွေကို စစ်တပ်က ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းခဲ့
  • ပြည်မှာ စစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ကိုစိုးမင်း နာရေး အသုဘ ချ
  • ကန့်ဘလူတွင် စစ်ကောင်စီတပ်များက ကုန်ကားတစ်စီးကို ပစ်ခတ်၊ ကားပေါ်လိုက်ပါသူ ကိုမိုးဇော်အောင် သေဆုံးပြီး ယာဉ်မောင်း ဒဏ်ရာရ
  • အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ ရှေ့နေ (၁၇) ယောက်ရှိနေ
  • မကွေးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို အမိန့်ချပြီးတရားခံအဖြစ် ထောင်ဝတ်စုံ၊ ခြေကျဉ်းဝတ်၍ တရားရုံတက်ရ
  • မကွေး ဒေါင်းနေထောင်တွင် အနံမရသူ၊ နေထိုင်မကောင်းသူအများအပြားရှိ၊ စစ်ကောင်စီက စစ်ဆေးပေးခြင်းမရှိ
  • ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်း လူ ၂၀ ကျော်ဖမ်းခံထားရ
  • မြောက်ဥက္ကလာတွင် အရပ်ဝတ်လက်နက်ကိုင်များက လူငယ်တစ်ဦးကို ဖမ်းဆီး
  • သတင်းထောက်တွေ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေလိုပဲ နှိပ်ကွပ်ခံခဲ့ရ
  • မန္တလေးက သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီးနှစ်ဦး ဖမ်းဆီးခံရ
သာရေးသတင်း
  • ဧရာဝတီတိုင်း ရဲရုံးတွင် ရဲ ၁၅ဦးခန့် ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက်ကူးစက်
  • မကွေးမြို့မှာ မနေ့က စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၂၄ ကိုဗစ်-၁၉ ဖြစ်
  • သံတွဲတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ဓါး ဒဏ်ရာ ၈ချက်​ဖြင့် သတ်ဖြတ်ခံရ
CDM
  • အာဏာသိမ်း စစ်ကောင်စီက ချေးငွေ ၂ လစာ ပြန်မပေးရင် တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်လာပေမယ့် ပြန်ဆပ်သွားမှာ မဟုတ်ဘူးလို့ CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းတွေက ပြော
  • အကြမ်းဖက်စစ်ကောင်စီမှ CDM ဝန်ထမ်းများအား နှောင့်ယှက်နေပါက တိုက်ခိုက်သွားမည်ဟု CDF ထုတ်ပြန်
  • ကလေးဝမြို့နယ်တွင် CDM သူနာပြုဆရာမ ၁ ဦး ဖမ်းဆီးခံရ
အထွေထွေ
  • PPST အစည်းအဝေး- ခေါင်းဆောင်နုတ်ထွက်ခွင့်အပါအဝင် မပြီးပြတ်တဲ့ကိစ္စတွေ ရက်တိုး ဆွေးနွေးမယ်
  • အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံသားပိုင် စက်ရုံပေါင်း ၂၀၀ ဝန်းကျင်ရပ်ဆိုင်း
  • စစ်တပ်ကို ထောက်ခံသည့် ပျူစောထီး ပိုမိုလှုပ်ရှားလာ
  • ကိုဗစ်ကြောင့် ခန္တီး-မုံရွာ အမြန်ယာဉ်စက်လှေပြေးဆွဲမှု ယာယီရပ်နား
  • စစ်ခေါင်းဆောင်မွေးနေ့ မြန်မာပြည်အနှံကပြည်သူများ နည်းလမ်းအစုံဖြင့် ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ ၈၈၈ ဦး နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၁၇၃ ဦးရှိဟု မနေ့က AAPPထုတ်ပြန်ထား
  • မင်းအောင်လှိုင် မိန်းမ ကြူကြူလှ အပါအဝင် ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင် ၁၅ ဦး၊ စစ်ကောင်စီမှ အရပ်သား ၇ ဦးနှင့် ကုမ္ပဏီ ၃ ခုတို့ကို အမေရိကန်က ပိတ်ဆို့အရေးယူ
  • အမေရိကန်က အရေးယူလိုက်သော စစ်ကောင်စီမိသားစုဝင်များ
  1.  ကြူကြူလှ (မင်းအောင်လှိုင်ဇနီး)
  2.  သန်းသန်းနွယ် ( စိုးဝင်း ဇနီး)
  3.  သက်သက်အောင် ( မြထွန်းဦးဇနီး)
  4.  သန်းသန်းအေး (တင်အောင်စန်း ဇနီး)
  5.  အောင်မာမြင့် (မောင်မောင်ကျော် ဇနီး)
  6.  ခိုင်ပပချစ် (မိုးမြင့်ထွန်း ဇနီး)
  7.  မိုးထက်ထက်ထွန်း (မိုးမြင့်ထွန်း သမီး)
  8.  ခိုင် မိုးမြင့် (မိုးမြင့်ထွန်း သမီး)
  9.  ရတနာမိုးမြင့် (မိုးမြင့်ထွန်း သမီး)
  10.  နီလာ (ရဲဝင်းဦး ဇနီး)
  11.  သိမ့် သင်ဇာ (ရဲဝင်းဦး သမီး)
  12.  ဥမ္မာမြင့် ( အောင်လင်းဒွေး ဇနီး)
  13.  ရွှေရည်ဖူးအောင် ( အောင်လင်းဒွေး သမီး)
  14.  လှိုင်ဘွားအောင် ( အောင်လင်းဒွေး သား)
  15.  ဖြိုးအာကာအောင် ( အောင်လင်းဒွေး သား)
  • အမေရိကန်အစိုးရက အရေးယူသော စစ်ကောင်စီမှ အရပ်သား ၇ ဦး
  1. စောဒယ်နီရယ်၊ (ကောင်စီအဖွဲ့ဝင်)
  2.  ဗညားအောင်မိုး၊ (ကောင်စီအဖွဲ့ဝင်)
  3.  အေးနုစိန်၊ (ကောင်စီအဖွဲ့ဝင်)
  4.  ချစ်နိုင် (စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး)
  5.  အောင်နိုင်ဦး (စစ်ကောင်စီ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝန်ကြီး)
  6.  မြင့်ကြိုင် (စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီး)
  7.  သက်သက်ခိုင် (စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီး)
