X3, X4 custom firmware with ePub Myanmar font support ဆိုတဲ့အတိုင်းပါပဲ။ epub တွေမှာ မြန်မာ font သီးသန့် ထပ်ထည့်စရာမလိုပဲ xtc format ပြောင်းစရာမလိုပဲ epub ထည့်လိုက်တာနဲ့ တန်းဖတ်လို့ ရပါတယ်။ မဟုတ်ရင် xtc format ကို ပြောင်းနေရတာ အလုပ် ပို ရှုပ်ပါတယ်။
မူရင်းကတော့
https://github.com/bhonemyinthtoo999-pixel/CrossInk-Myanmar-Edition/tags
ကနေ fork ထားတာပါ။ သူ့ firmware ကို သုံးလည်း ရပါတယ်။ သူ့ဟာက 1.4.0 ဆိုတော့ ပိုသွက်မယ်။
သူ့ 1.4.0 က မြန်မာစာ ကို merge လုပ်ပြီး 1.6.1 ကို ကျွန်တော် ထပ် release လုပ်ထားပါတယ်။
https://github.com/HtetWaiAung/CrossInk/releases/tag/crossink_myanmar
X3 နဲ့ X4 မှာ အလုပ် လုပ်ပါတယ်။
Firmware file size က limit ရှိနေတာမို့ UI language က Myanmar နဲ့ English ပဲ ပါပါမယ်။
Firmware flash ပြီးရင် SD card ထဲက .crossink folder ကို delete လုပ်ပေးဖို့ လိုပါတယ်။ zip file ထဲမှာ firmware.bin file အပြင် assets folder ပါ ပါတယ်။ အဲ့ folder ကို sd card ထဲ ထည့်ပေးဖို့လည်း လိုပါတယ်။
Comments
Post a Comment