စက်ဘီးစီး အင်္ကျီ ဘောင်းဘီတွေကို ဒီမှာ ဝယ်ရတာ ဘယ်လိုမှ စိတ်ကြိုက်မတွေ့ဘူး။ အင်္ကျီ တွေက ဘေထုတ်ထဲက ဟာတွေဆို တစ်သောင်းခွဲ နှစ်သောင်း က စ တယ်။ အသစ်ဆို ၆ သောင်း က စတယ်။ အသစ် ၆ သောင်းတန်တွေကျတော့လည်း ဒီဇိုင်းတွေက ကိုယ့်စိတ်ကြိုက် ဖြစ်မနေဘူး။ ကြောင်တောင်တောင် ဒီဇိုင်းတွေ များတယ်။ ကိုယ်ကပဲ ဇီဇာကြောင်တယ် ဆိုပါတော့။
ဘောင်းဘီလည်း အဲ့သလိုပဲ။ ပိုဆိုးတာက ဘောင်းဘီ second တွေက သူများဝတ်ပြီးသား ဖြစ်တော့ elastic ဆွဲသားတွေက မကျန်တော့တာတွေ ဖြစ်တတ်တယ်။ အဆိုးဆုံးက စက်ဘီး ဘောင်းဘီတွေက အထဲမှာ ဖော့ (foam pad )နဲ့ ဆိုတော့ အဲ့ဖော့ က ကျန်းမာရေး ရှု့ထောင့်က ကြည့်ရင် ဘယ်လိုမှ သူများဝတ်ပြီးသား ကို မဝတ်သင့်ဘူး။ ကျွန်တော့် personal အကြိုက်မှာ ကကျတော့ အသားကပ် ဘောင်းဘီတွေကို ဘယ်လိုမှ မကြိုက်ဘူး။ ဗိုက်ကလည်း ပူနေတာ အပြင် ပေါင်ကြားမှာလည်း ဖောင်းထွက်နေတာကြီးကို ကိုယ့်ဟာကိုမြင်ရ ကြည့်ရတာ စိတ်မချမ်းသာဘူး။ ကိုယ်က ပြိုင်ပွဲ မှာ မို့ wind resistance မရှိအောင် ဝတ်ရမယ် ဆိုရင်တော့ တမျိုးပေါ့။ ခုလို daily ride အတွက်ကတော့ အသားကပ် အင်္ကျီ ဘောင်းဘီ မလိုဘူး ထင်တာပဲ။
အဲ့တော့ ကျွန်တော် စက်ဘီးစီးတော့ ဘောလုံး အင်္ကျီ ဘောင်းဘီ နဲ့ပဲ ဖြစ်နေတော့တယ်။
တလောကမှ decalthon website ထဲ ဝင်မွှေရင်း စက်ဘီးစီး အင်္ကျီရော ဘောင်းဘီရော ကိုယ့်စိတ်ကြိုက်တွေ့တာနဲ့ ဝယ်ဖြစ်တယ်။
ရန်ကုန်မှာ ရောင်းတာ ဝယ်ရတာနဲ့ decalthon က ဝယ်ရတာ ဘာကွာသလဲဆို spec တွေ features တွေ ဖတ်ရတာ ကွာပါမယ်။ websites မှာ ကျ ဒီ ပစ္စည်းက ဘာ အတွက် ဘာ features တွေ ထည့်ထားတယ် ဆိုပြီး အမြဲရေးထားတော့ ကိုယ်လိုချင်တာ ကွက်တိ ဟုတ်မဟုတ် တန်းသိရပါတယ်။
အင်္ကျီ က အပွ ဆိုတော့ ဗိုက်ပူနေတာ လူမသိတော့ဘူးပေါ့ ဟဲဟဲ။ စက်ဘီးစီးဖို့ အထူးထုတ်ထားတာ ဆိုတော့ air flow လည်း ဖြစ်အောင် လုပ်ထားတယ်။ ချွေးစုပ်ယူအားလည်း ကောင်းတယ်၊ နေရောင်ခြည်လည်း ကာကွယ်ပေးတယ်။ ဘောင်းဘီက အတွင်းဆုံးမှာ foam pad ပါတယ်။ အတွင်းမှာ အပြေးဘောင်းဘီလို တစ်ထပ် ပါတယ်။ အပြင်အသားက အပေအတေ အကြမ်းခံတဲ့ အသား နဲ့ လုပ်ပေးထားပြီး အကျပ် မဟုတ်နေဘူး။
ဘောင်းဘီကတော့ 550 baht ဆိုတော့ ကျွန်တော် ဝယ်တုန်းက exchange rate အရ 550*135 = 74,250 ကျပ် ကျမယ်။
အင်္ကျီက baht 450*135=60,750 ကျပ် ကျတယ်။
လမ်းကြုံ အနေနဲ့ ပြောရရင် BKK က ပစ္စည်း တွေ ကို အဝယ်တော်တွေနဲ့မှာရင် 10~ 15 % အထိ အဝယ်တော် တွေကို ပေးရတယ်။ ပြီးတော့ cargo ခ က ကိုယ့်ဘာသာ ထပ်ပေးရတယ်။ air cargo ခ က 1 kg ကို baht 350 လောက် ကျမယ်။
တခြား အဝယ်တော်တွေထက် ဈေးသက်သာဖို့ BKK ကနေ ပစ္စည်းမှာတာ Authentic Corner Page ကနေ မှာပါရပါတယ်။ ဘဲဥ က လွှတ်လိုက်တာ လို့ ပြောရင်တော့ အရင် အကြွေးတွေပါ ပေါင်းပြီး တောင်းပါလိမ့်မယ်။
Comments
Post a Comment