Skip to main content

Posts

Office Terminology

 Office Suit ဆိုပြီး ရုံးလုပ်ငန်း မှာ ကွန်ပျူတာ နဲ့ ရုံးအလုပ်တွေ လုပ်ကြတဲ့သူတွေ မသုံးမဖြစ် သုံးကြတဲ့ software တွေ ရှိတယ်။ မြန်မာမှာ မသိတဲ့သူ မရှိတာက Microsoft ရဲ့ Office suit ပေါ့။ Standard Office Suit မှာ Words, Excel, Power Point ဆိုပြီး ပါတယ်။ မြန်မာကလူတွေက Terminology တွေ သေချာ မသိပဲ အမှတ်မှားနေကြတာတွေ ရှိတယ်။ ဒါတွေ နည်းနည်း ရှင်းပြချင်တာပါ။  Office Suit မှာ ဘာတွေ ပါသလဲဆိုတော့  Word Processor  ဒါက စာစီစာရိုက် အတွက် သုံးပါတယ်။ Microsoft ရဲ့ Words နဲ့ ကျွန်တော်တွဲ သိကြတာပါ။ တခြား company က ထုတ်တဲ့ Word Processors တွေလည်း ရှိပါတယ်။  Apple ကတော့ သူ့ရဲ့ Word Processor က Pages လို့ နာမည်ပေးထားပါတယ်။ Apple Products တွေမှာ Free သုံးလို့ ရပါတယ်။ အခု ၂၀၂၇ မှာတော့ paid plan နဲ့ လာမယ်လို့လည်း ပြောထားပါသေးတယ်။ https://apps.apple.com/us/app/pages-create-documents/id361309726 Google ကလည်း သူ့ Word Processor ကို Docs လို့ ပေးထားပါတယ်။ Google ကတော့ Browser based မို့ Browser ရှိယုံ Google account ရှိယုံနဲ့ သုံးလို့ရပါတယ်။ Android နဲ့ iOS, iPadOS မှာ app ရှိပေမယ့် browser မှာ...

E Bike ဝယ်မယ် ဆိုရင်

 သွင်းကုန်တွေ ခက်ခဲလာတော့ တပါတ်ရစ်လေးတွေနဲ့ အသားကျလာတယ်။ တပါတ်ရစ်ရောင်းတဲ့ သူတွေကို နည်းနည်းဖောင်းထုချင်လို့ ရေးတဲ့ စာပါ။ တရက်ကျတော့ စက်ဘီးတစ်စီး ဝယ်ဖို့ လိုက်ရှာတယ်။ ဘော်ဒါတစ်ယောက်က ဝယ်ခိုင်းလို့ ပါ။  မူလ website ဈေးက $2100 ဆိုတော့ သိန်း ၈၀ ပေါ့။ အခု ရန်ကုန်မှာ ရောင်းဈေးက သိန်း ၄၀ တဲ့။ တကယ်တော့ စက်ဘီးဈေးကွက် ပေါက်ဈေးက အသစ်ဈေးရဲ့ ၃ ပုံ ၁ ပုံ ဆိုတာက ပုံမှန်ပါပဲ လို့ ကျွန်တော် လက်ခံထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပြီးခဲ့တဲ့ ၂ နှစ်တုန်းက $800 တန် စက်ဘီး ၂ စီး ဝယ်ခဲ့တယ်။ တစ်စီးကို ၁၀ သိန်း ပေးခဲ့ရတယ်။ အဲ့တာကြောင့် ၃ ပုံ ၁ ပုံ လို့ ပြောတာပါ။ အခု စက်ဘီးရောင်းတဲ့ သူတွေက ဘာဖြစ်နေကျသလဲဆို ဈေးပြောဆိုရင် website က ဈေးကြီး ပြပြီး ဈေး ကို ပြောတော့တာပဲ။ website က ဈေးဆိုတာက နောက်ကွယ်မှာ after sale service တွေက ပါသေးတယ်။ brand image အတွက် လုပ်ပေးထားတဲ့ ဝန်ဆောင်မှု့တွေ ပါတယ်။ အခု ဒီမှာ ဖြစ်နေတာက website က ဈေးကြီး လာလာ ပြပြီး ပျက်ရင် ကျ ဘာမှလည်း လုပ်မပေးနိုင်ဘူး။ ရယ်တော့ ရယ်စရာ အကောင်းသား။ သူတို့လို website က ဈေးပြသလိုပဲ ကိုယ်လည်း reddit က ပိုစ့်ကို ပြချင်သွားတယ်။ ဖတ်ချင်ရင် ဒီမှာ။ https://...

Torrent သုံးပြီး ရုပ်ရှင် down မယ်

ကျွန်တော် ရုပ်ရှင်တွေကို YTS ကနေပဲ download လုပ်ပါတယ်။ YTS website က အမြဲ ကျကျ သွားတတ်တော့ သူ့ရဲ့ web address က အမြဲပြောင်းနေတတ်တယ်။ YTS dot BZ ကတော့ ကျွန်တော် သိတာ နောက်ဆုံးပဲ။ ဒါက Movie တွေ အတွက်ပေါ့။ YTS website က ရုပ်ရှင် ရှာရတာ လွယ်တယ်။ Download လုပ်ရတာလည်း ရှင်းတယ်။  Anime တွေကိုတော့  https://subsplease.org/  ကနေ download လုပ်တယ်။  https://nyaa.si/  မှာလည်း anime အပြင် တရုတ်က ဇာတ်ကားတွေပါ ရှိတယ်။ တလောက NOBODY ဇာတ်ကားလေး လိုချင်လို့ လိုက်ရှာတာ nyaa မှာပဲ ရှိတယ်။ တခြား ဘယ်ဆိုဒ်မှာမှ မရှိဘူး။ One Piece ဆိုလည်း ဒီကနေပဲ complete season ကို down လိုက်တာပဲ။ အကုန် အစုံ ရောသမမွှေထားတာဆို 1377x မှာ ရှာတယ်။ ဒီကောင်လည်း web address က အမြဲ ပြောင်းနေတာဆိုတော့ ကိုယ့်ဟာကိုပဲ လိုက်ရှာကြည့်။  နောက်ဆုံး ကတော့ မူလ လက်ဟောင်း The Pirate Bay ပဲ။  ဒါတွေက torrent ဆိုဒ်တွေပါ။ Torrent site ကနေ torrent file လေး ရလာပါလိမ့်မယ်။ အဲ့ torrent file လေးကို ကိုယ့် စက်၊ ကွန်ပျူတာ၊ ဖုန်းမှာ ရှိတဲ့ torrnet client နဲ့ ဖွင့်ပြီးမှ ရုပ်ရှင်ကို download လုပ်လို့ ရမှာပါ။ Torrent Client တွ...

Youtube Vanced

 Youtube ကို premium ဝယ်သုံးရင် ကောင်းပါတယ်။ ကျွန်တော်က ဝယ်သုံးလို့ မရတဲ့နိုင်ငံမှာ နေတဲ့အတွက် alternate နည်းလမ်းကို သုံးပါတယ်။  https://vanced.to/ Youtube app ထည့်ထားပြီး ဒီကောင်ကိုပါ ထပ်ထည့်ထားလို့ ရတာ က မိုက်ပါတယ်။ ဒီကောင်က microG နဲ့ အတူတူ အလုပ်လုပ်ပါတယ်။ ဆိုတော့ Google Support မရတဲ့ တရုတ်ဖုန်းတွေ xiaomi, huawei တွေမှာဆို Youtube သုံးချင်တယ်ဆို ဒီကောင်ကိုသာ သုံး။ မိုက်စေရမယ်။  ဘာလို့ ဒီလောက်ညွှန်းနေရလဲ ဆို အကြိုက်ဆုံး အချက်က Youtube က video တွေကို screen off ပြီး ဖွင့်ထားလို့ရလို့ပါ။ နောက်ထပ် မိုက်တာက PiP mode ရပါတယ်။ (Youtube က US က လွဲလို့ တခြားနိုင်ငံတချို့ကို PiP ရအောင် တော့ လုပ်ပေးလိုက်ပါပြီ။ US မှာ ဆိုရင်တော့ ပိုက်ဆံပေးပြီး ဝယ်ရတဲ့ feature တစ်ခုပေါ့။) ပြီးတော့ Youtube ရဲ့ Dislike ခလုတ်ကို ဒီမှာ ပြန်ထည့်ပေးထားပါတယ်။ သောက်ကျင့်ယုတ်လို့ ရတာပေါ့။ ဟဲဟဲ။ သူ့ website မှာတင် တခြား YouTube alternative တွေ ရှိပါသေးတယ်။ Youtube Revanced Extended တို့ Morphe တို့ပေါ့။ Telegram Revanced လည်း ရှိတယ်။ တခြား Revanced Reddit လည်း ရှိတယ်။ ကိုယ့်ဟာကို သာ အဆင်ပြေတာ ယူလိုက်ပေါ့။

Telegram Media Downloader

 Telegram က တချို့  private channel and private group တွေမှာ download လုပ်လို့ မရအောင် လုပ်ထားလေ့ရှိပါတယ်။ (သင်တန်း group တွေရယ်၊ ရုပ်ရှင် channel တွေရယ်ပါ၊ တခြား မတွေးစေချင် :P ) အဲ့က download လုပ်မရအောင် ပိတ်ထားတဲ့ video တွေကို download လုပ်လို့ ရအောင် လုပ်တဲ့ နည်းတော့ ရှိပါတယ်။ ကျွန်တော် သုံးနေတာလည်း တစ်နှစ်လောက်ရှိပါပြီ။ သူက browser ကနေ သုံးမှပဲ ရတာပါ။ Telegram app ထဲကနေ သုံးလို့ မရပါဘူး။  အရင်ဆုံး user script manager ကို install လုပ်ရပါမယ်။ ကျွန်တော်ကတော့ Tampermonkey ကို သုံးပါမယ်။ https://www.tampermonkey.net/ ကိုယ်သုံးမယ့် browser ကို မူတည်ပြီး အောက်က link တွေကနေ တိုက်ရိုက် သွင်းလို့ ရပါတယ်။ Chrome:  Tampermonkey  or  Violentmonkey Firefox:  Greasemonkey ,  Tampermonkey , or  Violentmonkey Safari:  Tampermonkey  or  Userscripts Microsoft Edge:  Tampermonkey  or  Violentmonkey Opera:  Tampermonkey  or  Violentmonkey Maxthon:  Violentmonkey Add to Firefox ကိုနှိပ်ပြီး add ကို နှိပ်ပေးပါ။...

ခရီးသွားမှတ်တမ်းများ - မုလအိသို့

 English လိုကျ mulayit လို့ ရေးပြီး မြန်မာလိုကျ မုလအိ လို့ ရေးတယ်။ မွန် ဘာသာနဲ့  ကျတော့  ဒဵုမုဟ်လအိတ်  လို့ ရေးတယ်။  Click Wikipedia Link to read about မုလအိတောင် ခရီးစဉ် စီစဉ်တဲ့ သူတွေက မသွားခင် တစ်ရက်အလိုမှာပဲ ကားတွေ မရလို့ ခရီးစဉ်ဖျက်တယ် ပြောတာကို ကား မရလည်း ရတာနဲ့ တက်မယ် တောင်ခြေအထိပဲ ရအောင် စီစဉ်ပေးပါဆိုပြီး ပြောလို့ ခရီးက ထွက်ဖြစ်သွားတာ။  ရန်ကုန်ကနေ မော်လမြိုင်အထိ ရထားနဲ့ သွားတယ်။ Upper class ကနေ သွားရတာဆိုတော့ သက်တောင့်သက်သာပါပဲ။ ကားနဲ့ သွားတာနဲ့ ရထားနဲ့ သွားတာက ဘာကွာသလဲဆိုတော့ ဂိတ်တွေ မရှိတော့ ခဏခဏ အောက်မဆင်းရဘူး။ အာရုံမနောက်ရတော့ဘူးပေါ့။ ရထားနဲ့ သွားတာက ကားနဲ့ သွားတာထက် အချိန်တော့ ပိုပေးရတယ်။ ရထားပေါ်မှာ လက်ဖက်ရည်လေး ဝယ်သောက်လိုက်၊ ထမင်းပေါင်းလေး ဝယ်စားလိုက်၊ အိပ်လိုက် စာအုပ်ဖတ်လိုက်နဲ့ ဆိုတော့ ၈ နာရီ ကြာအောင် ရထားစီးရပေမယ့် အချိန်က ကုန်လို့ ကုန်မှန်းမသိဘူး ဖြစ်သွားတယ်။  မော်လမြိုင်ဘူတာကနေ ညအိပ်မယ့် အိမ်အထိကို Light truck နဲ့ ခရီးဆက်ရတယ်။ သင်္ကြန်တွင်းဆိုတော့ ကားပေါ်မှာ ရေ ပက်ခံရတာ၊ လွယ်အိတ်တွေနဲ့ တောင်တက်အိတ်တွေကို ရေလုံအောင် မလုပ်မိတော့ အထဲပ...

Thingyan 2026

 ဒီပိုစ့်ကတော့ personal feeling ပါ။ သင်္ကြန်မှာ ရေကစားကြတဲ့သူတွေကို ဆူကြတဲ့ သူလည်း ရှိရဲ့။ မ ကစားရဘူး လို့ ပြောတဲ့ သူလည်း ရှိရဲ့။ ထုံးစံအတိုင်းပေါ့။ ဆိုတော့ ကိုယ်မြင်တာ တွေ့တာလေး ကို နည်းနည်းတော့ ပြောချင် ရေးချင်လာလို့ ရေးဖြစ်တာပါ။ တောထဲ က ရော်ဘဲတွေလည်း မြန်မာတွေပဲ မဟုတ်လား။ မြန်မာအတာသင်္ကြန်ကို ရေကစားချင်ရှာမှာပေါ့။ သူတို့ စိတ်တွေလည်း တိုက်ပွဲတွေကြောင့် ခဏတော့ အနားယူသင့်တယ် လို့ ကိုယ်တော့ ထင်တာပဲ။ (ဟို Mad A Low တွေ သင်္ကြန်တွင်းကြီး လေယာဉ်နဲ့ လိုက် လုပ်တာကတော့ ပြောမနေနဲ့တော့။) မော်လမြိုင်ရောက်တော့ သုံးဘီးဆရာက “ဒီနှစ်သင်္ကြန် အတော်စည်တယ်၊ လူတွေ မပျော်ရတာ ၅ နှစ်ရှိပြီလေ” ဆိုပြီး ပြောတယ်။  တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနှစ် သင်္ကြန်မှာ KNU နယ်မြေထဲ ရောက်ဖြစ်သွားတယ်။ ဂိတ် တစ်ခုကို စ ရောက်တော့ “ညီလေးတို့ ရှေ့ဆက်သွားလို့ မရတော့ဘူး” လို့ လာ ပြောတယ်။ “ဘာဖြစ်လို့လဲ အကို” လို့ မေးတော့ “စတုဒီသာ အဝ စားပြီးမှ ရှေ့ဆက်သွားလို့ ရမယ် ညီလေး” တဲ့။ KNLA စစ်ဆေးရေး ဂိတ်ပါ။ DKBA ဂိတ် တစ်ခု နှစ်ခု ကိုလည်း ဖြတ်ခဲ့ရပါသေးတယ်။ ကရင် စစ်ဆေးရေး ဂိတ်တိုင်း ရေ ပက်ပါတယ်။ စည်ပိုင်းတွေချပြီးတော့ စပါယ်ရှယ် ပက်တာပါ။ ...

Local Send

 Cross platform တွေ သုံးတော့ file transfer လုပ်ရ file sharing လုပ်ရတာ ခေါင်းစားတယ်။ အခုတော့ အဲ့ ခေါင်းကိုက်တာကို ဖြေရှင်းပေးမယ့် software တစ်ခုတွေ့ထားလို့ စမ်းသုံးကြည့်လိုက်တယ်။ Platform အကုန်နီးပါးလည်း ရတယ်။ မြန်လည်းမြန်တယ်။ UI ကလည်း သုံးရတာ ရှင်းတယ်၊ minimal ဖြစ်တယ်။ အခုတော့ android to iOS,iPadOS, MacOS မှာ အဆင်ပြေပြေ သုံးလို့ ရတယ်။ window to android,iOS ကတော့ စမ်းမကြည့်ရသေးဘူး။ အဆင်ပြေမယ်လို့ ထင်ရတာပဲ။ File ပို့မယ့် device နဲ့ လက်ခံမယ့် device က wifi တစ်ခုတည်းကို ချိတ်ထားမှ ရမယ်။ Android phone ကနေ hotspot လွင့်ပြီး iPhone ကနေ အဲ့ hotspot ကို ချိတ်ထားလိုက်ရင်လည်း file share လို့ ရတယ်။ Android to iOS မှာ Android phone ကနေ ပို့တဲ့ ပုံက iOS ရဲ့ Photo ထဲ တန်းရောက်သွားတာက အဆင်ပြေတယ် ပြောရမယ်။  စမ်းကြည့်ကြဦး။ https://localsend.org/

HomePod အသံနောက်ကျခြင်း

 HomePod နဲ့ သီချင်းနားထောင်တာ ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် Homepod ကို Speaker အနေနဲ့ သုံးတယ်ပေါ့။  သီချင်းနားထောင်တဲ့ ကိစ္စမှာကျတော့ အသံက တချက်ချက် ရပ်ရပ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုပြီး လိုက်ရှာကြည့်တော့ သူက bluetooth ကို မသုံးပဲ WiFi ကနေ streaming လုပ်နေတာမို့ တဲ့။ ရုပ်ရှင်ကြည့်တော့ ပိုဆိုးသွားတယ်။ အသံက တချက်တချက် ရပ်သွားယုံတင်မကဘူး၊ အသံက နောက်ကျနေသေးတာ။ 2 sec လောက် အထိကို တခါတလေ နောက်ကျတယ်။ ရုပ်ရှင်ထဲမှာ သေနတ်က ပစ်ပြီးသွားပြီ ခဏနေမှ ဒိုင်းဒိုင်း ဆိုပြီး အသံထွက်လာတာကိုး။ အတော်ဖီးလ်ကွေးတာ။  အဲ့တာ ဘယ်လို fix ရမလဲ လိုက်ရှာတော့ Air Play နဲ့မှ ပဲ ရတယ်တဲ့။ Youtube ကြည့်တယ်ဆိုရင် တောင်မှ Safari ကနေပဲ ကြည့်။ အဲ့ကျမှ Air Play က အလုပ် လုပ်ပြန်တယ်။ Air Play နဲ့ကျတော့ အသံ နောက်ကျတာ မဖြစ်တော့ဘူး။ အဲ့တော့ HomePod က ဖုန်းနဲ့ ဖြစ်ဖြစ် iPad နဲ့ ဖြစ်ဖြစ် အဆင်ပြေတယ်။ ဒါတောင် Air Play နဲ့ပဲ ပြေမှာနော်။ MacBook နဲ့ တွဲမယ်ဆို ပြေမှာ မဟုတ်ပါဘူးလို့။

The remote for the Mi Computer Monitor Light Bar does not work

Mi Monitor Light Bar နဲ့ control knob လေး နဲ့ မချိတ်မိတော့ပဲ control လုပ်မရဖြစ်နေလို့ အင်တာနက်မှာ ရှာကြည့်တော့ သူပြောတဲ့ အတိုင်း repairလုပ်ကြည့်တယ်။ မရဘူး။ အဲ့တာနဲ့ ပြန်ပြီး Hardware reset လုပ်ကြည့်တော့ မှ ရ သွားတော့တယ်။  If the remote for the Mi Computer Monitor Light Bar does not work, please try the following troubleshooting steps to address the issue:  Try replacing the batteries with new ones to ensure that the remote has sufficient power. If the remote still doesn’t work, please turn on the light bar, and quickly press and hold the remote control knob to re-connect the devices. Please check the remote control for any damage that can affect the function of the remote control;  Dust or debris in the remote control can lead to it does not work. Please carefully clean the remote control using a small brush. Ensure that the power cable is securely connected to both the light bar and the power outlet. A loose or faulty connection will cause the remote to fail to control t...

Gemini ကို ဗေဒင်မေးကြည့်ခြင်း

  ဗေဒင်ကို ယုံတဲ့အထဲတော့ မပါဘူး။ ဒါပေမယ့် ဂြိုလ်တွေ နက္ခတွေ သွားတဲ့လာတဲ့ ပေါ်မူတည်ပြီး ဖြစ်ပျက်နေတာကိုတော့ ယုံသဗျ။ ယုံတယ်ဆိုတာကလည်း ကြုံရတာ များလာကြောင့်လည်းပါတာပေါ့။ လမ်းကြုံပြောရရင် အဖွဲ့ထဲမှာ ကျွန်တော့်ထက် ၆ ရက်စောမွေးတဲ့သူရယ် ၆ ရက််နောက်ကျပြီး မွေးတဲ့သူရယ် ရှိတယ်ဗျ။ ဘာသွားတွေ့သလဲဆို ဒီ ၂ကောင်နဲ့က တိုက်ဆိုင်တာ အတော်များတယ် လို့ ဆိုရမယ်။ ဒီကောင်တွေ အလုပ်ရပြီ ဆိုမှ ကျွန်တော်လည်း အလုပ်ရတယ်။ ဒီကောင် ၂ ကောင် အလုပ်ပြုတ်ရင် ကျွန်တော်လည်း ဘာမှ မလုပ်ပဲ အလုပ်က လူလျော့တဲ့အထဲပါပြီး ကိုယ်ပါ အလုပ်ပြုတ်တော့တာပဲ။ တခါလည်း မဟုတ်ဘူး။ အဲ့သလိုနဲ့ ယုံသွားရတာပေါ့။   Gemini ကို ဗေဒင်မေးဖို့ ကိုယ့်မွေးနေ့ မွေးတဲ့အချိန်ကို အရင်ဆုံး သိမှ ရမယ်။ အဲ့ဒီ မွေးနေ့ မွေးချိန်တွေရယ် တခြား လိုအပ်တဲ့ ဟာတွေကို ကိုစေတန် လုပ်ပေးထားတဲ့ ဆီမှာ ထည့်လိုက်။ အဲ့ကနေ မှ Gemini ဆီမှာ မေးရမယ့် prompt ကို ထုတ်ပေးလိုက်မယ်။ အဲ့ prompt ကို Gemini မှာ paste ချလိုက်ရင် ရပြီ။ မြန်မာလို ဗေဒင်ဟောစာတမ်း ထုတ်ပေးလိမ့်မယ်။  https://zartar.saturngod.net ကျွန်တော်လည်း မယုံတဝက် ယုံတဝက်နဲ့ မေးလိုက်တာပါ။ ဖြစ်ချင်တော့ ၂၀၂၅ မှာ အလုပ်မှ...

Telegram Channel အသစ်

သီချင်းတွေချည်း သိမ်းထားမိတဲ့ SD card က ရုတ်တရက်ပျက်သွားတော့ သိမ်းထား စုဆောင်းထားသမျှ သီချင်းတွေအကုန် လစ် ကုန်ရော။ အဲ့တာနဲ့ သီချင်းတွေ ကိုယ့်ဟာကို သိမ်းဖို့ လုပ်ရင်း ကိုယ့်ဆီက သီချင်းတွေကို တခြားသူတွေလည်း နားထောင်ချင်ရင် နားထောင်လို့ ရအောင် sharing is caring ဆိုပြီး Telegram channel တစ်ခု လုပ်ဖြစ်သွားတယ်။  ဒီ channel မှာတော့ Hi Res သီချင်းတွေပဲ တင်မှာပါ။ သီချင်းတွေက အင်တာနက် ရရင် ရသလို၊ ကျွန်တော် စိတ်ကူးပေါက်ရင် ပေါက်သလို၊ နည်းနည်းချင်းပဲ တင်သွားမှာပါ။ သီချင်းတွေ လိုချင်ရင် လာတောင်းလို့ ရပါတယ်။ Hi Res နဲ့ ရှာလို့ တွေ့ရင် တင်ပေးပါ့မယ်။ Format ကတော့ အကုန်လုံးနဲ့ အဆင်ပြေအောင် flac နဲ့ပဲ အများဆုံး တင်ထားပါတယ်။ Apple Lossless က ကျတော့ ကိုယ့်ဟာကို ပြန်ပြောင်းကြပါ။ ကျွန်တော်က XLD သုံးပါတယ်။ Free ဖြစ်သလို သုံးရတာလည်း ရိုးရိုးရှင်းရှင်းနဲ့ လွယ်ပါတယ်။ XLD Sourceforge Download Link ကိုယ့်လူတွေချည်း ရှိတယ်လို့ သတ်မှတ်ထားလို့ တချို့ အခွေတွေလည်း ရှိနေပါလိမ့်မယ်။ နည်းနည်းတော့ ခွင့်လွှတ်စေချင်ပါတယ်။ တချို့ အခွေတွေက မြန်မာနိုင်ငံကနေ ဝယ်လို့ မလွယ်လို့ နိုင်ငံခြားက လူတွေ ကို ဝယ်ခိုင်းပြီး Rip ပြီး တင...

လူများ၊ မှတ်ဉာဏ်များ၊ အပိုင်းအစများ

  ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့က အဆိုတော် တာရာ ဆုံးတာ ၈ နှစ်ပြည့်တဲ့ နှစ်ဆိုပြီးတော့ အဆိုတော် တာရာ အကြောင်း Garfield FM က တင်ထားတာတွေ့လို့ တာရာ သီချင်းခွေ နားထောင်တာနဲ့ ကြုံကြိုက်သွားတယ်။ အဲ့သီချင်းအခွေပေါ်မှာ နာမည် တစ်ခုရေးထားတယ်။ “လွင်လွင်ကျော်” တဲ့။ အဖေ့ သူငယ်ချင်း ကိုလွင်လွင်ကျော် ရဲ့ အခွေပဲ ဆိုတာ တန်းသိတယ်။      ကိုလွင်လွင်ကျော်က အဖေ့ထက် အသက်ငယ်တယ်။ အဖေ့ညီ ကျွန်တော့ဦးလေး အငယ်ဆုံး နဲ့မှ ရွယ်တူတွေ။ ဒါပေမယ့် အဖေက ကိုလွင်လွင်ကျော်နဲ့လည်း ဘော်ဒါလို ပေါင်းတာပဲ။ ကျွန်တော် ကိုလွင်လွင်ကျော် ကို ဘယ်မှာ စ သိတာလဲ ဆိုတော့ ကျွန်တော် ဆယ်တန်းဖြေထားတဲ့ နှစ်မှာ စာမေးပွဲဖြေပြီး ယောင်ခြောက်ဆယ် ဖြစ်နေတာနဲ့ အဖေက ကိုလွင်လွင်ကျော် ကို အိမ်ခေါ်ပြီး ဒီကောင့်ကို မင်းနဲ့ထည့်လိုက်မယ် ဒီကောင့်ကို မင်း နည်းနည်းပါးပါး သင်ပေးလိုက် ဆိုပြီး ထည့်ပေးလိုက်တာကနေ စ တာပဲ။ မနက်မိုးလင်း အိပ်ရာထပြီဆိုတာနဲ့ ကိုလွင်လွင်ကျော်က လာခေါ်တယ်။ သူနဲ့ မနက် လက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ သူတို့ စကားဝိုင်း မှာ ဘာမှ မသိပေမယ့်လည်း လိုက်နားထောင်တယ်။ ကျွန်တော်တို့မြို့မှာ New Burma ဓါတ်ပုံဆိုင် ဆိုတာ မသိတဲ့သူ မရှိဘူး။ ကိုလွင်လွင်...

ခရီးသွားမှတ်စုများ - ရုစကီး နဲ့ အင်တာနက်

ရယ်တော့ ရယ်ရသား။ အိမ်မှာ နေတုန်းက ညဘက်ဆို လက်နက်ကြီးသံတွေ ကြားနေရလို့ အိပ်မပျော်လို့ ရန်ကုန်ပြန်တော့မယ် ပြောတော့ အမေ ဆဲတာ ခံလိုက်ရတယ်။ အိမ်မှာက လက်နက်ကြီးသံပဲ ကြားရတာ အိမ်မှာ မနေပဲ ထွက်လာတော့ World War 3 အလယ်တည့်တည့်ရောက်ပြီး ယူကရိန်းက အသေခံ drone တွေ ကိုယ့်ဆီ တည့်တည့်ကြီး ပြေးဝင်လာတာလည်း ကြုံရတယ်။ (အဲ့နေ့က ကံကောင်းပြီး မသေလို့ အခု စာတွေ ဆက်ရေးနေနိုင်တာ။) တရွှီးရွှီး အသံကြားလို့ ခေါင်းပေါ် မော့ကြည့်မိတော့ missile တွေ ဟိုဘက် ဒီဘက် ဆော်နေကြတာလည်း မြင်ခဲ့ရတယ်။ Happy New Year ကို ကြိုဆိုနေပုံများ အင်မတန် ကို ပျော်စရာကောင်း ဆိုသလိုပဲ။  ပြောရင်း စကားလမ်းကြောင်းလွဲသွားလို့ ပြောချင်တာက အင်တာနက် အကြောင်း။  ရုရှား ရောက်တော့ အင်တာ နက်က လုံးဝဖြတ်ခံလိုက်ရတယ်။ ရုရှားက SIM card ကို ဝယ်သုံးတာတောင် မနက် ၁၀ ကနေ ည ၈ အထိပဲ အင်တာနက်က ကောင်းကောင်းရတယ်။ ကျန်တဲ့အချိန်တွေဆို ရုရှားရဲ့ core service တွေပဲ သုံးလို့ရတယ်၊ ဥပမာ banking လိုမျိုးနဲ့ VK လို social media တွေပေါ့။ ပိတ်ထားတဲ့အချိန်မှာတော့ vpn လည်း ချိတ်မရဘူး။ တခြား ဘာဆို ဘာမှ သုံးမရဘူး။ ဖြစ်ချင်တော့ ရုရှားမှာ အင်တာနက် စ အဖြတ်ခံလိုက်ရတဲ့နေ့က မွေးန...

Cup Warmer

 ကွန်ပျူတာရှေ့ထိုင်ရင် ရေနွေးကြမ်း အမြဲသောက်ဖြစ်တယ်။ ညဘက်တွေဆို နွားနို့ပူပူလေးတစ်ခွက်သောက်ဖြစ်တယ်။ ပြဿနာက ပူပူလေးက ပြဿနာ။ ခွက်ထဲထည့်လိုက်တာနဲ့ သိပ်မကြာဘူး အေး သွားတော့တာကိုး။ အဲ့တာနဲ့ ဘယ်လို လုပ်ရမလဲ မသိခင်မှာပဲ ကိုယ့်စိတ်ကို ဖတ်နိုင်နေတဲ့ တစ်ယောက်တည်းသောသူ ဖြစ်တဲ့ ဇူကာဘတ်ရဲ့ facebook မှာ post တက်လာပါလေရော။ အဲ့တာနဲ့ အတော်ပဲဟ ဆိုပြီး warmer လေး ဝယ်ဖြစ်သွားတယ်။ ရေနွေးကြမ်း နွေးနွေးလေး ၊ နွားနို့ ပူပူလေး သောက်ချင်ရင် ဒါလေးက မရှိမဖြစ်ပဲ။ မကောင်းတာက ဖန်ခွက်ဆို မရဘူး။ တအားထူရင် မရတာ။ ပါးရင်တော့ ရမယ်ထင်တယ်။ ဖန်ခွက် နဲ့ မသုံးတော့ သေချာတော့မသိဘူး။ သူက induction နဲ့ အပူပေးတာဆိုတော့ သံခွက်တွေနဲ့ကျ အဆင်ပြေတယ်။  ဝယ်တာကတော့ ထုံးစံအတိုင်း C4E နဲ့ Win Mobile က ဝယ်တာ ဖြစ်မယ်။ ဝယ်ထားတာ ၃ နှစ်ကျော်ပြီ။ အခုမှ စာရေးဖြစ်တာဆိုတော့ ဘယ်က ဝယ်တာလဲ မမှတ်မိတော့ဘူး။ 

အလုပ် အကြွေးများ (၂)

 Travel Blogger အမ နဲ့ အတူ ခရီးတွေသွား တောင်တွေ တက်တုန်းက ဆိုလည်း အမ က နားပြီဆိုတာနဲ့ laptop လေးဖွင့် စာရေးတော့တာပဲ။ သူ့ blog တွေ အောင်မြင်တာလည်း မပြောနဲ့။ စာ အရေးအသားကလည်း ကောင်း၊ ဇွဲကလည်း ရှိတာမှ လွန်ရောပဲကိုး။ သူ့ကို အားကျပြီး တောင်တက်တဲ့ ခရီးတွေ အကြောင်းစာရေးမယ် လုပ်နေတာ ဘယ်လိုမှ အထ မမြောက်ဘူးဖြစ်နေတယ်။ ခရီး က ပြန်ရောက်ရောက်ချင်း ရေးနိုင်မှ အဆင်ပြေနိုင်မှာ။ မဟုတ်ရင် မမှတ်မိတော့ဘူး။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တစ်နှစ်ကို တောင် ၃ လုံးလောက်တော့ အနည်းဆုံး တက်ဖြစ်ခဲ့ပေမယ့် စာ တစ်ပုဒ်မှ မရေးဖြစ်ခဲ့ဘူး။  Travel blogger တွေကိုတော့ ရေးနိုင်လို့ လေးစားတယ်။ နောက်နှစ်ထဲတော့ တောင်တက်ခရီးစဉ်တွေ အကြောင်း ရေးနိုင်အောင် ကြိုးစားရဦးမယ်။ ခရီးသွားတဲ့ ဓါတ်ပုံတွေကို ပြန် ရှာ ရတာလည်း အလုပ် က ရှုပ်တာကိုး။ ဒီစာရေးနေရင်း စစ်ကိုင်းငလျင်တုန်းက တစ်လကျော် ခရီးထွက်ထားတဲ့ ပုံတွေပြန်လိုက်ရှာတာကို ဘယ်နားထားမိမှန်းမသိတော့လို့ ရှာရတာ မူးနောက်နေတာပဲ။ ကမ္ဘာကြီးက ရွာကြီးဖြစ်နေတာကြာပါပြီ။ Elon ရဲ့ ဈေးကွက်က ကြောက်စရာကောင်းအောင် အောင်မြင်တယ်။ အခုဆို လေယာဥ်ပေါ်မှာတောင် High Speed Internet ကို အလကား သုံးလို့ရနေပြီ။ Star...

Bearing များ အကြောင်း

Bearing ဆိုတာဟာ စက်ပစ္စည်းအစိတ်အပိုင်းတွေ လှုပ်ရှားလည်ပတ်တဲ့အခါ၊ အချင်းချင်း ထိစပ်နေတဲ့ မျက်နှာပြင်နှစ်ခုကြားက ပွတ်တိုက်မှု (Friction) ကို လျှော့ချပေးဖို့အတွက် အသုံးပြုရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စက်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို လွယ်ကူချောမွေ့စေဖို့ ကူညီပေးပြီး စွမ်းအင်ဆုံးရှုံးမှုကိုလည်း လျော့ချပေးပါတယ်။ စက်တွေ အလုပ်လုပ်တဲ့အခါ မျက်နှာပြင်တွေ ပွတ်တိုက်ရာကနေ မျက်နှာပြင်တွေဟာ တဖြည်းဖြည်း စားသွားပြီး ပျက်စီးတတ်ပါတယ်။  Bearing တွေက ဒီလိုပွတ်စားမှုတွေကို လျှော့ချပေးဖို့အတွက် အသုံးပြုရတာပါ။ Bearing တွေမှာ အခြေခံအားဖြင့် အတွင်းမှာ အလုံးလေးတွေ (Balls) ဒါမှမဟုတ် ဒလိမ့်ပုံလေးတွေ (Rollers) ထည့်သွင်းထားပါတယ်။ မျက်နှာပြင်နှစ်ခုအကြား ပွတ်တိုက်အားကို ထိုအလုံးလေးတွေ (သို့) ဒလိမ့်လေးတွေကို လှိမ့် (Rolling) သွားစေခြင်းအားဖြင့် အားကို လွှဲပြောင်းယူပြီး ပွတ်တိုက်အားကို လျှော့ချပေးတာ ဖြစ်ပါတယ်။ Bearing တစ်ခုအပေါ် သက်ရောက်နိုင်တဲ့ အားတွေမှာ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။  လည်ပတ်နေတဲ့ ဝင်ရိုးရဲ့ လည်ပတ်မှုအတိုင်း တန်ပြန်သက်ရောက်တာကို Radial Load လို့ခေါ်ပါတယ်။ Thrust Load ခေါ် A...

iPhone ထဲ သီချင်းထည့်နည်း

 ကျွန်တော်က အခုထိ iTune ကို မသုံးဘူး။ ကိုယ်က Pirated ရထားတဲ့ သီချင်းတွေ နဲ့ ကိုယ်ပိုင် CD ကနေ ripped လုပ်ထားတဲ့ သီချင်းတွေကိုပဲ ထည့်တာများတာကိုး။ နောက်ပြီး laptop က 128GB နဲ့ ဆို iTune က sync လုပ်ရင် storage က လောက်မှာကို မဟုတ်တော့ဘူး။ အဲ့တာနဲ့ပဲ ဟိုးအရင်ကတည်းကနေ အခုထိ 3u Tool ကို ပဲ သုံးနေတော့တာ။  လိုတိုရှင်း ရေးရရင် အရင်ဆုံး သီချင်း file တွေ ကို အင်တာနက်ကနေ ရှာတယ်ပေါ့။ Hi Res တွေလိုချင်တယ်ဆိုတော့ Tidal ကနေပဲ download လုပ်တယ်။ Tidal Link ကို Telegram bot ကနေ download လုပ်တယ်။ ရလာတဲ့ file ကို XLD နဲ့ Apple Looseless AAC ပြောင်းတယ်။ Metadata ကို mp3tag နဲ့ ပြင်တယ်။ ပြီးရင် 3uTool နဲ့ iPhone ထဲ ထည့်တယ်။  အသေးစိတ်ကိုတော့ နောက် အားမှ ပဲ ရေးတော့မယ်။ ဒါက မေ့မှာစိုးလို့ ချရေးထားလိုက်တာ။ XLD Download Link mp3tag Download Link  3uTool Download Link

