Skip to main content

When I buy a mobile phone

 ပိစိသေးသေးကွေးကွေးလေးတွေ ကြိုက်တတ်တဲ့ ကျွန်တော့်အတွက် ဒီဘက်ခေတ်မှာ ဖုန်းဝယ်ရတာ အတော် အကြံအိုက်တယ်။ ဖုန််းအကုန်လုံးက ၆ လက်မ screen တွေနဲ့ ဆိုတော့ ၅ လက်မ ဝန်းကျန် ဖုန်းလိုက်ရှာရတာ အတော် ခက်တယ်။ ခုတော့ iPhone 12 mini နဲ့ Google Pixel 5 ကိုပဲ ရွေးရတော့မယ်။ (ကိုယ်လိုချင်တာ ပြောပါတယ်။ ) iPhone 12 mini ကတော့ ကျွန်တော်လိုချင်တဲ့ screen size ကွက်တိပဲ။ ခက်တာက Android hardcore fan ဖြစ်နေတာပဲ။ Android ကို android version 1.6 ကတည်းက သုံးခဲ့တာ ခုဆို android version 11 ကို သုံးနေပြီ။ iPhone ကို နောက်ဆုံးသုံးခဲ့တာ iPhone 3GS နဲ့ iPhone 7 + ပဲ။ အဲ့နောက်ထွက်တာဆိုလို့ iPhone X ကို ခဏတော့ကိုင်လိုက်သေးတယ်။ iPhone X က လည်း ကျွန်တော်ကြိုက်တဲ့ အထဲ ပါတယ်။ အဲ့တုန်းက ဘိုင်ကျနေလို့ မဝယ်နိုင်ခဲ့တာ။ iPhone ဆိုတဲ့ အမျိုးက ထွက်သမျှ ဝယ်ရင် မွဲကိန်းဗျ။ ထားပါတော့ဗျာ။ အဲ့တုန်းက macOS လည်း မသုံးခဲ့ဘူး ဆိုတော့ ကလိချင်တိုင်း ကလိလို့ ကောင်းတာ Android ဖြစ်နေတာကိုး။


မကောင်းတာကို ဝန်ခံရမှာက Android က OS update ကို ၃ နှစ်ပဲ ပေးပေမယ့် iOS က ၅ နှစ်အထိပေးတယ်။ ဖုန်း release လုပ်တဲ့ နှစ်ကစပြီး နောက်ထပ် သတ်မှတ်ပေးတဲ့ နှစ်အထိ software update ရမယ်လို့ ဆိုလိုတာပေါ့ဗျာ။ အဲ့တာတော့ Android ကို အားမရပေမယ့် ကျွန်တော်က အစကတည်းက andoird မှာ OEM က ပေးတဲ့ rom ကို မသုံးတာဆိုတော့ ဂရုမစိုက်ခဲ့ဘူး။ ခုနောက်ပိုင်းကျတော့ ဖုန်းဈေးနှုန်းတွေကလည်း ကြီးလာတော့ custom rom development တွေလည်း အားနည်းလာတယ်။ ခုတောင် Android 11 ထွက်တာကို တော်တော်ကြာမှ custom rom တွေ ရတယ်။ ဒါကလည်း OEM ရဲ့ kernel source code release လုပ်တာ နောက်ကျလို့ လည်းပါပါတယ်။ 


အရင်ဆုံးက Display ကို ကြည့်တယ်။ LED display ကို သုံးပြီးသွားရင် LCD screen ကို ဘယ်လိုမှ မခံစားတတ်တော့ဘူး။ LED screen ရဲ့ ကာလာနဲ့ power saving လုပ်တဲ့ဟာက LCD က ယှဉ်လို့ မရဘူး။ အဲ့တာကိုမှ Android ရဲ့ smart pixel feature နဲ့ LED နဲ့ တွဲသုံးလိုက်တော့ ပိုပြီး power saving ဖြစ်တာပေါ့။ 


အရင်တုန်းကတော့ ဖုန်းဝယ်ရင် SoC ကို ကြည့်တယ် ဆိုပေမယ့် SD 465 သုံးထားတဲ့ Xiaomi Redmi 4X နဲ့ လက်ရှိ SD 700 သုံးတဲ့ Mi 9 Lite ကို သုံးပြီးတဲ့နောက်မှာတော့ SoC က flagship ဖြစ်စရာ မလိုဘူး ဆိုတာ သိလာတယ်။ ကျွန်တော်က game သိပ်မဆော့လို့လား မသိဘူး။ ကျွန်တော့်အတွက် SD 8XX တွေ မလိုဘူး ဆိုတာ သိလာတယ်။ အရင်ကတော့ SD ရဲ့ flagship SoC တွေပဲ ရွေးဝယ်ခဲ့သေးတယ်။ ခုနောက်ပိုင်းမှ မကိုင်တော့တာ။ 


ကျွန်တော်ဖုန်းဝယ်တော့မယ်ဆို မကြည့်မဖြစ်ကြည့်တာက NFC လည်းပါတယ်။ Apple phone တွေမှာ NFC က ပါပေမယ့် Apple Pay အတွက်ပဲ သုံးလို့ရတယ်။ ကျန်တဲ့ 3rd party app တွေမှာ သုံးလို့ မရဘူး။ ကျွန်တော်ကျတော့ ကျွန်တော့်ရဲ့ ကင်မရာ ၂ လုံးက NFC နဲ့ ချိတ်ရတာ ဆိုတော့ NFC က မရှိမဖြစ်လို့ ပြောလို့ရတယ်။ 


ဖုန်းကင်မရာကတော့ အကောင်းကြီး မဟုတ်တောင် တော်ရုံသင့်ယုံလောက်ကောင်းရင်ရပြီ။ ခုဆို modded Gcam သုံးနေတော့ အတော်အဆင်ပြေတယ်။ Gcam ဆိုတာ က Google Pixel မှာ ပါတဲ့ ကင်မရာ app ကို ကျန်တဲ့ android ဖုန်းတွေမှာ သုံးလို့ ရအောင် လုပ်ထားတဲ့ဟာ။ ကာလာထွက်တာ ပိုကောင်းတယ်။ Tuning လုပ်နိုင်ရင် လုပ်နိုင်သလောက် ကောင်းတယ်။ 


ပြီးရင် port တွေ။ နားကြပ်ပေါက် 3.5mm jack ပေါက်ပါမှ ဖြစ်မှာ။ သီချင်းနားထောင်ဖို့က အဲ့ကောင်က အရေးအကြီးဆုံးပဲ။ နားကြပ်တွေ မှာ တကယ်ကောင်းတဲ့ နားကြပ်တွေက 3.5mm jack နဲ့ပဲ ထွက်တယ်။ အဲ့တာက universal ကိုးဗျ။ ပြီးတော့ charging and data port ဖြစ်တဲ့ Type-C က လည်း မရှိမဖြစ်။ Apple ကို အမြင်ကပ်တာက MacBook တွေရော iPad တွေရောမှာ Type-C ဖြစ်ပြီးတော့ iPhone မှာ ခုထိ Type-C မထည့်ပေးသေးတာပဲ။ Type-C ဖြစ်သွားတာ ဘာကောင်းလဲဆိုတာ iPhone fan တွေ က မသုံးဘူးသေးလို့ မသိတာဗျ။ တော်တော်လေးကို အဆင်ပြေသွားတာ။ charging cable တကူးတက ရှာစရာမလိုတော့ဘူး။ ကျွန်တော် Type-C charger post ရေးထားတာ ဖတ်ကြည့်ရင်သိသွားလိမ့်မယ်။ ကျွန်တော်က Type-C ကို migrate လုပ်နေတာဆိုတော့ Type-C port က ကျွန်တော့်အတွက် မရှိမဖြစ်လို ကို ဖြစ်နေတာ။ iPhone 12 ကို ကြိုက်နေပေမယ့် Type-C မဟုတ်ဘူးဆိုတာကြီးက ကျွန်တော့်အတွက် အတော်ကို အဆင်မပြေတာ။ 


နောက်ဆုံး ပြဿနာက smart home ပဲ။ ကျွန်တော်က အိမ်ပိုင် ယာပိုင် သာ မရှိတာ smart home က လုပ်ချင်နေတာ ကြာပြီ။ ခုနောက်ပိုင်း xiaomi က IoT တွေ smart devices တွေ ဝယ်ပြီး smart home လုပ်ထားတာ တော်တော် အဆင်ပြေတယ်။ Apple က siri enable smart home devices တွေက ဈေးကြီး လွန်းတယ်။ xiaomi smart home ကျတော့ voice command က တရုတ်လို ပြောမှပဲ ရတယ်။ Android နဲ့ compatible ဖြစ်တဲ့ smart devices တွေက ဈေးသက်သာတယ် ဝယ်ရလွယ်တယ် ရွေးစရာပေါတယ်။ ဖုန်းဝယ်ဖို့ကိုပဲ smart home အတွက် စဉ်းစားနေရတာတော့ မဟုတ်သေးဘူး။ 


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...