အင်တာနက် ဆောင်ရန် ရှောင်ရန်

ဒီအချိန်မှာ အင်တာနက် လိုင်းတွေကလည်း speed နည်းနေပါတယ်။ ရတဲ့အင်တာနက်ကိုလည်း VPN ခံပြီးသုံးရတော့ မရှိ ရှိတဲ့ speed ကနေ ပိုကျသွားပါလိမ့်မယ်။ အဲ့အတွက် ဖုန်းထဲမှာ မလိုတဲ့ app တွေကို uninstall ထားတာ ဖြစ်ဖြစ် network access ပိတ်ထားတာဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။ ကျွန်တော့်ဖုန်းဆို app တွေများနေပေမယ့် data connection ကို messenger နဲ့ email ၂ ခုပဲ access ပေးထားပါတယ်။ Google play store အပါအဝင် တခြား မသုံးတဲ့ app တွေကို network access ပိတ်ထားလိုက်တာ အတော်လေး အဆင်ပြေပါတယ်။
ရှိတဲ့အင်တာနက်လေးကို messenger , FB, ig နဲ့တခြား social media app တွေက အကုန်ဝိုင်းဆွဲနေရင် ဘယ်ဟာမှ ကောင်းကောင်းအလုပ်မလုပ်တော့ပဲ ဖြစ်တတ်ပါတယ်။ မလိုတဲ့ app တွေ uninstall လိုက်ပြီး အရေးကြီးတဲ့ app တစ်ခုတည်းကိုပဲ install လုပ်ထားခြင်းက အင်တာနက်ကို ပုံမှန်ထက် အဆင်ပြေအောင် သုံးနိုင်ပါလိမ့်မယ်။
ပြီးရင် messenger ကို ပုံမှန် messenger ထက် messenger lite ကို သုံးစေချင်တယ်။ (Android only ပါ) သူက network usage နည်းသလို speed နှေးတဲ့ network တွေမှာပါ ချောချောမွေ့မွေ့ အလုပ်လုပ်ပါတယ်။ messenger ရဲ့ အဓိက အလုပ်ဖြစ်တဲ့ စာပို့တာ ဖုန်းခေါ်တာ တွေ ပဲ လုပ်လို့ရပါတယ်။ my day သုံးလို့မရပါဘူး။ reply မရပါဘူး။ 
VPN သုံးတဲ့အခါမှာလည်း whitelist လုပ်ပြီး သုံးသင့်ပါတယ်။ VPN က FB နဲ့ messenger အတွက် သုံးရတာပါ။ အဲ့တော့ ကိုယ်သုံးတဲ့ VPN app မှာ FB နဲ့ messenger ၂ ခုကိုပဲ VPN ပေးဖြတ်တာ က လိုင်းပိုကောင်းသွားပါလိမ့်မယ်။ မဟုတ်ရင် ရှိသမျှ app အကုန် VPN ဖြတ်ရင် ဘာမှ သုံးစားမရအောင် နှေးသွားပါလိမ့်မယ်။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