Redmi Bud 6 pro

 လက်ရှိသုံးနေတဲ့ redmi bud 3 pro ကလည်း ဝယ်ကတည်းက review ရေးမယ် ရေးမယ်နဲ့ မရေးလိုက်ရဘူး။ အခု bud 3 pro ကနေ bud 6 pro ကို upgrade လုပ်တော့ မရေးပဲ နေရင် အကြွေးက ၂ ခု ထပ် သွားပြီ။ အဲ့တာနဲ့ပဲ အတင်းကိုယ့်ဟာကို တွန်းပြီး ရေးရတော့တာပဲ။ အရင် သုံးနေတဲ့ bud 3 pro က ၄ နှစ်ကျော် ၅ နှစ် နီးပါး အသုံးခံတယ်။ အသစ်သာလဲ လိုက်ရတာ ပျက်လို့ လဲလိုက်ရတာ မဟုတ်ဘူး။ battery က သက်တမ်းကြာလာတော့ ၁၅ မိနစ်လောက်ပဲ ခံတော့ သုံးလို့ အဆင်မပြေတော့လို့ လဲ လိုက်ရတာ။ ကျန်တဲ့ ဟာ က အကုန် ကောင်းတယ်။ Noice Cancellation လည်း အတော် ကောင်းတယ်။ အကြိုက်ဆုံးက device ၂ ခု ပြိုင်တူချိတ်ပြီး သုံးလို့ရတာပဲ။ ဝယ်တုန်းက ၈ သောင်း ကျော်ကျော်ပေးဝယ်ခဲ့ရတယ်။ မန္တလေး sweetconnect ကနေပဲ ဝယ်ဖြစ်ခဲ့တာ။ bud 3 ကို device ၂ ခု ချိတ်လို့ရတာရယ် wireless charging ရတာရယ် NC ကောင်းတာရယ်ကြောင့် ဝယ်ခဲ့တာ။ bud 3 မှာ မကောင်းတာဆိုလို့ Xiaomi ဖုန်းနဲ့မှပဲ battery ပြတာ တစ်ခုပဲ။ Bud 4 က စ ပြီး နားကြပ်တွေအတွက် သီးသန့် app တစ်ခု xiaomi က ထုတ်ပေးလိုက်ပြီ။  TWS ဝယ်ဖို့ လိုက်ရှာတဲ့ အခါမှာ Redmi bud 6 နဲ့ redmi bud 6 pro ကို တွေ့တယ်။ bud 6 က ကျွန်တော် ဝယ်ဖို့ လုပ်တ...

Back to Analog

ကျွန်တော်တို့မှာ Youtube ရှိတယ်၊ Spotify ရှိတယ်။ အဲ့ကနေ တစ်ကမ္ဘာလုံးက သီချင်းတွေနားထောင်လို့ရတယ်။ သီချင်းတွေနားထောင်ရင်း AI က recommand လုပ်ပေးတဲ့ တခြား playlist တွေ သီချင်းတွေပါနားထောင်လို့ရတယ်။ အဲ့တာနဲ့ပဲ အဲ့ထဲက ရုန်းမထွက်နိုင်ဖြစ်ကုန်ကြရော။ ဖုန်းစွဲတယ် Youtube စွဲတယ်ဖြစ်ကုန်ကြတယ်ပေါ့။ သူတို့ရဲ့ အဓိက ရည်မှန်းချက်ကလည်း အဲ့တာပဲ မဟုတ်လား။ သူတို့ရဲ့ AI ကနေ algorithm တွေထုတ်ပြီး လူတွေကို ဒီထဲက မထွက်အောင် ဒီသီချင်းလေး နားထောင်မိရင် ဒါလေးပါ နားထောင်ကြည့်ပါ့လား ဆိုပြီး ထပ်ထပ်ပြရင်း လူတွေက ဒီထဲကနေ မထွက်နိုင်အောင် ဖြစ်ကုန်ကြတော့တာပဲ။  ဒီနှစ်ထဲ ဓါတ်ပြားတွေ ကက်ဆက်ခွေတွေ ပြန် နားထောင်ဖြစ်တယ်။Analog ဘက်ကို ပြန်လှည့်ဖြစ်တာပေါ့။  အိမ်ပြန်တော့ အဖေ့ရဲ့ walkman လေး နဲ့ ကက်ဆက်ခွေတချို့ ယူလာပြီး ကက်ဆက်နဲ့ သီချင်းတွေ နားထောင်ဖြစ်တယ်။ ကက်ဆက်နဲ့ ဓါတ်ပြား နားထောင်တော့ ရွေးချယ်စရာ သီချင်းက လက်တစ်ဆုပ်စာပဲရှိတော့တယ်။ ကျွန်တော့်ဆီမှာဆို လောလောဆယ် ကက်ဆက်အခွေ ၁၀ ခွေပဲ ရှိသေးတယ်။ အိမ်ကနေတော့ ထပ်ပို့ပေးဖို့ ပြောထားတုန်း။ ဘာဖြစ်သလဲဆိုတော့ အဲ့ ၁၀ ခွေပဲ ပတ်နားထောင်ဖြစ်တယ်။ ရွေးစရာများများစားစား မရှိတဲ့အတွ...