  • အမေရိကန်က အမည်ပျက်စာရင်း သွင်းလိုက်သည့် နိုင်ငံခြားကုမ္ပဏီ ၃ ခု
  1.  Myanmar Wanbao Mining Copper Ltd. (မြန်မာဝမ်ပေါင်)
  2.  Myanmar Yang Tse Copper Ltd.( မြန်မာယန်စီ)
  3.  King Royal Technologies CO. Ltd.

၄.၇.၂၀၂၁
မြင်းခြံ
  • ရွာအချို့တွင် ပျူစောထီးအဖွဲ့ဝင်ရန်လူငယ်များအား စည်းရုံးနေ
  • ကြံ့ဖွတ်မြို့နယ်ရုံး၌ လူအဝင်အထွက်များနေ၊ ထွက်လာသူအချို့ သေနတ်လွယ်၍ ထွက်လာဟုသိရ
  • Zero အဖွဲ့မှ သတင်းပေးသူ ၂ ယောက်ရှင်းဟု ထုတ်ပြန်၊ ၁ယောက် သေ၊၁ယောက်ဒဏ်ရာရ
  • အမှတ် ၈ ရပ်ကွက်တွင်လည်း စခများသုံးနေသည့် ကားအား ပစ်ခတ်မှုဖြစ်
  • အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။
  • ပြည်သူများ ကိုဗစ် ၁၉ အထူးဂရုစိုက်ကြပါ။
တိုက်ပွဲသတင်း
  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို အဖွဲ့ဝင် ၅၀ ဦး အပတ်စဉ် ၁ သင်တန်း ဆင်း
  • ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် ဒေသခံ ၃၀ ကျော်သေဆုံးခဲ့
  • ကွတ်ခိုင်မြို့နယ် မန်လုံကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ KIA တို့တိုက်ပွဲဖြစ်ပွား၊ ကွတ်ခိုင်ရှိ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ကူ
ဗုံးသတင်း
  • ရေးမြို့မ ရဲစခန်းအတွင်း ဗုံးပေါက်
  • ခန္တီးမြို့တွင် ဗုံးပေါက်ကွဲသဖြင့် ရဲတစ်ဦး ဒဏ်ရာရ
  • သင်္ကန်းကျွန်းရှိ ကြံ့ဖွတ်နှင့်ဆက်နွယ်နေသော Music Zone KTV မှာ ဗုံးပေါက်ကွဲမှုဖြစ်
  • မြောက်ဒဂုံတွင် အရက်ရောင်းသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အိမ်ရှေ့ ဗုံး ၃ လုံးပေါက်၊ အထိအခိုက်မသိရ
  • အင်းစိန်မှာ ရပ်ထားတဲ့စစ်ကားပေါ် ဗုံးပစ်ခံရ၊ မပေါက်ကွဲသွား
သာရေးသတင်း
  • ပဲခူးမြို့ ရှင်စောပုရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
  • မောင်တောကနယ်ခြားစောင့်ရဲတပ်ကြပ် ၁ဦးကိုဗစ်နဲ့သေ
  • နမ့်စန်တွင် စစ်ကောင်စီတပ် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင် ၁၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
  • အကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျော်သီဟနှင့်အဖွဲ့က တနိုင်းတွင် ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက် သိန်းရာထောင်ချီ ဆက် ကြေး ကောက် လာဘ်စားနေ
  • ဗကသများအဖွဲ့ချုပ်၏ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်သူ ဖမ်းဆီးခံရ
  • မန္တလေး ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုညီညီ ဖမ်းဆီးခံရ
  • ရွှေဘိုမြို့နယ်တွင် CDM ပညာရေးဝန်ထမ်းများကို အလုပ်ပြန်ဆင်းရန် ဖိအားပေးသည့် ရွာသာရွာ မူလတန်း ကျောင်းအုပ် အသတ်ခံရ
  • ကနီတွင် အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးပြည်သူ အလောင်း ၄ လောင်း တွေ့ရှိ
  • အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ပြည်မြို့က အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ
  • မိုးကုတ်သပိတ်ခေါင်းဆောင်၏သမီး အချုပ်ထောင်တွင် ဆေးကုသခွင့်မရ
  • ဗန်းမော်ဆိပ်ကမ်း၌ ရဲကပစ်ခတ်ဖမ်းဆီးစဉ် အရပ်သား ၁ ဦးသေဆုံး
  • ကလေးမြို့တွင် ယမန်နေ့ ညပိုင်းက စကစ၏ပစ်ခတ်မှုများကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး နှလုံးရပ် ကွယ်လွန်
  • မအလမွေးနေ့ သံဗုံးတီးနေသည့် အိမ်များကို စစ်ကောင်စီတပ်က လေးခွဖြင့် လိုက်လံပစ်ခတ်
  • ပြည်သူဖက်သို့
  • ဆေးတပ်က ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင် နွေဦးတော်လှန်ရေးမှာ ပါဝင်လာ
အထွေထွေ
  • ထိန်းသိမ်းခံသတင်းသမား ၃၉ဦး ထောင်ချခံရသူ ၆ဦးရှိဟု NUGထုတ်ပြန်
  • စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေကို ထပ်မံဖော်ထုတ်ပြီး ထိန်းချုပ်အရေးယူပေးရန် အမေရိကန်လွှတ်တော်အမတ်များတောင်းဆို
