Skip to main content

iPhone Secondhand ဝယ်မယ်ဆိုရင်

 မဝယ်တာကတော့ အကောင်းဆုံးပေါ့။ ဝယ်ရင် အသစ်သာဝယ်။ အသစ်နဲ့ secondhand နဲ့ ခွဲရတာကလည်း iPhone က လွယ်တယ်။ IMEI ဒါမှမဟုတ် serial number ကို apple website မှာ ရိုက်ထည့်လိုက်တာနဲ့ အသစ်လား အဟောင်းလား တန်းသိတယ်။ Phone ထည့်တဲ့ ဘူးအခွံပေါ်က serial number ကို ဒီ website မှာ ရိုက်ထည့်ယုံနဲ့ ကြည့်လို့ရတယ်။

Check Your iPhone


အဟောင်းဝယ်ရင် ကြုံရမှာတွေကတော့ အများကြီးပဲ။ ကျွန်တော် လက်လှမ်းမီသလောက်တော့ ပြောပြမယ်။ 

ရောင်းတဲ့သူကို Display  လဲ ထား မထား အရင်မေးကြည့်ရမယ်။  လဲထားရင် Face ID မရတာ ဖြစ်တတ်တယ်။ True Tone မရတာ ဖြစ်တတ်တယ်။ Apple Authorized မှာ လဲရင်တော့ အဲ့ error တွေ မရှိဘူး။ ခုနောက်ပိုင်း အပြင်က ဆိုင်တွေမှာပါ Face ID ရော True Tone ရော ရအောင် လုပ်လို့ရနေပြီ။ ဒါပေမယ့် အဲ့ စက်တွေက ဖုန်းပြင်တဲ့ ဆိုင်တိုင်းမှာ မရှိဘူး။




ဒီဟာက Display လဲထားပြီး True Tone အလုပ် မလုပ်တော့တာ။

ဒါက Original Display မှာ ပါတဲ့ True Tone

နောက်တခုက Face ID ပြဿနာ။ သူကလည်း Depth camera ထဲ ရေဝင်တာ ဖြစ်ဖြစ်၊ Display လဲလိုက်တာ ဖြစ်ဖြစ် ဆို ပျက်တာပဲ။ Depth camera လဲရင်လဲ မဟုတ်ရင် original Display ကို apple authorized service ဆိုင်မှာ လဲ မှပဲ ရမယ်။ 


နောက်ထပ် စစ်ရမှာက Apple ID ရှင်းလား မရှင်းလား စစ်ရမယ်။ ပိုင်ရှင်ကိုယ်တိုင် ရောင်းတာ တွေကတော့ log out ထားတာ ဖြစ်လို့ အဆင်ပြေပေမယ့် ခိုးလုံး လို့ ခေါ်တဲ့ သူခိုးတွေ ဆီက ဖုန်းတွေကျတော့ မူလပိုင်ရှင်က lost mode ဖွင့်ထားလို့ ရှိရင် ဖုန်းက အင်တာနက် ချိတ်လိုက်တာနဲ့ lost mode က ပွင့်နေတော့မှာ။ Lost mode က bypass လုပ်လို့ ရတာ တွေရှိတယ်။ ဖြုတ်လို့ ရတာတွေ ရှိတယ်။ ဖုန်းဆားဗစ်သမားတွေ ဆီမှာ ကျော်နည်း ခွနည်း ပေါင်းစုံ ရှိတယ်။ အဲ့လို ကျော်ခွ ထားတဲ့ အလုံးတွေမှာ ဘာပြဿနာရှိလဲ ဆိုရင် OS update လုပ်လို့ မရဘူး။ version မြင့်လိုက်တာနဲ့ Lost mode က ပြန်ပွင့်သွားပြန်ရော။ ဒါမှမဟုတ် ဖုန်း ဆားဗစ်ဆရာတွေက OS update လုပ်လို့ မရအောင် တခါတည်း လုပ်ထားတာတွေလည်း ရှိတယ်။ အဲ့ဖုန်းတွေက version မြင့်လို့ မရဘူးပေါ့။ 





Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter