Office suit သုံးနေရင်း တနေ့က ubuntu မှာ သုံးဖို့ လိုက်ရှာမိတော့ Only Office ဆိုတဲ့ Office suit အသစ်ကို သွားတွေ့တယ်။ OS အကုန်လုံးအတွက် ရတယ်။ Window, MacOS, Linux, Android, iOS အပြင် Enterprise တွေ အတွက်ဆို Docker ပါ ရတယ်လို့ ပြောတယ်။ အရေးကြီးတာကတော့ personal တကိုယ်ရည်သုံး အတွက်ဆို Free ရပါတယ်။ ကျွန်တော်ဆို ဒီကောင် ကို install ပြီးကတည်းက MS Office ကို ဖြုတ်ထားလိုက်တော့တယ်။ MS ဆိုရင် storage ကလည််း အများကြီးနေရာယူတာလေ။ ဒီကောင်က lightweight လည်းဖြစ်တယ်၊ storage လည်း နေရာမယူဘူး။
ပိုက်ဆံပေးသုံးရင်တော့ တခြား အပို features တွေ ရပါလိမ့်မယ်။ သူတို့ website မှာ ဝင်ကြည့်လို့ ရပါတယ်။
UI ကလည်း MS နဲ့ တော်တော် တူအောင်လုပ်ထားတယ်လို့ ခံစားရတယ်။ Personal သုံးဖို့ MS Office နဲ့ တခြား ဝယ်ပြီးသုံးရတဲ့ office တွေ မသုံးချင်ဘူး၊ offline လည်း ရအောင် သုံးချင်တယ်ဆို ဒီကောင်လေးကို စမ်းသုံးကြည့်ဖို့ ညွှန်းလိုက်ပါရစေ။
Comments
Post a Comment