  • ကိုဗစ်-၁၉ ကြောင့် မန္တလေးခရိုင်အတွင်းက စာသင်ကျောင်းအားလုံး ၁၂ ရက်ကြာ ပိတ်မည်
  • မန္တလေးတွင် ၂၀၄ ခုတင်ဆံ့ ကိုဗစ်ကုသရေးစင်တာကို တရုတ်လှူဒါန်းမှုဖြင့် ဆောက်လုပ်
  • ရေးမြို့တွင် မီးရထားရဲဝန်ထမ်းမိသားစုဝင် ၂ ဦး ကိုဗစ်ပိုး ထပ်မံတွေ့ရှိ
  • ပဲခူးမြို့ရှိ ဖြူစင်မေတ္တာအသင်းရုံး မီးလောင်
  • တောင်တွင်းကြီးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံလူနာများ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေပြီး အကူအညီမဲ့နေ
  • ကျယ်ဂေါင်တစ်မြို့လုံး ကို Lockdown ချ
  • မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုသည်ရန်ကုန်မှ
  • အမျိုးသားတစ်ဦး ကိုဗစ်ကြောင့်သေဆုံး
  • နိုင်ငံအနှံ ပြည်သူများ စစ်ကောင်စီကို ဆက်လက် ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၈၉၀ ဦးနှင့် ဖမိးဆီးချုပ်နှောင်ခံနေရသူ ၅၀၈၆ ဦးရှိဟု AAPPထုတ်ပြန်ထား
ကိုဗစ်သတိ
  • ယနေ့ ကိုဗစ်တွေ့ရှိမှု ၁၈၇၇ ဦးရှိဟု ပြောကြားထား

၅.၇.၂၀၂၁
မြင်းခြံ
  • ယမန်နေ့ညဝရမ်းထုတ်ခံထားရသည့် ဒေါက်တာဝင့်သူအိမ်အပါအဝင် အိမ်အချို့ကို ဝင်မွှေ၊ အဖမ်းအဆီးရှိ
  • နေရာအနှံ အစစ်အဆေးများရှိနေဆဲ
  • အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။
  • ပြည်သူများ ကိုဗစ် ၁၉ အထူးဂရုစိုက်ကြပါ။
နိုင်ငံတော်အတိုင်ပင်ခံ
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော ပုဒ်မ ၅၀၅ (ခ) အမှု ခရိုင်တရားရုံး အယူခံတက်မှု ချက်ချင်း ပယ်ချခံရ
  • ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်လျှင် စကစအမှားကြီးမှားလိမ့်မည်ဟု ယူရေးရှား ရီဗျူးသတင်းစာပါ ဆောင်းပါးဖော်ပြ
NUG
  • ရန်ကုန်တိုင်းလွှတ်တော် ယနေ့ online တွင်ပြုလုပ်ဟု NUGပြော
  • ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အပတ်စဉ် (၅) သင်တန်းဆင်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သဝဏ်လွှာပေးပို့
တိုက်ပွဲသတင်း
  • ရွှေကူရဲစခန်းနှင့် စစ်ကောင်စီကင်းပုန်းများကို KIA နှင့် PDF ပူးပေါင်း၍ မြို့ပြတိုက်ပွဲပုံဖော် တိုက်ခိုက်
  • ကောလင်း PDF နှင့် KIA ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကား ၂ စီးမီးလောင်၊ အများအပြား ဒဏ်ရာရ၊ စစ်ခွေး ၄၀ခန့်သေ
  • အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်မြို့နယ်တဝိုက်တွင် အကြမ်းဖက်စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ တိုက်ပွဲပိုမိုပြင်းထန်၊ စစ်ရှောင်စခန်းပေါင်း ၁၂ ခုနှင့် စစ်ရှောင်ဦးရေ သောင်းချီရှိနေ
  • ဗုံးသတင်း
  • ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်က အမှတ် ၁၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးထဲ မနေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့
  • ပြည်မြို့နယ် မှော်ဇာကျေးရွာအနီး ရန်ကုန်-ပြည်ရထားလမ်း ဗုံးခွဲဖျက်ဆီးခံရ
  • မကွေးတိုင်း၊ ပေါက်မြို့ရှိ အ.ထ.က ကျောင်းဝင်းထဲမှာ ဒီနေ့ မနက်ပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့
  • စစ်တပ်နယ်မြေ မင်္ဂလာဒုံမြို့နယ်ထဲက တရားရုံးထဲမှာ ဗုံးပေါက်ကွဲ
သာရေးသတင်း
  • ထန်တလန်မြို့တွင် ဒုရဲအုပ် တစ်ဦး ယနေ့ ညနေ ၃ နာရီတွင် ပစ်သတ်ခံရ
  • ရေခါးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသားအဖ အသတ်ခံရ
  • ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကနေ အေးသာယာဘက် အဆင်းလမ်းမှာ ဒီကနေ့ ညနေပိုင်းက စစ်ကားတစ်စီး တိမ်းမှောက်ခဲ့
  • သာကေတ ၇ ဈေးရှိ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသော အိမ်သာစောင့် အမျိုးသမီး သေနတ်ဖြင့် နှစ်ချက် ပစ်ခံရ၊ ပုခုံးနှင့် ပါးတွင် ရှပ်ထိ
  • အကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • ဟိုပင်၊ သဲဂုဏ်ရွာ ဘုန်းကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော်ကို စစ်တပ်က ကြိုးတုပ် ရိုက်နှက်၊ ဆရာတော်မှာ သွေးထွက်ပြီး ဖူးယောင်ဒဏ်ရာများ ရရှိ
  • ကနီတွင် စစ်ကောင်စီတပ်များက တောထဲထွက်ပြေးသော ပြည်သူများကို ပစ်ခတ်ရမည်ဟု ခြိမ်းခြောက်
  • ဆက်သွယ်ရေးကုမ္ပဏီက နိုင်ငံခြားသားအရာရှိများပြည်ပထွက်ခွင့် စစ်ကောင်စီပိတ်
  • ပွင့်ဖြူမြို့နယ်၊ မကျည်းကုန်းကျေးရွာက ဒေသခံပြည်သူတစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက မနေ့က ဖမ်ဆီးသွား
  • ဒီပဲယင်းတိုက်ပွဲ၌ ဒဏ်ရာရPDFများဖြင့်မျှား၊လာကယ်သူများကိုစောင့်ပစ်၍ အကျအဆုံးများခဲ့ဟု PDFပြော
  • ဒီပဲယင်းမြို့နယ် ကျည်ရွာတွင် စစ်ကောင်စီအကြမ်းဖက်တပ်များ စခန်းချနေ၊ ပြည်သူများ ထွက်ပြေး
  • မနေ့က မန္တလေးဗကသ သပိတ်စစ်ကြောင်းခေါင်းဆောင်အပါ ၄ဦးအဖမ်းခံရ
  • ဒေါက်တာထားထားလင်း၏ ၇ နှစ်အရွယ် သားကို စကစ ဖမ်းဆီးထား
  • စစ်ကောင်စီတပ်များက ကောလင်းတွင် သားသမီး ၂ ဦး၏ မိခင် ဒေါ်သေးသေးကို ပစ်သတ်
  • ပွင့်ဖြူမြို့နယ်၊ မကျည်းကုန်းရွာသား ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
  • ဧပြီလက ရန်ကုန်ကဂျပန်သံတမန်ရေးရာနှင့်အကူအညီပေးရေးရုံးဝန်ထမ်းအိမ်ရာကို စစ်ကောင်စီစီးနင်းခဲ့ဟု ဂျပန်သတင်း၌ဖေါ်ပြ
ကိုဗစ် သတိ
  • မအူပင်မြို့မှ အလယ်တန်းပြကျောင်းဆရာမ ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ သေဆုံး
  • သရက်မြို့မှာ ခရိုင်ရဲမှူးကြီး ၁ ဦး၊ ဒုရဲမှူး ၁ ဦး အပါအဝင် လူ ၄၀ ကိုဗစ်-၁၉ ကူးစက်
  • ဗန်းမော်စစ်ရှောင်စခန်းတချို့ COVIDစတင်ကူးစက်
  • ကသာမြို့က ရဲတပ်ဖွဲ့ဝင် ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
  • ကိုဗစ်ကြောင့် မြန်မာမှာ တစ်ရက်အတွင်း ၃၅ ယောက်သေဆုံး
  • ကလေးမြို့တွင် ကိုဗစ်နှင့် ကိုဗစ် သံသယကြောင့် ၄ ရက်အတွင်း လူ ၁၀၀ ကျော် သေဆုံး၊ အောက်ဆီဂျင်ဗူးများ အရေးပေါ် လိုအပ်
  • ပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ၃ ရက်အတွင်း ကိုဗစ်ရောဂါ စိစစ်တွေ့ရှိသူ အလွန် များလာ၊ ထားစရာ နေရာမရှိတော့
  • COVIDပြင်းထန်သော ဧရာဝတီ၌ အသုံးလုံးသင်တန်းဖွင့်ရန်စစ်ကောင်စီစီစဉ်
အထွေထွေ
  • မူဆယ်တွင် ၅ ရက်အတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း ၈ လောင်းတွေ့
  • အခြေခံစားသောက်ကုန်တွေကို ဈေးတင်မရောင်းဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး
  • မြန်မာစစ်အာဏာသိမ်းကောင်စီကို နိုင်ငံတကာ အရေးယူ ဒဏ်ခတ်မှု တရုတ် သဘောမတူ
  • ရှမ်းတောင် ကျေးသီးမြို့၌ စစ်ရှောင် ၂၀၀၀ကျော်ရှိ၊ ရိက္ခာလိုအပ်နေ
  • ဒဂုံမြောက်တွင် လုံခြုံရေးအစောင့်အရှောက်အပြည့်ဖြင့် မီတာဆောင်ရန်နိုးဆော်နေ
  • ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒေါ်လာ၃သန်း ရောင်းချပြီး၊လေလံပျမ်းမျှငွေလဲလှယ်နူန်းမှာ ၁ ဒေါ်လာလျှင်မြန်မာငွေ ၁၆၂၅ ကျပ်ဖြစ်
  • တရုတ်မြန်မာကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်နေ
  • ကချင် သင်းအုပ်ဆရာ သုံးဦးလွတ်မြောက်ရေး ကချင်ခရစ်ယာန်အသင်းတောင်းဆို
  • ဒီပဲယင်းမှာတိုက်ပွဲဖြစ်၊ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက် ပိုးထိသေဆုံး
  • မြန်မာနဲ့နယ်စပ်အနီး တရုတ်စစ်တပ်များချထား
  • ပုသိမ်တွင် ဘုရားဖူးလာသည့်အမျိုးသမီး ၁ ဦး အသက်ရှူကြပ် သေဆုံး
  • လူ ၂၀၀၀ ကျော်ပြန်လွှတ်ပေးပြီး စကစ လူ့အခွင့်အရေးကော်မရှင် ဂုဏ်ဆာနေ
  • နိုင်ငံအနှံ ပြည်သူများ စစ်ကောင်စီကို ဆက်လက် ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၈၉၂ ဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၅၀၈၅ ဦးရှိဟု AAPPထုတ်ပြန်ထား

