Skip to main content

အင်တာနက် ဆောင်ရန် ရှောင်ရန်

ဒီအချိန်မှာ အင်တာနက် လိုင်းတွေကလည်း speed နည်းနေပါတယ်။ ရတဲ့အင်တာနက်ကိုလည်း VPN ခံပြီးသုံးရတော့ မရှိ ရှိတဲ့ speed ကနေ ပိုကျသွားပါလိမ့်မယ်။ အဲ့အတွက် ဖုန်းထဲမှာ မလိုတဲ့ app တွေကို uninstall ထားတာ ဖြစ်ဖြစ် network access ပိတ်ထားတာဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။ ကျွန်တော့်ဖုန်းဆို app တွေများနေပေမယ့် data connection ကို messenger နဲ့ email ၂ ခုပဲ access ပေးထားပါတယ်။ Google play store အပါအဝင် တခြား မသုံးတဲ့ app တွေကို network access ပိတ်ထားလိုက်တာ အတော်လေး အဆင်ပြေပါတယ်။
ရှိတဲ့အင်တာနက်လေးကို messenger , FB, ig နဲ့တခြား social media app တွေက အကုန်ဝိုင်းဆွဲနေရင် ဘယ်ဟာမှ ကောင်းကောင်းအလုပ်မလုပ်တော့ပဲ ဖြစ်တတ်ပါတယ်။ မလိုတဲ့ app တွေ uninstall လိုက်ပြီး အရေးကြီးတဲ့ app တစ်ခုတည်းကိုပဲ install လုပ်ထားခြင်းက အင်တာနက်ကို ပုံမှန်ထက် အဆင်ပြေအောင် သုံးနိုင်ပါလိမ့်မယ်။
ပြီးရင် messenger ကို ပုံမှန် messenger ထက် messenger lite ကို သုံးစေချင်တယ်။ (Android only ပါ) သူက network usage နည်းသလို speed နှေးတဲ့ network တွေမှာပါ ချောချောမွေ့မွေ့ အလုပ်လုပ်ပါတယ်။ messenger ရဲ့ အဓိက အလုပ်ဖြစ်တဲ့ စာပို့တာ ဖုန်းခေါ်တာ တွေ ပဲ လုပ်လို့ရပါတယ်။ my day သုံးလို့မရပါဘူး။ reply မရပါဘူး။ 
VPN သုံးတဲ့အခါမှာလည်း whitelist လုပ်ပြီး သုံးသင့်ပါတယ်။ VPN က FB နဲ့ messenger အတွက် သုံးရတာပါ။ အဲ့တော့ ကိုယ်သုံးတဲ့ VPN app မှာ FB နဲ့ messenger ၂ ခုကိုပဲ VPN ပေးဖြတ်တာ က လိုင်းပိုကောင်းသွားပါလိမ့်မယ်။ မဟုတ်ရင် ရှိသမျှ app အကုန် VPN ဖြတ်ရင် ဘာမှ သုံးစားမရအောင် နှေးသွားပါလိမ့်မယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter