Blog မှာ စာရေးတာတွေကို တိုက်ရိုက် မရေးနိုင်ပါဘူး။ အင်တာနက် မရတဲ့ ဒေသမှာနေရတဲ့သူဖြစ်နေတာရယ်၊ chromium ရဲ့ မြန်မာစာ ပြဿနာရယ်နဲ့ တခါတည်း မရေးဖြစ်ပဲ ဖုန်းထဲက notepad လေးထဲမှာ အရင်ရေး၊ ပြီးမှ blogger မှာ လာပြီး paste လုပ်ရတာပေါ့။ အဲ့မှာ ဘာပြဿနာ ကြုံရသလဲဆိုတော့ formatting တွေ မတူတာပေါ့။ notepad ထဲက စာကို ဒီမှာ paste လိုက်တဲ့ အခါမှာ font သေးသွားတာတွေ၊ စာလုံးတွေ တအားကပ်သွားတာတွေ၊ font style ပြောင်းသွားတာတွေ နဲ့ ကြုံရပါလေရော။ အဲ့တာနဲ့ ဘယ်လို လုပ်ရပါ့ ဆိုပြီး လိုက်ရှာကြည့်တော့ ဒီ software ကို သွားတွေ့တယ်။ ဒီကောင် လုပ်ပေးတာ ရှင်းရှင်းလေးပဲ။ Copy ကူးလိုက်တဲ့ text တွေရဲ့ formatting တွေ ဖျက်ချပစ်ပြီး text only ပဲ ဖြစ်အောင် လုပ်ပေးတယ်။ ကျွန်တော် လိုချင်တာလည်း ဒါပဲ ဆိုတော့ ဒီကောင်လေးကို ဆက်သုံးဖြစ်နေတယ်။ ကျွန်တော့်လို လိုအပ်တဲ့သူတွေများ ရှိမလားဆိုပြီး လာပြီး sharing လုပ်တာပါ။
Remove all kinds of formatting from your copied text, instantly and automatically before you paste them out.
With one click, you can clear your copied text of all formatting, including font, size, color, and hyperlink, or simply leave the automatic option on, and all text you copied from the website, PDF, documents, etc. will be converted and processed to plain text automatically the moment you copy them. It’s easy to switch on and off, too!
Comments
Post a Comment