၆.၇.၂၀၂၁
မြင်းခြံ
  • ထ-၂အနီး အသံဗုံးကွဲ၊ စကစများ တပ်စွဲထားပြီးအမှတ်(၄)အုပ်ကြီးဒလန်ထွန်းထွန်းဦးလည်း နေထိုင်။
  • ဇွန်-၃၀ရက်နေ့ည ဖမ်းဆီးခံရသူ-၂၆ဦးရှိပြီး။၂၂ဦးဇူလိုင်-၃ရက်နေ့ည၌ ပြန်လွှတ်
  • သာပေါင်းအုပ်စုနယ်ခြားကျေးရွာ၌
  • စကစခန့်အုပ်ကြီးမှ နေအိမ်အချို့မှ ရေခဲသေတ္တာ၊ပန်ကာ၊အသံချဲ့စက်၊sound-box၊ထမင်းပေါင်းအိုး၊ဒယ်အိုးများ ယူဆောင်၍ တပ်စွဲထားသည့်စကစများ သွားပေး
  • မနေ့ညက ကုက္ကဲရဲစခန်းအနီး အပြန်အလှန် ပစ်ခတ်မှုရှိခဲ့၊ အထိခိုက်မရှိဟု ကြားသိရ
  • အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။
  • ပြည်သူများ ကိုဗစ် ၁၉ကိုလည်း အထူးဂရုစိုက်ကြပါ။
နိုင်ငံတော် အတိုင်ပင်ခံ
  • ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တင်ပြသည့် တရားလိုကိုဆက်လက်မစစ်ဆေးဖို့ လျှောက်လဲချက်ကို တရားရုံးပယ်ချ
  • ကိုဗစ်-၁၉ တကျော့ပြန်ခေါင်းထောင်နေသည့်အပေါ် ပြည်သူအချင်းချင်း သတိပေး ပိုဂရုစိုက်ရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံမှာကြား
ယနေ့အထူး
  • တိုင်းပြည်ကိုအမှောင်ထဲ ဆွဲခေါ်သွားတဲ့ လုပ်ရပ်ကြီးပဲ ဟု CDM ဗိုလ်မှူးညွန့်နိုင်ဆို
NUG
  • ယူကေ ဝန်ကြီး နဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေး
  • ဒေါက်တာဆာဆာမှ NUG အစိုးရ၀န်ကြီးများနှင့်အတူ ဂျပန်ပါလီမန်အမတ်များအား ဒုတိယအကြိမ်ဆွေးနွေးမည်
  • ကလေးငယ်တွေကို ဖမ်းဆီးတာနဲ့ အကြမ်းဖက်မှု
  • မြန်ဆုံးရပ်တန့်ဖို့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ထုတ်ပြန်
တိုက်ပွဲသတင်း
  • မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲမှာ ဇူလိုင်လ ၆ ရက်နေ့မနက်ပိုင်းက PDF(ဆော)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး PDF အဖွဲ့ဝင်တစ်ယောက်နဲ့ ပြည်သူတစ်ယောက် ကျဆုံးခဲ့တယ်လို့ PDF (ဆော) အဖွဲ့ကနေ သိရ
  • ကလေး-တမူးကားလမ်းပိုင်း ရန်လင်းဖိုင်ရွာနှင့်ဝိတုတ်ရွာအကြား တံတားဖောက်ခွဲခံရသည့်ဖြစ်စဥ်နှင့်တမူး(TSG)PDF အဖွဲ့ နှင့်လုံး၀မသက်ဆိုင်ကြောင်းမနေ့ ညက သတင်းထုတ်ပြန်
ဗုံးသတင်း
  • နေပြည်တော်၊ပျဥ်းမနားတွင် ပထမဆုံးလက်လုပ်ဗုံးပေါက်ကွဲမူဖြစ်၊လုံခြုံရေးတပ်ဖွဲ့ဝင်၃ ဦးနှင့်လူငယ် ၁ ဦးဒဏ်ရာရ
  • ယုဇနဥယျာဉ်မြို့တော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တိုက်ခန်းအနီး ဗုံးပေါက်
  • အသံဗုံး ၁ လုံး စတင်ဖောက်ခွဲပြီး သတိပေးလိုက်သည့် နတ်မောက် PDF
  • နေအိမ်ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီခန့် လက္ကူးရွာ အုပ်ချုပ်ရေးမှူးနုတ်ထွက်စာတင်
  • ပခုက္ကူမြို့ အမှတ် ၉ ရပ်ကွက်၊ ကမ်းနားလမ်းမှာ ဇူမနေ့ညက ပျူစောထီးအကြမ်းဖက်အဖွဲမှ ဗုံး ၁ လုံးခွဲ ၃ ဦး ဒဏ်ရာရ
သာရေး
  • သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ ၊ ၎င်း၏ အစ်မဖြစ်သူလည်း ဒဏ်ရာရရှိ
  • ခင်ဦးတွင် ယနေ့ ပျူစောထီးဟု အများက ပြောဆိုသတ်မှတ်ခံနေရသူ အရပ် သား ၂ ဦး ဓားခုတ်ခံရပြီး သေဆုံး
  • ပုလဲမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ
စစ်ဘေးရှောင်
  • မယ်လ ကရင်ဒုက္ခသည်စခန်း သီတင်းနှစ်ပတ် အ၀င်အထွက်ပိတ်ပင်
  • ဖာပွန်ဒေသ စစ်ဘေးဒုက္ခသည် ၄၀၀၀ကျော် နေထိုင်စားသောက်မှုခက်ခဲ
  • ဖာပွန်ခရိုင်ထဲက စစ်ရှောင်ပြည်သူတွေ ဌက်ဖျားနဲ့ဝမ်းရောဂါအတွက် ဆေးဝါးတွေလိုအပ်နေ
  • တော်လှန်ရေးအောင်မြင်အောင်တိုက်ဖို့ ကယားပြည်က စစ်ရှောင်တွေ တိုက်တွန်း
ကိုဗစ်သတိ
  • စစ်ကောင်စီလက်ထက် ကူညီသူ စေတနာ့ဝန်ထမ်း မရှိ၊ ဆေးဝါးနှင့်အောက်စီဂျင်လိုအပ်ချက်များစွာဖြင့် ကိုဗစ်လူနာများ သေမင်းကို ရင်ဆိုင် ဖြတ်သန်းနေရ
  • နေပြည်တော် ပြည်ထဲရေး ဝန်ကြီးရုံးမှာ ဝန်ထမ်း ၂၀ ကျော် ကိုဗစ်တွေ့
  • ကိုဗစ်တတိယလှိုင်းဟာ သေဆုံးသူပိုများနေတဲ့အတွက် မပေါ့ကြဖို့ AA ထုတ်ပြန်
  • ကိုဗစ်-၁၉ ရောဂါဖြင့် တရက်တည်း ၄၂ ဦး စံချိန်တင်သေဆုံး၊ ပိုးတွေ့နှုန်း ၂၇ ရာခိုင်နှုန်းနီးပါး မြင့်တက်
  • စစ်ကိုင်းတွင် ရဲအရာရှိနှင့်ရဲတပ်သား ၆ ဦးထက်မနည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
  • ရေစကြိုတွင် ကျောင်းဆရာမ ၂ ဦး ကိုဗစ်ကူးစက်ခံရ၊ ကျောင်းမပိတ်သဖြင့် မိဘများစိုးရိမ်
  • ကလေးမြို့တွင် ယနေ့ ကိုဗစ်-19 သံသယလူနာ အယောက် ၄၀ သေဆုံး
  • ကိုဗစ်-၁၉ ဆိုးရွားနေသည့် ကလေးမြို့တွင် အောက်ဆီဂျင်အိုးပြတ်လပ်
  • နေပြည်တော်နဲ့ ပဲခူးက မြို့နယ် ငါးခုကို Stay at home သတ်မှတ်
  • ကိုဗစ်ကူးစက်သူ အသစ် ၃၆၀၂ ဦး နဲ့ သေဆုံးသူ ၅၂ ဦး ရှိ
အကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • အဖမ်းခံရသည့် မိုးပညာဒါနဥက္ကဋ္ဌအပါအဝင် ၇ ဦးနှင့် ၁ လကြာအထိ မိသားစု အဆက်အသွယ်မရ
  • ရန်ကုန်ရှိ မြို့နယ် တချို့တွင် မီတာခ မပေးဆောင်သည့် နေအိမ်များကို စစ်ကောင်စီက မီးလိုက်ဖြတ်နေ
  • ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး စစ်ကောင်စီတပ်ဖွဲ့များကြောင့် ချင်းလူမျိုး (၈၁) ဦး သေဆုံးခဲ့ရကြောင်း Institutute of Chin Affairs မှ ထုတ်ပြန်
  • ဒီးမော့ဆို ပြည့်အောင်ရတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ လုယူခံရသော ပစ္စည်းများဖြင့် ပြည်သူကို စစ်ကောင်စီက ထောက်ပံကူညီဟု ဝါဒဖြန့်နေကြောင်း ကယား ဒေသအဖွဲ့များပြော
  • တောင်ဒဂုံတွင် NLD ရပ်ကျေး အလုပ်အမှုဆောင် ဦးခင်ကျော်ကို ပျူစောထီးအဖွဲ့က ပစ်သတ်၊ ဇနီးဖြစ်သူ ပေါင်ကို ကျည်ထိ၊ အလောင်းကို စစ်တပ်က ယူသွား
  • နှိပ်စက်ခံရပြီး သေဆုံးခဲ့သည့် မုံရွာမှ ကိုအောင်ဇော်မျိုး အပါအဝင် ကျဆုံးပြည်သူ ၈၉၂ ဦးရှိလာ
နိုင်ငံတကာ
  • တရုတ်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင် ၃ ဦး မြန်မာအပါအဝင် ကမ္ဘာ့အရေး ဆွေးနွေး
  • မြန်မာအရေး အာဆီယံ၏ သံတမန်ရေးရာအားထုတ်မှုကို ရုရှားနိုင်ငံ ထောက်ခံကြောင်း
  • မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို Myanmar Witness အဖွဲ့က စုံစမ်းစစ်ဆေးနေ
အထွေထွေ
  • ယာဉ်ထိန်းရဲ နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအား ဖ.ဆ.လ.တ သတိပေး
  • ကောလင်းတွင် အုပ်ချုပ်ရေးယန္တရားစတင်ပြိုကျ၊ မြို့နယ်ထွေအုပ်ဒုဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၂ ဦး နုတ်ထွက်
  • ရေးမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွား
  • တောင်တွင်းကြီးဆေးရုံ CDM ဝန်ထမ်းများ တာဝန်ပြန်ထမ်းဆောင်ရန် ဖိအားပေးခံရ
  • မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ၂၀၂၀ တိုကျိုအိုလံပစ် ယှဉ်ပြိုင်ခွင့်ရ
  • ကိုဗစ်ကြောင့် အင်းစိန်အထူးတရားရုံးများကြားနာမှုယာယီရပ်ဆိုင်းထား
  • နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုအဆုံးသတ်ရေး နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုကြေညာ
  • စျေးကွက်အတွင်း Mask စျေးနှုန်းများ နှစ်ဆ ကျော်မြင့်တက်
  • ထိုင်းလမ်းပြအကူအညီဖြင့် တရားမဝင် လာရောက်သည့် မြန်မာ ၁၁ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ
  • ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ခွင့်သက်တမ်းတိုးခွင့် ယာယီရပ်ဆိုင်း
  • ကိုဗစ်အခြေအနေပိုဆိုးလာရင် မြေပြင်သပိတ်ကို ပုံစံပြောင်းလုပ်မယ်
  • နိုင်ငံအနှံ ပြည်သူများ စစ်ကောင်စီကို ဆက်လက် ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၈၉၄ ဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၅၀၄ ဦးရှိဟု AAPPထုတ်ပြန်ထား

၇.၇.၂၀၂၁
မြင်းခြံ
  • နဘူးအိုင်အနီးရွှေပေါ်ကျွန်းရွာမှ ရွာသား (၄)ဦးကို ယနေ့မနက်ပိုင်းက စခများ ဖမ်းဆီးခေါ်ဆောင်သွား။
  • ထနောင်းတိုင်၊ညောင်ကန်၊တပင်ကန် အနီး စခများခြေရှုပ်နေ
  • မြင်းခြံ-ညောင်ဦးလမ်းမဘေး၊ထနောင်းတိုင်ရွာဘက်လမ်းချိုးအကျော်မှ ပျိုးပင်ရောင်းသည့်ခြံမှ ခြံပိုင်ရှင်အပါဝင်(၇)ဦး ဖမ်းဆီးသွားခြင်းဟု သိ
  • ၇နာရီခန့် ရွှေဧရာအနီးပေါက်ကွဲမှုဖြစ်။ပျူစောထီးမှ ပစ်သည်ဟု ယူဆရ
  • စွန်းလွန်းဂူကျောင်းအနီး ကားတစ်စီးအား စခများ လိုက်လံပစ်ခတ်
  • အဖမ်းအဆီး သတိပြုကြရန်နှင့် ဖမ်းဆီးခံရပါက ICRCနှင့် AAPPကို ဆက်သွယ်စာရင်းသွင်းထားရန် အကြံပြုအပ်ပါသည်။
  • ပြည်သူများ ကိုဗစ် ၁၉ကိုလည်း အထူးဂရုစိုက်ကြပါ။
စိုးရိမ်တတ်တဲ့ UN နဲ့ နိုင်ငံတကာ
  • ကိုဗစ်နဲ့ လုံခြုံရေးကြောင့် မြန်မာနိုင်ငံ ပညာရေးထိခိုက်မှု ကုလစိုးရိမ်
  • မြန်မာနိုင်ငံ အခြေအနေကောင်းလာအောင် အာဆီယံ မူ ၅ ချက်အတိုင်း စတင်လုပ်ဆောင်ဖို့ လိုအပ်ဟု လူ့အခွင့်အရေး မဟာမင်းကြီး ပြော
  • မြန်မာ့အရေး ဒေသတွင်းမတည်ငြိမ်မှု ဖြစ်လာနိုင်ဟု ကုလလူ့အခွင့်အရေးအကြီးအကဲ သတိပေး
  • မြန်မာ့အရေး အချက် ၅ ချက်ကောင်အထည်ဖော်ရေး အာဆီယံအတွင်း ကြိုးပမ်းနေဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော
  • စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာဟာ ကျဆုံးနိုင်ငံအဖြစ်ဆီ ဦးတည်နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးပြော
  • မြန်မာနိုင်ငံတွင် NUG မှလွဲ၍ အခြားအစိုးရမရှိ၊ စစ်တပ်၏ အာဏာသိမ်းမှု လက်ခံနိုင်စရာမရှိ၊ NUG အစိုးရကို ကူညီမည်ဟု ဂျပန်အမတ်များပြော
  • ဂျပန်ရောက်မြန်မာနိုင်ငံသား ၃၀၀ ခန့်ကို ဂျပန်အစိုးရက ဗီဇာသက်တမ်းတိုးပေး
  • တိုကျိုမှာ ကျင်းပနေတဲ့ Save Myanmar ဓာတ်ပုံပြပွဲကရတဲ့အကျိုးအမြတ်အားလုံးကို မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့မယ်လို့ ပြပွဲဦးဆောင်ကျင်းပသူကပြော
EAO& တိုက်ပွဲ
  • ဗိုလ်ချုပ်ကြီးယွက်ဆစ် PPST အဖွဲ့ခေါင်းဆောင်အဖြစ်မှ အနားယူ၊ ၃ ဦးပါ အဖွဲ့ကို ခေါင်းဆောင်တင်
  • ပဲခူး BDF တပ်မဟာ (၂) အင်အားတိုးချဲ့ဖွဲ့စည်းကြောင်း ကြေညာ
  • ဖလမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သူများအတွက် လေးစားဂါရဝပြုကြောင်း CNDF ထုတ်ပြန်
  • ဖားကန့်တွင် စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ
ဗုံး
  • ပဲခူးတွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ဖြုတ်ရာမှ ဗုံးပေါက်ပြီး စစ်သား ၁ ဦးသေ
  • ရေးမြို့နယ် ပျူစောထီးအဖွဲ့ဝင် နေအိမ် ဗုံးကွဲ၊ ၂ ဦး ဒဏ်ရာရ
  • တာမွေလျှပ်စစ်ရုံးအနီး ဗုံးနှစ်လုံးပေါက်
  • သင်္ဃန်းကျွန်းမြို့နယ်ရှိ EPC ရုံးတွင် ယနေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
  • တောင်ဥက္ကလာပ EPC ရုံးရှေ့ပလက်ဖောင်းတွင်လည်း ယနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့
  • ဖားကန့် အေးမြသာယာရပ်ကွက် စာသင်ကျောင်းနား ဗုံးပေါက်ကွဲ
သာရေး
  • မေခမြစ်ထဲ စစ်ကောင်စီတပ်သား ၁ ဦး မျောပါသေဆုံး
  • ရွှေဘိုမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
စစ်ဘေးရှောင်
  • ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စုအတွင်းက စစ်ဘေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူအညီလိုအပ်နေ
  • ကယားပြည်နယ်၊ဒီမော့ဆိုမြို့က ပူဖားကျေးရွာစစ်ဘေးရှောင်ကလေးတွေကို စစ်ရှောင်ဆရာ၊ဆရာမတွေက ကိုယ်ထူကိုယ်ထ စာပြန်သင်ပေးနေ
  • စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် တိုက်ပွဲကြောင့် လူ၃၀၀ကျော် နေရပ်စွန့်ခွာ
အကြမ်းဖက်အဖွဲ့၏ ရက်စက်ယုတ်မာမှုများ
  • ကလေးမြို့နယ်၊ ထိုမာကျေးရွာတွင် ကိုအေးမင်းကို စစ်ကောင်စီတပ်များက ပစ်သတ်
  • မိုးကုတ်ဂေါက်ကွင်းတွင် စစ်ကောင်စီက ဆက်ကြေးကောက်ပြီး ကျောက်မျက်ခိုးတူးခွင့်ပြုနေ
  • လှည်းကူး NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဖခင်အပါအဝင် ငါးဦး အဖမ်းခံရ
  • ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်း ပုဒ်မ ၄၀၉ ဖြင့် စစ်ကောင်စီက ထောင် ၇ နှစ်ချ
  • မိုးကုတ်မြို့က ဆယ်လီသော်သော်၏ဖခင် ဖမ်းဆီးနှိပ်စက်ခံရ
  • ပခုက္ကူအခြေစိုက် CJ သတင်းထောက် ၁ ဦးကို ထောင်ဒဏ် ၃ နှစ် ချမှတ်
  • ပြည် လွှတ်တော်အမတ် ဦးကျော်ဇေယျရဲ့ နေအိမ်မှ ပစ္စည်းများကို စကစ သိမ်းယူ
မီး
  • ပုဇွန်တောင်မြို့နယ် ၅၄လမ်း ၅၅လမ်းကြားရှိ ဂိုထောင် မီးလောင်
ကိုဗစ်
  • သပိတ်ကျင်းမြို့နယ် ထွေအုပ် ဒု ဦးစီးမှူး ကိုဗစ်-၁၉ ကူးစက်ခံရ
  • ပြင်ဦးလွင်မြို့မရဲစခန်းတွင် ၁၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
  • ရဲစခန်းများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာ၊ ပဲခူးနှင့် တောင်တွင်းကြီးတွင် ရဲများ အစုလိုက်အပြုံလိုက်ကူးစက်၊ စာသင်နေသော ကျောင်းဆရာမများလည်းကူးစက်ခံရ
  • ရန်ကုန်တွင် ကိုဗစ်-၁၉ ကူးစက်လူနာ များလာပြီးနောက် အောက်ဆီဂျင်ပြတ်လပ်
  • စစ်ကောင်စီခန့် မန္တလေးမြို့တော်ဝန်၏ နေအိမ်လုံခြုံရေး ရဲ ၂ ဦးတွင် ကိုဗစ်ပိုးတွေ့
  • ရွှေလီမြို့၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသဖြင့် လော့ဒေါင်းချပြီး ကျောင်းများပိတ်
  • ကိုဗစ်-၁၉ လူနာ နေ့စဉ်တိုးပွားလာသဖြင့် မူဆယ်ဆေးရုံတွင် ထားစရာနေရာမရှိဖြစ်နေ
  • အင်းစိန်ထောင်မှာ ကိုဗစ် ကူးစက်သူ ၄၀ လောက်တွေ့ရှိ၊ မနက်ဖြန်ကစပြီး နှစ်ပတ်ကြာ လော့ခ်ဒေါင်း ချမယ်
  • ကူးစက်မှု မြင့်တတ်နေတဲ့ ကလေးမြို့မှာ မီးသဂြိုလ်ဖို့ အလောင်းတွေ စုပုံနေ
  • ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ သွားရောက်ခဲ့ရာ ရုရှားမှာ ကိုဗစ် ကူးစက်မှုကြောင့် သေဆုံးသူ တိုးလာ
  • မြန်မာနိုင်ငံ ကိုဗစ်ရောဂါကူးစက်မှုနဲ့အတူ အောက်ဆီဂျင်အိုးလုံလောက်မှုမရှိ
  • ၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၃၉၄၇ ဦးနဲ့ သေဆုံး၅၇ ဦး
အထွေထွေ
  • စစ်ကိုင်းတွင် လူငယ်များ ဦးဆောင်ကာ Mask များချုပ်လုပ်လှူဒါန်းပြီး အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
  • ကျောင်းသားတွေရဲ့ သွေးနဲ့ ရဲရဲတောက်နေတဲ့ ဆဲဗင်းဂျူလိုင် ၅၉ နှစ်မြောက် အောက်မေ့ခြင်းအခမ်းအနား ချမ်းအေးသာစံ အကသများ ပြုလုပ်
  • သေဒဏ်ချခံရတဲ့ ညီအစ်ကို ၄ဦးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ ပျံ့နှံ့နေ
  • YBS ၄၀ ယာဉ်ပေါ်တွင် အမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိ
  • ကနီမြို့နယ်တွင် တိုက်ပွဲကျန် RPG ကျည်ပေါက်ကွဲပြီး ကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူနေမိသားစုဝင်အားလုံး ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသွားပြီလို့ သူ့ရဲ့ရှေ့နေကပြော
  • ဆဲဗင်းဂျူလိုင်နေ့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ သဘောထားထုတ်ပြန်
  • နိုင်ငံတဝန်းအကျပ်အတည်းများကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန် အပစ်ရပ်အဖွဲ့များ တိုက်တွန်း
  • ဖိအားနဲ့ စိန်ခေါ်မှုတွေကြားက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်
  • တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ၂ သန်း ယခုလအတွင်း ရမည်
  • ဆဲဗင်းဂျူလိုင် ၅၉ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် နိုင်ငံအနှံမှာ ဆန္ဒပြ
  • နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၈၉၇ ဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၅၁၂၀ ဦးရှိဟု AAPPထုတ်ပြန်ထား


Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________